လူကြီးလူကောင်းဆန်ဖို့ လိုပါသည်

(၁)

လူကြီးလူကောင်းဆန်ခြင်း ကို သိုးဆောင်းဘာသာမှာတော့ အမျိုးသားများအတွက် (Gentle -menhood) နဲ့ အမျိုးသမီးများ အတွက် (Ladyhood) ဆိုပြီး ခွဲ ခြားပြောတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ မြန်မာဘာသာ စကားမှာတော့ လူကြီးလူကောင်း ဆန်တယ်ဆိုတာကို အမျိုးသား ရော အမျိုးသမီးများအတွက်ပါ သုံးစွဲလေ့ရှိပါတယ်။ ဘာပဲဖြစ် ဖြစ် လူကြီးလူကောင်းဆန်တယ် ဆိုတာ အများကလေးစားရတဲ့ လူတစ်ယောက်ရဲ့ အပြုအမူ၊ အ ပြောအဆို၊ အနေအထိုင်တွေရှိ နေခြင်းကို ဆိုလိုတာလို့ လွယ် လွယ်သိမြင်နိုင်ပါတယ်။ ဒီရက် ပိုင်းထဲ သတင်းတွေကို သတင်း စာတွေမှာ၊ အင်တာနက်မှာ ဖတ် မိရင်း လူကြီးလူကောင်းဆန်ခြင်း၊ မဆန်ခြင်း အကြောင်းတွေကို တွေးတောမိတာကြောင့် စာဖတ် သူများဆီ မျှဝေလိုက်ပါတယ်။

(၂)

