ဆေးရုံဆင်းပြီး ၁၀ ရက်အကြာတွင် သူရဦးတင်ဦး ရွှေတိဂုံစေတီသို့ သွားရောက်ဖူးမြော်

ရွှေတိဂုံစေတီ၌ ဖူးမြော်နေသော သူရဦးတင်ဦး (ဓာတ်ပုံ− Thein Oo)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယကသူရဦးတင်ဦး ဆေးရုံမှ ဆင်းပြီး ၁၀ ရက်မြောက် နေ့ စက်တင်ဘာ၁၀ရက်တွင် ရွှေတိဂုံစေတီတော်သို့ သွားရောက် ဖူးမြော်ပြီး ကျပ် ၁၀ သိန်းလှူဒါန်းခဲ့ကြောင်း ၎င်းအား အနီးကပ်ပြုစုနေသူ ကိုမြင့်ဦးက ပြောသည်။

‘‘ဆေးရုံက ဆင်းပြီး တစ် ပတ်၊ ဆယ်ရက်လောက်ကြာရင် ဘုရားသွားမယ်လို့ စီစဉ်ထားလို့ ဒီနေ့သွားဖြစ်တာပါ။ ကျန်းမာရေး အခြေအနေက ကောင်းတယ်။ စကားပြောတာတော့ မပီသေး ဘူး။ လမ်းတော့ သိပ်မလျှောက် ဘူး။ ဝှီးချဲနဲ့ သွားတယ်’’ဟု ၎င်းက ပြောသည်။

ကျန်းမာရေးစစ်ဆေးရန် ဆေးရုံမှ ဆရာဝန်ကြီးများက တစ်ပတ်လျှင် နှစ်ရက် အိမ်သို့ လာ ရောက်ကြည့်ရှုကြောင်း ကိုမြင့်ဦး က ဆိုသည်။

ရွှေတိဂုံစေတီတော်သို့ ဦး တင်ဦးမိသားစုက ကျပ် ၁၀သိန်း နှင့် ဘုရားဆင်းတုတော်တို့ကို လှူဒါန်းပြီး ၎င်းတို့ဇနီးမောင်နှံ ရွှေတိဂုံဘုရားရင်ပြင်တွင် လှည့်လည်နေသည့်ပုံများ လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့သည်။

သူရဦးတင်ဦးသည် ဦး နှောက်သွေးကြောပိတ်၍ လေ ဖြတ်ရောဂါဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ တက်ရောက်ကုသ မှုခံယူနေရာ သုံးလကြာမြင့်ပြီး သြဂုတ် ၃၁ ရက်တွင် ဆေးရုံမှ ဆင်းနိုင်ခဲ့သည်။

သူရဦးတင်ဦးသည် မေလ ၁၈ ရက်တွင် ဆေးရုံတက်ရပြီး ခုနစ်ရက်မြောက်နေ့ မေလ ၂၄ ရက်၌ အသက်အန္တရာယ်စိုးရိမ်ရ သည့်အဆင့်ကို ကျော်လွန်ကာ အခြေအနေတိုးတက်ကောင်းမွန် လာသည်။

ထို့နောက် ဇူလိုင် ၁၉ ရက် တွင် ဒေါ်အောင်ဆန်းစုကြည်နေ အိမ်၌ ပြုလုပ်သော အာဇာနည် နေ့အထိမ်းအမှတ်သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲသို့ ဘီးတပ်ကုလားထိုင်ဖြင့် တက်ရောက်ခဲ့သည်။

သူရဦးတင်ဦးဆေးရုံတက် နေစဉ် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံရေးအသိုင်းအဝိုင်း၊ တပ်မတော်အသိုင်းအဝိုင်းနှင့် သံတမန်အ သိုင်းအဝိုင်းမှ ဧည့်သည်များ လာရောက်တွေ့ဆုံအားပေးခဲ့သည်။

More in News Section