ဒရိုင်ဘာအိပ်ငိုက်၍ ကုန်တင်ယာဉ် တိမ်းမှောက်

တိမ်းမှောက်နေသည့် ကုန်တင်ယာဉ်ကို ရဲတပ်ဖွဲ့မှ စစ်ဆေးနေစဉ် (ဓာတ်ပုံ − အမြန်လမ်းရဲတပ်ဖွဲ့)

ရန်ကုန်-မန္တလေးအမြန် လမ်းတွင် ယာဉ်မောင်းအိပ်ငိုက် ၍ ကုန်တင်ယာဉ်တစ်စီး တိမ်း မှောက်ရာ အမျိုးသားနှစ်ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့သည်။

စက်တင်ဘာ ၉ ရက် နံနက် ၆ နာရီကျော်က နေပြည်တော်မှ မန္တလေးသို့ ထွက်ခွာလာစဉ် မိုင် တိုင် ၂၇၉ ၌ တိမ်းမှောက်ခြင်း ဖြစ်ကြောင်း သီးကုန်းအမြန်လမ်း ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ် ဦးက ပြောသည်။

‘‘လမ်းဘေးမှာတစ်စောင်းလဲသွားတာပါ။ ယာဉ်မောင်းကတော့ ခြေထာက်ကျိုးသွားတဲ့အတွက် ဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသနေပါတယ်’’ ဟု ၎င်းက ပြောသည်။

တိမ်းမှောက်ခဲ့သည့် ကုန် တင်ယာဉ်ပေါ်တွင် ယာဉ်မောင်း အပါအဝင် အမျိုးသားသုံးဦးလိုက် ပါလာပြီး အမျိုးသားတစ်ဦး ထိ ခိုက်ဒဏ်ရာအနည်းငယ် ရရှိခဲ့ ကြောင်း သီးကုန်းအမြန်လမ်း ရဲ စခန်းမှ တာဝန်ကျရဲအရာရှိကပြောသည်။ ဒဏ်ရာရရှိသူများအား မိတ္ထီလာဆေးရုံတွင် တင်ပို့ထားပြီး ယာဉ်မောင်းကို သီးကုန်းအမြန်လမ်းရဲစခန်းက အမှုဖွင့်အရေးယူထားသည်။