ပထမဆုံးအတွေးပွားစေမိ တာကတော့ ငြိမ်းချမ်းရေးနိုဗယ် ဆုရှင်နှစ်ဦးရဲ့ ပြောစကားတွေအ ပေါ်က ထုတ်နုတ်တွေးတောမိ တဲ့ လူကြီးလူကောင်း ဆန်မှုအ ကြောင်းပါပဲ။ အားလုံးသိပြီးတဲ့ အတိုင်း ရခိုင်ပြည်နယ်မှာ ဖြစ် ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ် သက်ပြီး တူရကီနိုင်ငံရဲ့ ဒုတိယ ၀န်ကြီးချုပ်က ဓာတ်ပုံအတုတွေ သုံးပြီး လူမှုကွန်ရက်စာမျက်နှာ  Twitter ပေါ်ကနေတစ်ဆင့် မြန်မာအစိုးရက လူမျိုးတုံးသတ်ဖြတ် မှုတွေ ကျူးလွန်နေသယောင် ၀ါဒ ဖြန့်ခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ် သက်ပြီး တူရကီသမ္မတနဲ့မြန်မာ နိုင်ငံက နိုဗယ်ငြိမ်းချမ်းရေးဆုရှင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တယ် လီဖုန်းကဆွေးနွေးမှုကို ဖတ် ကြည့်ရင်း လူကြီးလူကောင်းဆန် မှု(Ladyhood) ဆိုတာဘာလဲ သိ မြင်ခံစားနိုင်ပါလိမ့်မယ်။ အတိုင် ပင်ခံပုဂ္ဂိုလ်အနေနဲ့ တူရကီဒုတိ ယ၀န်ကြီးချုပ်အပေါ် ဝေဖန်ပြစ် တင်တာမျိုး၊ ဒေါသတကြီးပြော ဆိုတာမျိုး လုပ်လို့ရပေမယ့် လုံးဝ မလုပ်ခဲ့ပါဘူး။ အဲဒီအစား ဒုတိယ ၀န်ကြီးချုပ်တစ်ယောက်တောင် အဲဒီလို အမှားမျိုးပြုလုပ်မိတယ်ဆို ရင် အခုပျံ့နှံ့နေတဲ့ သတင်းတွေ ဘယ်လောက်တောင် ပျံ့နှံ့နေမ လဲ ဆင်ခြင်ကြဖို့လိုတယ်ဆိုတဲ့ သတင်းစကားကို ပေးခဲ့ပါတယ်။ ဒါ့အပြင် အဲဒီမမှန်ကန်တဲ့ သတင်း တွေကြောင့် ပဋိပက္ခတွေကို ပိုမို ဆိုးရွားလာစေတဲ့အကြောင်းကို လည်း လူကြီးလူကောင်းဆန်ဆန် သုံးသပ်ပြသွားတာကို တွေ့ရမှာဖြစ်ပါတယ်။ ‘‘That kind of fake information which wasinflicted on the Deputy PrimeMinister was simply the tip of a huge iceberg of misin-formation calculated to createa lot of problems betweendifferent communities and withthe aim of promoting theinterestof the terrorists.’’ (တူရကီဒုတိယ၀န်ကြီးချုပ် ကြုံတွေ့ခဲ့ရသည့် အဖြစ်သည်သတင်းအမှားများထုနှင့် ထည်နှင့် ပျံ့နှံ့နေခြင်းအတွက် ကြီးမားသော ပြဿနာ၏ မြင်သာသော အစိတ်အပိုင်း တစ်ခုသာဖြစ်ကြောင်း၊ ထိုကဲ့သို့ သတင်းဓာတ်ပုံအမှားများကို မတူညီသောအသိုင်းအ၀ိုင်းများအကြား ပြဿနာအများအပြား ဖြစ်ပွားစေရန်နှင့် အကြမ်းဖက်သမားများ အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ချက်ဖြင့် ဖန်တီးနေကြသည်ကို မှန်းဆကြည့်နိုင် ကြောင်း) ပြောကြားခဲ့တာကို သတင်း ထုတ်ပြန်ချက်မှာ အားလုံးဖတ်ရှု မှတ်သားခဲ့ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ လူကြီးလူ ကောင်းဆန်တဲ့သူတစ်ယောက် ရဲ့ အရည်အချင်းတွေဟာ ဘာတွေပါလို့ သတ်သတ်မှတ်မှတ် စာရင်းပြုစုမထားပေမယ့် သူတစ် ပါးကို အပြစ်ပုံ မချတတ်ခြင်း၊ စကားပြောယဉ်ကျေးချိုသာသပ် ရပ်ခြင်း၊ ပြောတဲ့စကားမှာ ဒေါသနဲ့ အဂတိတရားကင်းခြင်း၊ ပြဿနာကိုပိုမိုကြီးထွားစေခြင်းထက် ရလဒ်အဖြေကို ရှေးရှုခြင်းစတဲ့ လူကြီးလူကောင်းဆန်တယ်လို့ အများလက်ခံနိုင်တဲ့ အချက်အ လက်တွေကို ဒီပြောစကားလေး တစ်ခွန်း၊ နှစ်ခွန်းကနေ ထုတ် ယူဆင်ခြင်နိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

