စိုင်းစိုင်းခမ်းလှိုင်နဲ့ တွဲရိုက်ဦးမယ့် မြန်မာပြည်သိန်းတန်

 ‘အန်ကယ်က နိုး’အမည် ဖြင့် ရုပ်ရှင်ဇာတ်ကားကို စိုင်းစိုင်း ခမ်းလှိုင်နှင့် တွဲဖက်ရိုက်ကူးရန် အစီအစဉ်ရှိကြောင်း မြန်မာပြည် သိန်းတန်၏ဇနီး ဒေါက်တာနုနန္ဒာ သန်းက ပြောသည်။

‘‘ဒီလထဲမှာ စရိုက်ဖြစ်မှာပါ။ သူ့ (မြန်မာပြည်သိန်းတန်) သမီး ကို စိုင်းစိုင်းခမ်းလှိုင်က လာ တောင်းတာ။ အန်ကယ်ကနိုးပေါ့။ အဲဒီလိုမျိုးလေးဖြစ်မယ်’’ဟု ယင်း ဇာတ်ကားနှင့်ပတ်သက်၍ ၎င်းကပြောသည်။ ယင်းဇာတ်ကားအပြင် အခြားရုပ်ရှင်တစ်ကားလည်း ရိုက်ကူးရန် လက်ခံထားပြီး ထုတ်လုပ် ရေးများက ၎င်းတို့ဇနီးမောင်နှံနှစ် ဦးစလုံးကို အတူငှားရမ်းခြင်း ကြောင့် ပါဝင်သရုပ်ဆောင်ရန် အစီအစဉ်ရှိကြောင်း ဒေါက်တာ နုနန္ဒာသန်းက ပြောသည်။

လက်ရှိတွင် ‘ဖက်ရှင်’နှင့် ‘အဆိုတော်တွေနေတဲ့ရွာ’ ရုပ်ရှင် နှစ်ကား ရိုက်ကူးထားပြီး ‘ဖက် ရှင်’ ရုပ်ရှင်ဇာတ်ကားကို စက် တင်ဘာ ၈ ရက်ကစ၍ ရုံတင်ပြသမည်ဖြစ်သည်။

‘ဖက်ရှင်’ရုပ်ရှင်ဇာတ်ကား တွင် မြန်မာပြည်သိန်းတန်တို့ ဇနီး မောင်နှံက ဇေရဲထက်၏ မိဘနေ ရာ ပါဝင်သရုပ်ဆောင်ထားပြီး မြန်မာပြည်သိန်းတန်က ဂီတကို ဝါသနာပါသည့် စီးပွားရေးလုပ် ငန်းရှင်အဖြစ် သရုပ်ဆောင်ထား ကာ ဒေါက်တာနုနန္ဒာသန်းက ဖက်ရှင်ဒီဇိုင်နာအဖြစ် သရုပ် ဆောင်ထားသည်။

‘‘တချို့ဟာတွေက မစီစဉ် ထားရတော့ နောက်တစ်ခါဆို ဒီ ထက်ပိုကောင်းအောင် လုပ်မယ် လို့ ဖြစ်မိပါတယ်။ နည်းနည်းလေး လိုတယ်လို့ ထင်တယ်။ တစ်ကား ထက်တစ်ကား ပိုပြီးအဆင်ပြေ သွားမှာပေါ့။ ဒါက ပထမဆုံးကား ဆိုတော့’’ဟု ‘ဖက်ရှင်’ဇာတ်ကား အထူးပွဲပြသသည့်နေ့တွင် ယင်း ဇာတ်ကား၌ မြန်မာပြည်သိန်းတန် ဝတ်ဆင်သည့် ဖက်ရှင်များနှင့် ပတ်သက်၍ ဒေါက်တာနုနန္ဒာ သန်းက ပြောသည်။

ယင်းဇာတ်ကားသည် ၎င်း အတွက် ပထမဆုံးဇာတ်ကားဖြစ် သော်လည်း အခြားသရုပ်ဆောင် များနှင့်အတူ သရုပ်ဆောင်နိုင်ခဲ့ သောကြောင့် ကျေနပ်မိသည်ဟု ဆိုသည်။

‘‘သရုပ်ဆောင်မှုပိုင်းကို ရုံ မှာပြန်ကြည့်တော့ အားလုံးနဲ့ တစ် ပြေးညီဖြစ်အောင် တော်တော် ကြိုးစားရဦးမှာပါ’’ဟု မြန်မာပြည် သိန်းတန်က ပထမဆုံးဇာတ်ကား နှင့်ပတ်သက်၍ ပြောကြားသည်။

Top News