ပိုးထည်ဆိုင်ကို နေရာပြောင်းဖွင့်လိုက်တဲ့ မိုးဟေကို

ရန်ကုန်မြို့ ရှင်စောပုလမ်း၌ ဖွင့်လှစ်ထားသည့် သရုပ်ဆောင်မိုးဟေကို၏ Moe Fabric House ပိုးထည်ဆိုင်ကို ပြည်သာယာလမ်းနှင့် ဆေးရုံလမ်း ထောင့် ခြံအမှတ် (၁၀)သို့ နေရာပြောင်းကာ ပြန်လည်ဖွင့်လှစ်ခြင်း အခမ်းအနားကို စက်တင်ဘာ ၈ရက် နံနက်က အဆိုပါဆိုင်သစ် တည်ရှိရာနေရာတွင် ကျင်းပခဲ့ သည်။

‘‘အရင်ဆိုင်နဲ့ ဘာကွာသွား လဲဆိုတော့ ဆိုင်နေရာကို တိုးချဲ့ ဖွင့်လှစ်လိုက်တယ်။ ဇာမျိုးစုံ၊ ချိတ်မျိုးစုံရတယ်။ ပြီးတော့ အရင်ဆိုင်မှာက အစတွေချည်းသီးသန့် ရောင်းတယ်။ ဒီမှာက အချုပ် သမားပါ ထပ်ထည့်ထားတယ်။ ဒီဇိုင်နာပါရှိတယ်ပေါ့။ အပ်ထည် တွေပါလက်ခံပါတယ်။ အစဝယ် ပြီး တစ်ခါတည်း အထည်အပ် သွားလို့ရအောင်လည်း စီစဉ်ပေး ထားပါတယ်။ အဓိကက အစ်မ သူငယ်ချင်းနဲ့ပေါင်းပြီး လုပ်လိုက် တာပေါ့။ ဈေးလည်း မှန်ကန်စေရ မယ်။ ၅,၀၀၀ တန်ကအစရှိပါ တယ်။ လာခဲ့ကြပါလို့ ဖိတ်ခေါ်ပါ တယ်’’ဟု မိုးဟေကိုက ပြော သည်။ အဆိုပါပွဲတွင် ဖိတ်ကြား ထားသည့် ဧည့်သည်များ၊ အနု ပညာရှင်များ  စုံလင်စွာ  တက် ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ခဲ့သည်။

သရုပ်ဆောင်မိုးဟေကို သည် စက်တင်ဘာ ၁၅ ရက်တွင် မိုးထုတ်လုပ်ရေးကစီစဉ်ပြီး ဒါရိုက်တာ စတီးလ်ရိုက်ကူးမည့် ရုပ်ရှင် ဇာတ်ကား၌ ပါဝင်ရိုက်ကူးရန်ရှိ သည်။

အဆိုပါဇာတ်ကားသည် မိုး ထုတ်လုပ်ရေးက ရိုက်ကူးမည့် ကိုးကားမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်သည်။