နောက်ထပ် သတိထားမိ တာကတော့ ရခိုင်အရေးနဲ့ပတ် သက်ပြီးတော့ပဲ အသက်အငယ် ဆုံး နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဖြစ်တဲ့ မာလာလာ(Malala Yousa -fzai) ရဲ့ ထုတ်ပြန်ပြောဆိုချက် ဖြစ်ပါတယ်။ သူ့ရဲ့သဘောထား ထုတ်ပြန်ချက်ကို Twitter ကနေ ဖော်ပြခဲ့တယ်လို့ သိခါစက ဒီ ထုတ်ပြန်ချက်ဟာ အတုဖြစ်နိုင် တယ်လို့ ယူဆမိခဲ့ပေမယ့် နောက် ပိုင်းနိုင်ငံတကာ သတင်းမီဒီယာ ကြီးတွေမှာပါ ဖော်ပြခဲ့တာတွေ့ရ တော့ ဒါဟာအမှန်ပဲ မာလာလာ က ပြောခဲ့တာဆိုတာ သေချာ သွားပါတယ်။ ‘‘Over the Last several years, I have repeatedly condemned this tragic and shameful treatment. I am still waiting for my fellow Nobel Laureate Aung San Suu Kyi to do the same’’ (ပြီးခဲ့တဲ့နှစ်အတော်များ များအတွင်းမှာ ကျွန်မအနေနဲ့ ဒီလိုဆိုးရွားရက်စက်ပြီး ရှက် ဖွယ်လိလိဖြစ်တဲ့ ဆောင်ရွက်ချက် တွေကို ကြိမ်ဖန်များစွာရှုတ်ချခဲ့ ပါတယ်။ ကျွန်မရဲ့မိတ်ဆွေ နို ဗယ်ဆုရှင် အောင်ဆန်းစုကြည် အနေနဲ့လည်း အဲဒီလိုမျိုး ရှုတ်ချ ဖို့ ကျွန်မအနေနဲ့ စောင့်ဆိုင်းနေ တုန်းပါပဲ) လို့ သူမရဲ့ ကြေညာ ချက်မှာပါရှိပါတယ်။ ဒီနေရာမှာ မာလာလာဟာ ဘာလူမျိုးလဲ၊ ဘယ်လိုပညာအရည်အချင်းတွေ ရှိလဲ၊ ဘယ်နိုင်ငံသားလဲ၊ အခု ဘာလုပ်နေသလဲဆိုတာတွေကို ခဏမေ့ထားပြီး သူ့ရဲ့ ပြောစကား ဟာ အထက်မှာပြောခဲ့တဲ့ လူကြီး လူကောင်းဆန်မှု(Ladyhood) ဘယ်လောက်ရှိသလဲဆိုတာကို စာဖတ်သူများကိုယ်တိုင် စိစစ် ဝေဖန်ကြဖို့ ဖြစ်ပါတယ်။ ဒီနေရာ မှာ စကားတစ်ခွန်းချင်းစီအပေါ် လူကြီးလူကောင်းဆန်မှု ပေတံနဲ့ တိုင်းကြည့်ဖို့သာ တိုက်တွန်းလို တာဖြစ်ပြီး အခုမှ အောက်စ်ဖို့ဒ် တက္ကသိုလ်ဝင်ခွင့် ပူပူနွေးနွေးရ ထားတဲ့ အသက်(၂၀)နှစ်အရွယ် ကလေးမလေးနဲ့ အတွေ့အကြုံ ရင့်ကျက်ပြီး အောက်စ်ဖို့ဒ်တက္က သိုလ်က မဟာဘွဲ့ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရ ယူနိုင်ခဲ့ပြီး လက်ရှိနိုင်ငံ့ ခေါင်း ဆောင်တစ်ဦးဖြစ်တဲ့ အမေအိုနဲ့ နှိုင်းယှဉ်ခိုင်းနေတာမဟုတ်ဘူးဆို တာကို စာရှုသူက သတိချပ်စေ လိုပါတယ်။

(၃)

လူကြီးလူကောင်းဆန်တယ် ဆိုတာ ပြောဆိုတဲ့ စကားရဲ့ အ ဓိပ္ပာယ်ပေါ်မှာတင် မူတည်တာ မဟုတ်ပါဘူး။ စကားကိုဘယ်လို လေသံနဲ့ပြောသလဲ၊ ဘယ်လိုဟန် ပန်အမူအရာနဲ့ပြောသလဲဆိုတာ တွေ အပေါ်မှာလည်း မူတည်ပါ သေးတယ်။ ဒီရက်ပိုင်းထဲမှာ တူရ ကီရုပ်သံလိုင်းတစ်ခုက ပြုလုပ်တဲ့ စကားစစ်ထိုးပွဲတစ်ခုကိုလည်း အင်တာနက်ကနေ ကြည့်ရပါ တယ်။

