မောင်တောမှ ဘူးသီးတောင်သို့ တိမ်းရှောင်လာသည့် လူတစ်ရာခန့်ပါသော ကားတစ်စီး တိမ်းမှောက်၍ ၄၀ ခန့် ဒဏ်ရာရ

အကြမ်းဖက်တိုက်ခိုက် မှုများမှ ရှောင်ရှားနိုင်ရန် မောင် တောမှ ဘူးသီးတောင်သို့ တိမ်း ရှောင်လာသည့် လူဦးရေ တစ်ရာ ခန့်လိုက်ပါလာသော ကားတစ်စီး တိမ်းမှောက်ကာ ၄၀ ဦးခန့် ဒဏ် ရာရခဲ့ကြောင်း ဘူးသီးတောင်မြို့ နယ် ဆေးရုံအုပ်ကြီးက ပြော သည်။

မောင်တောမြို့နယ် ကြိမ် ချောင်းရွာမှ ဟိန္ဒူဘာသာဝင် ၉၀ ကျော်လိုက်ပါလာသော ကား တစ်စီးသည် မောင်တော-ဘူးသီး တောင် ကားလမ်းရှိ လိုဏ်ဂူကြီး အနီးတွင် စက်တင်ဘာ ၉ ရက် ညနေ ၄ နာရီခန့်က တိမ်းမှောက် ခဲ့သည်။

‘‘ကားပေါ်မှာ ၉၉ ဦးလိုက်ပါ လာတာ။ ကားက တောင်နံရံကို ၀င်တိုးမိပြီး လဲကျသွားတာ။ သာမန်ဒဏ်ရာရသူတွေအပါအ၀င် လူနာဦးရေ လေးဆယ်ဝန်းကျင်လောက် ဒဏ်ရာရသွားတယ်’’ဟု ဘူးသီးတောင်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထွန်းကျော် က ပြောသည်။

ကားသည် အမိုးမပါသော မြေသယ်ယာဉ်  Tipper အမျိုးအစားဖြစ်သောကြောင့် ဒဏ်ရာရသူများပြားခဲ့ကြောင်း ကူညီ ကယ်ဆယ်ရေးလုပ်ဆောင်နေ သော ဒေသခံလူမှုရေးအဖွဲ့များက ပြောသည်။ ဒဏ်ရာရသူအားလုံး အသက်အန္တရာယ်စိုးရိမ်စရာမရှိ ကြောင်း ဒေါက်တာသန်းထွန်း ကျော်က ပြောသည်။

စက်တင်ဘာ ၉ ရက် ညအ ခြေအနေအရ ဒဏ်ရာရသူများ ဆေးရုံတွင် ကုသနေဆဲဖြစ်ပြီး ကျန်လူ ၅၀ ကျော်ကို ကယ်ဆယ်ရေးစခန်းများသို့ တာဝန်ရှိသူများက ပို့ဆောင်ခဲ့သည်။

Top News