ယာဉ်တိုက်မှုကြောင့် သေဆုံးသူဟုယူဆထားသူ အသတ်ခံရခြင်းဖြစ်

လှိုင်သာယာရှိ လမ်း ဘေးအမှိုက်ပုံတွင် အမျိုးသား တစ်ဦး ဒဏ်ရာများဖြင့် သေဆုံး နေခြင်းကို ယာဉ်တိုက်မှုဖြင့် အမှုဖွင့်ထားရာမှ လူသတ်မှုပုဒ်မဖြင့်ပြောင်းလဲအမှုဖွင့်ခဲ့သည်။

သေဆုံးသူ ဇော်မျိုးဦးသည် အောင်ထွန်းကျော်၊ လင်းလင်းတို့ နှင့်အတူ (၁၅)ရပ်ကွက်ဈေးအနီးရှိ အရက်ဆိုင်တွင် အရက်အတူ သောက်ပြီး အိမ်ပြန်လိုက်ပို့ခိုင်း ရာမှ ပြဿနာစတင်ဖြစ်ပွားခဲ့ ကြောင်း လှိုင်သာယာမြို့နယ် ရဲ တပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြော သည်။

ထို့နောက် အောင်ထွန်း ကျော်နှင့် လင်းလင်းတို့သည် သုံး ဘီးဆိုင်ကယ်ဖြင့် ဇော်မျိုးဦးကို လိုက်ပို့ခဲ့ပြီး ဆိုင်ကယ်ခမပေး သည့်ကိစ္စဖြင့်   စကားများခဲ့ ကြောင်း ရဲအရာရှိက ပြောသည်။

ထိုသို့ စကားများနေစဉ် လင်းလင်းက ဆိုင်ကယ်ကျောမှီ သံကိုင်းကို ဆွဲချွတ်၍ ဇော်မျိုးဦး ၏ ဦးခေါင်းကို နှစ်ချက်ရိုက်လိုက် ရာ လဲကျသွားစဉ် လင်းလင်းနှင့် အောင်ထွန်းကျော်တို့က ဝိုင်းဝန်းထိုးကြိတ်ကာ ခြေထောက်ဖြင့် ကန်သောကြောင့် သေဆုံးခဲ့ ကြောင်း ၎င်းက ဆက်လက်ပြောသည်။

လှိုင်သာယာမြို့နယ် ၁၅ ရပ် ကွက်ရှိ လမ်းဘေးအမှိုက်ပုံတစ်ခု တွင် ဩဂုတ် ၃၁ ရက်က အသက် (၃၀)ဝန်းကျင်အရွယ် အမျိုးသား တစ်ဦး ဒဏ်ရာများဖြင့် သေဆုံး နေသည်ကို တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့ က ယာဉ်တိုက်မှုကြောင့် သေဆုံး သည်ဟု ယူဆကာ အမှုဖွင့်စုံစမ်း ခဲ့သည်။ ထို့နောက် သေဆုံးသူသည် ရွှေလင်ဗန်းစက်မှုဇုန်အတွင်းနေထိုင်သည့် ဇော်မျိုးဦးဖြစ်ကြောင်း စက်တင်ဘာ၎ ရက်က သိရှိခဲ့ပြီးထပ်မံစုံစမ်းရာမှ လူသတ်ကြောင်း ပေါ်ပေါက်ခဲ့သည်။ 

လင်းလင်းနှင့် အောင်ထွန်းကျော်ကို လှိုင်သာယာမြို့မရဲစခန်း က ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ဖြင့် အမှုဖွင့်ကာ ဆက်လက်စစ် ဆေးနေသည်။

Top News