  မြန်မာပြည်မှာ လူမျိုးတုံး သတ်ဖြတ်မှုတွေရှိ၊မရှိ  စကား စစ်ထိုးကြတာ ဖြစ်ပါတယ်။ ပြော တဲ့အကြောင်းအရာတွေကို ခဏ မေ့ထားပြီး ဆွေးနွေးကြသူတွေရဲ့ ပြောပုံဆိုပုံ၊ စကားလုံးအသုံးအ နှုန်း၊ လေယူလေသိမ်းတွေကို လေ့လာကြည့်ရင်း လူကြီးလူကောင်း(Gentleman) တစ်ယောက်ဆိုတာ ဘယ်လိုမျိုးလဲ အတွေးပွားမိပါတယ်။ အချေအတင် ငြင်းခုံကြရတဲ့ စကားစစ်ထိုးပွဲမှာ တစ်ဖက်နဲ့တစ်ဖက် အနိုင်ပြောနိုင်ဖို့ ကြိုးစားကြမှာ မှန်သော်လည်း ဒေါသနဲ့ အဂတိကင်းမှသာ လူကြီးလူကောင်းဆန်တဲ့ စကားစစ်ထိုးသူ ဖြစ်နိုင်ပါလိမ့်မယ်။ တစ်ချိန်တည်းမှာ တစ်ဖက်က ဒေါသနဲ့ပြောနေပေမယ့်၊ ထိုးနှက်တိုက်ခိုက်နေပေမယ့် တစ်ချိန်တည်းမှာ ကြားလူဖြစ်တဲ့ ဒိုင် (Moderator) က တစ်ဖက်စောင်းနင်းတစ်ဖက်လူကို မျက်နှာသာပေးပြီး မိမိကိုဝိုင်းပြီး ထိုးနှက်ပေး နေပေမယ့် ဒေါသပြန်မထွက်ဘဲ ပြုံးပြုံးလေးရင်ဆိုင်နိုင်တာဟာလည်း လူကြီးလူကောင်းအင်္ဂါရပ်ပဲ ဖြစ်တယ်လို့ ထုတ်ယူဆင်ခြင်မိပါတယ်။

(၄)

နောက်ထပ် သတိပြုမိတဲ့ အချက်တစ်ချက် ရှိသေးတယ်။ လတ်တလောမှာပဲ ရခိုင်ပြည်နယ် မှာ သတင်းသွားရောက်ယူနေတဲ့ နိုင်ငံတကာသတင်းဌာနတစ်ခုက နိုင်ငံခြားသား သတင်းထောက် တစ်ဦးအကြောင်းပါ။ သူကသူ့ရဲ့ သတင်းဌာနကို သတင်းပေးပို့တာကို ပြန်ပြီးနားထောင်ရတာပါ။  ရခိုင်ပြည်နယ်အတွင်းမှာ တွေ့ သမျှ လူတွေအားလုံးက ရွာ မီးရှို့တာ၊ လူသတ်တာတွေဟာ မြန်မာအစိုးရက လုပ်တာမဟုတ် ပါဘူးလို့ ပြောဆိုကြတာကို သူ ကိုယ်တိုင်ဝန်ခံပါလျက် အစိုးရက ပဲ သတင်းတွေကိုထိမ်ချန်ထား သယောင်၊ တကယ့်သတင်းမှန် ပေးနိုင်သူတွေကို ကွယ်ဝှက်ထား သယောင် ပြောဆိုတာကို တွေ့ရ တော့ အဲဒီလူ ဘယ်လောက်လူ ကြီးလူကောင်းဆန်သလဲ အတွေး ပွားမိပါတယ်။ သေချာတာက တော့ ‘ကျားကျား မီးယပ်’ ဆိုတဲ့ သူတွေဟာ ဘယ်လိုမှ လူကြီးလူ ကောင်းမဖြစ်နိုင်ပါဘူး။ ဒီနေရာ မှာ ရိုးဖြောင့်မှု၊ အမှန်တရားမြတ် နိုးမှု၊ မိမိအသိအမြင်လွဲမှားနေ တယ်ဆိုတာကို သိတဲ့အချိန်မှာ အမှန်ကို ပြောင်းလဲလက်ခံနိုင်မှု ဆိုတာတွေဟာ လူကြီးလူကောင်း တွေရဲ့ အင်္ဂါရပ်တွေပဲ ဖြစ်လိမ့် မယ်လို့ အတွေးပွားမိပါတယ်။

