လုံခြုံရေးအထူးသတိရှိရန် အခြေခံပညာကျောင်းများသို့ ညွှန်ကြားထား

စာသင်ယူနေသော အခြေခံပညာကျောင်းသားများ(ဓာတ်ပုံ−စိုင်းဇော်)

 စက်တင်ဘာ ၁၁ ရက် တွင် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့အပါအ၀င် မြို့ကြီးများ၌ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန် စီစဉ်နေသည်ဆိုသည့် သတင်းများကြောင့် လုံခြုံရေးအထူးသတိရှိရန် တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများက အခြေခံပညာကျောင်းများသို့ အဆင့်ဆင့် ညွှန်ကြားထားသည်။

အခြေခံပညာကျောင်းများမှ တာဝန်ရှိသူများအနေဖြင့် အ ကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှု နှင့် ပတ်သက်၍ မသင်္ကာဖွယ် ကိစ္စရပ်များဖြစ်ပေါ်ပါက တိုင်း ဒေသကြီးနှင့် ပြည်နယ်ပညာရေး မှူးရုံးများနှင့် သက်ဆိုင်ရာ လုံခြုံ ရေးတပ်ဖွဲ့များသို့ အသိပေးအ ကြောင်းကြားရန် ညွှန်ကြားထား သည်။


‘‘လုံခြုံရေးသတိထားဖို့တော့ မြို့နယ်ပညာရေးမှူးရုံးကတစ် ဆင့် ကျောင်းတွေကို သတိပေးဖို့ ညွှန်ကြားထားတယ်။ စာထုတ် တာတော့မရှိဘူး။ နှုတ်နဲ့ပဲ ညွှန် ကြားတာပေါ့။ အရင်ရက်တွေ ထက် လုံခြုံရေးတင်းကျပ်ဖို့တော့ သတိပေးထားတယ်’’ဟု ရန်ကုန် တိုင်းဒေသကြီး ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်ကိုကိုက ပြော သည်။

အခြေခံပညာကျောင်းများ တွင် လုံခြုံရေးအထူးသတိပြုရန် ညွှန်ကြားထားသော်လည်း ကျောင်းများသို့ လုံခြုံရေးတပ်ဖွဲ့ ၀င်များ ချထားကာ ဆောင်ရွက် စေခြင်းမျိုးမဟုတ်ဘဲ ယခင်လုံခြုံ ရေး စောင့်နေကျ ကျောင်းစောင့် များနှင့် ဆရာ၊ ဆရာမများကိုသာ ယခင်ထက် ပိုမိုသတိရှိကာ လုံခြုံ ရေးဆောင်ရွက်ရန် ညွှန်ကြားခြင်း ဖြစ်သည်ဟု အထက (၁) ပုဇွန် တောင်ကျောင်းအုပ်ကြီး ဒေါ်သင်း သင်းနွယ်က ပြောသည်။

‘‘ခုနကပဲ (စက်တင်ဘာ ၁၀ ရက် နေ့လယ်) ကျောင်းမှာ အ စည်းအဝေးလုပ်ပါတယ်။ မြို့နယ် ပညာရေးမှူးရုံးက လုံခြုံရေးဂရု စိုက်ဖို့ ကျောင်းကို လှမ်းပြော တယ်။ ဂိတ်ဂျူတီစောင့်တဲ့နေရာ မှာ ပိုသတိထားဖို့ပြောတယ်။ ကျောင်းစောင့်နဲ့ ဆရာ၊ ဆရာမ တွေပဲပေါ့။ ရဲတပ်ဖွဲ့ဘာညာခေါ် တာတော့ မရှိပါဘူး’’ဟု အလက (၂) မိတ္တီလာမှ အလယ်တန်းပြ ဆရာမတစ်ဦးက ပြောသည်။

တယ်လီဖုန်းမက်ဆေ့ခ်ျများ၊ ဖေ့စ်ဘွတ်ခ်နှင့် မက်ဆင်ဂျာများမှ တစ်ဆင့် စက်တင်ဘာ ၁၁ ရက် တွင် အကြမ်းဖက် တိုက်ခိုက်မှု များပြုလုပ်ရန် စီစဉ်နေသည်ဆို သည့် သတင်းများကြောင့် ကျောင်းသားမိဘများအနေဖြင့် ကလေးများကို ကျောင်းလွှတ်ရန် စိုးရိမ်ပူပန်မှုများရှိနေသည်။

‘‘စက်တင်ဘာ ၁၁ ရက်မှာ ဘာလုပ်မယ်၊ ညာလုပ်မယ်ကြား နေတာ့ ကလေးကို ကျောင်းမ လွှတ်ချင်ဘူး။ ဖြစ်လာရင် ကျောင်း တွေမှာက လုံခြုံရေးအင်အား တောင့်တောင့်တင်းတင်းလည်း မရှိတော့ ပိုစိုးရိမ်ရတယ်’’ဟု တာ မွေမြို့နယ်နေ မူလတန်းကျောင်း သားမိခင်တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် ဘူးသီး တောင်၊ မောင်တော ဒေသများ ကို နိုင်ငံတကာက ပိုမိုအာရုံစိုက် လာစေရန်နှင့် ARSA အစွန်း ရောက်အကြမ်းဖက်သမားများ အပေါ် ထောက်ခံမှုများ တိုးမြှင့်ရ ရှိလာစေရန် ရည်ရွယ်၍ အကြမ်း ဖက်ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ရန် ပြင်ဆင်ဆောင် ရွက်နေသည့် သတင်းများ ရရှိထားခြင်းကြောင့် လုံခြုံရေး အ ထူးဂရုပြုဆောင်ရွက်ကြရန် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများသို့ သတိပေးညွှန်ကြားချက်များ ထုတ်ပြန်ထားသည်။