ရန်ကုန်မြို့တွင် ကားရောင်းဝယ်ရေးဇုန် သီးခြားသတ်မှတ်ပေးရန် တောင်းဆို

 မော်တော်ကားရောင်း ၀ယ်ရေးဇုန်တစ်ခုအဖြစ် သီးခြား သတ်မှတ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ မော်တော် ယာဉ် ရောင်းဝယ်ရေးအသင်း (ရန်ကုန်) က တောင်းဆိုသည်။


စက်တင်ဘာ ၉ ရက်က ရန် ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သော မော်တော်ယာဉ် ရောင်းဝယ်ရေးအသင်း (ရန်ကုန်) ၏ ဗဟိုအလုပ်အမှုဆောင်နှင့်အမှု ဆောင်များ အစည်းအဝေးသို့ ယာဉ်ရောင်းဝယ်ရေးစခန်း ၂၁ ခု မှ ကိုယ်စားလှယ် ၁၀၀ ခန့်တက် ရောက်ပြီး အထက်ပါအတိုင်း တောင်းဆိုခြင်းဖြစ်သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ယင်းသို့သီးခြားမြေနေ ရာသတ်မှတ်၍ ဇုန်တစ်ခုထူ ထောင်ပေးခြင်းအပါအ၀င် မော် တော်ယာဉ်ညအိပ်ရပ်နားခွင့်ကို ခွင့်ပြုပေးခြင်းအားဖြင့် ရန်ကုန် တိုင်းဒေသကြီးအတွင်း ဖြစ်ပေါ် နေသော ယာဉ်ကြောကျပ်တည်းမှု ပြဿနာများလျော့နည်းလာမည် ဖြစ်ပြီး တစ်နိုင်တစ်ပိုင်ကားအ ရောင်းအ၀ယ်လုပ်ကိုင်နေသူများ အားလုံး အဆင်ပြေချောမွေ့စွာ လုပ်ကိုင်စားသောက်နိုင်မည်ဖြစ် ကြောင်း မော်တော်ယာဉ်ရောင်း ၀ယ်ရေးအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ပြောသည်။

‘‘အဲဒီယာဉ်ရောင်းဝယ်ရေး စခန်းသုံးခုမှာ နေ့စဉ်နှင့်အမျှ ယာဉ်တွေက ၂,၅၀၀ နီးပါးရှိပါတယ်။အဲဒါက မနက် ၆ နာရီဝင်ရပါတယ်။ ညနေကို ၆ နာရီထွက်ရပါတယ်။ အဲဒါဘာဖြစ်လဲဆိုတော့ဒီဝင်းဟာ ညမအိပ်ရဆိုတော့ ဒီကားအ၀င်အထွက်က နေ့စဉ်၂,၅၀၀ လောက်က လမ်းမပေါ်မှာသွားလာနေရပါတယ်။ အဓိကအ ချက်ကတော့ ဒီကားတွေဟာ ညအိပ်ခွင့်ရခြင်းဖြင့် နိုင်ငံတော်က လည်း အခွန်အကောက်တွေ ရရှိမှာဖြစ်ပါတယ်။ နောက်ယာဉ် ကြောကျပ်တည်းမှုကိုလည်း တစ်နည်းအားဖြင့် ဖြေလျှော့ပေးခြင်းကိုလည်းဖြစ်ပါတယ်’’ဟု ဦးအောင်သန်းဝင်းက ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း မော်တော်ကား ရောင်းဝယ်ခြင်း၊ ကားအလှဆင် ခြင်း၊ ကားဆက်စပ်ပစ္စည်းရောင်း ၀ယ်ခြင်း၊ ကားအဲကွန်း၊ ကား အောက်ပိုင်းအလိုင်းမင်းချိန်ခြင်းလုပ်ငန်းများပါဝင်သော ယာဉ် ရောင်းဝယ်ရေးစခန်း ၂၁ ခု ရှိပြီး လှိုင်၊ သီရိမင်္ဂလာဈေးနှင့် သံသုမာ မော်တော်ယာဉ် ရောင်းဝယ်ရေး စခန်းသုံးခုကိုသာ တိုင်းအစိုးရအဖွဲ့က တရားဝင်လုပ်ကိုင်ခွင့်ပြု ထားကြောင်း ၎င်းကဆက်လက် ပြောသည်။

ယင်းလုပ်ငန်းများတွင် လူဦးရေ ၃၅,၀၀၀ ကျော်လုပ်ကိုင်နေပြီး ယင်းတို့ကို မှီခိုနေရသော မိသားစုသည်တစ်သိန်းခွဲကျော်ရှိကြောင်း မော်တော်ယာဉ် ရောင်းဝယ်ရေးအသင်း (ရန်ကုန်)  ဘဏ္ဍာရေးမှူး ဦးသိန်းသန်းကပြောသည်။

အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအ ဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ၀န် ကြီးဦးဇော်အေးမောင်အပါအ၀င် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်များ တက်ရောက်ကြပြီး တင်ပြချက်များအ ပေါ် ပြန်လည်ဆွေးနွေးခဲ့သည်။

တက်ရောက်လာသော ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များက စာ  ဖြင့်အတိအကျ တင်ပြပေးရန်၊ မြေနေရာရရှိရေးအပါအ၀င် မော် တော်ယာဉ် ရောင်းဝယ်ရေးဇုန်တစ်ခုသီးခြားထူထောင်ပေးရန် ၀န်ကြီးချုပ်ထံတင်ပြမည်ဖြစ်ပြီး  လာမည့်လွှတ်တော်တွင် ယာဉ်ရောင်းဝယ်ရေးနှင့် ပတ်သက်သော ကိစ္စရပ်များကို အစိုးရအားမေးခွန်းများမေးမြန်းခြင်း အပါအ၀င် ဥပဒေတစ်ခု သက်သက်မှတ်မှတ် ထွက်ပေါ်လာရန် ကြိုးစားဆောင်ရွက်မည်ဟု ပြောကြားခဲ့ သည်။ 

More in News Section

Top News