(၅)

ကျွန်တော့်ရဲ့ဆောင်းပါးကို နိဂုံးချုပ်ပါရစေ။ အထက်မှာပြော ခဲ့တဲ့ လူကြီးလူကောင်းဆန်မှုရဲ့ အရည်အသွေးတွေကို အားလုံး စိစစ်ဝေဖန်ပြီးတဲ့အခါ ကျွန်တော် တို့နေ့စဉ်ဖြတ်သန်းနေရတဲ့ လူမှု ၀န်းကျင်မှာ မိမိတို့ကိုယ်တိုင် လူ ကြီးလူကောင်းဆန်နိုင်ဖို့ ကြိုးစား ကြရမှာ ဖြစ်ပါတယ်။ စာရေးသူ အပါအ၀င် မြန်မာနိုင်ငံသားအား လုံးဟာ လတ်တလောရင်ဆိုင်နေ ရတဲ့ အကြမ်းဖက်မှုရဲ့ အန္တရာယ် တွေရှိနေသလို ကာလကြာရှည် ဖိစီးနှိပ်စက်နေတဲ့ နိုင်ငံရေးစနစ် ဆိုးရဲ့ အန္တရာယ်ကလည်း မေ့ ထားလို့မရတဲ့ အခြေအနေဖြစ်ပါ တယ်။ ဒါကြောင့် ဒီအန္တရာယ်တွေ ကို ရင်ဆိုင်ကျော်လွှားရာမှာ လူ ကြီးလူကောင်းဆန်ဖို့ အထူးလို အပ်မှာဖြစ်ပါတယ်။ အထူးသဖြင့် သတင်းအချက်အလက်နဲ့ နည်း ပညာခေတ်မှာ လူတိုင်းဟာ မိမိ တို့ရဲ့ အတွေးအမြင်၊ ခံယူချက်၊ သဘောထားမှတ်ချက်တွေကို လူ မှုကွန်ရက်စာမျက်နှာကနေ တစ် ဆင့် ဖော်ပြခွင့်ရရှိနေကြတာမို့ အဲဒီလို ဖော်ပြတဲ့အခါ လူကြီးလူ ကောင်းဆန်တဲ့ အပြုအမူ၊ အ ပြောအဆိုတွေနဲ့ တင်ပြနိုင်ကြဖို့ အထူးလိုအပ်ပါတယ်။

ကျွန်တော်တို့မျိုးဆက်ကို လက်မမျိုးဆက်(Thumb Gen -eration) လို့ခေါ်ပါတယ်။ လက် မတစ်ချောင်းကို ဖုန်းပေါ်မှာ ပွတ် ပြီးအသုံးချရုံနဲ့ စိတ်ရဲ့စေစားရာ ကို ဆောင်ရွက်နိုင်ကြလို့ လက်မ မျိုးဆက်လို့ ခေါ်တာများလားလို့ ထင်မိပါတယ်။ သေချာတာက တော့ လက်မမျိုးဆက်တွေဟာ လက်နက်မလိုဘဲ လူသတ်နိုင်ကြ ပါတယ်။ မိမိရဲ့ လူကြီးလူကောင်း မဆန်တဲ့ လူမှုကွန်ရက်ပေါ်က စကားတစ်ခွန်းဟာ လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းတွေ ပေါ်ပေါက်လာစေနိုင်သလို လူ ကြီးလူကောင်း ဆန်တဲ့ စကားတစ် ခွန်းကြောင့်လည်း ငြိမ်းချမ်းတဲ့ကမ္ဘာကြီးကို တည်ဆောက်နိုင် ပါလိမ့်မယ်။ လူကြီးလူကောင်း ဆန်ကြပါစို့ ခင်ဗျာ ။    ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)