ဂီတလောကကနေ ယာယီအနားယူဖို့ စီစဉ်နေတဲ့ လေဒီဂါဂါ

အမေရိကန်အဆိုတော် လေဒီဂါဂါသည် ဂီတလော ကမှ ယာယီရပ်နားရန်ပြင်ဆင်နေကြောင်း ထုတ်ဖော်ပြောကြားသည်။

အသက် (၃၁) နှစ်အရွယ် လေဒီဂါဂါက အနားယူရန်အချိန်လိုအပ်ကြောင်း ပြောကြားသည်။

‘‘ကျွန်မ အနားယူတော့ပါမယ်။ ဒါက ကျွန်မသီချင်းတွေမမဖန်တီးတော့ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ပရိသတ်တွေကို ဖျော်ဖြေဖို့၊ ပျော်ရွှင်စေဖို့က ကျွန်မအတွက် အရေးကြီးဆုံးပါပဲ။ ဒါပေမဲ့ ဒီအလုပ်တွေကို ကျွန်မခဏတော့ ရပ်ထားချင်တယ်’’ ဟုလေဒီ ဂါဂါက ၎င်း၏မှတ်တမ်းရုပ်ရှင် ပွဲဦးထွက်ပြပွဲ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

လေဒီဂါဂါသည် လက်ရှိ ဖျော်ဖြေနေသော ဂီတခရီးစဉ်အပြီး ဒီဇင်ဘာတွင် အနားယူမည် ဖြစ်သည်။

—Ref:Contactmusic

More in Videos Section