ဇင်းကျိုက် ကျောက်ထုတ်စခန်းရှိ နှစ်ကြီးအကျဉ်းသားနှစ်ဦးထံမှ မူးယစ်ဆေးဝါးများဖမ်းမိ

မွန်ပြည်နယ် ပေါင် မြို့နယ်ရှိ အကျဉ်းဦးစီးဌာန ဇင်း ကျိုက် ကျောက်ထုတ်စခန်းတွင် နှစ်ကြီးတရားခံနှစ်ဦးထံမှ မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ဇင်းကျိုက်နယ်မြေရဲစခန်းမှ စခန်း မှူး ရဲအုပ်အောင်မင်းထွန်းက ပြောကြားသည်။

စက်တင်ဘာ ၉ ရက် နံနက် ၆ နာရီတွင် အကျဉ်းသားများ နေ ထိုင်ရာ အိပ်ဆောင်များကို စစ် ဆေးရာ လူသတ်မှုဖြင့် ထောင် ဒဏ် ၁၀ နှစ် ကျခံနေရသော တရားခံကျော်ကျော်(ခ)ကျော်ကြီး၏ အိပ်ရာကြမ်းခင်း သစ်ပြားအောက်တွင် ပန်းရောင်စိတ်ကြွ ဆေးပြား ၇၆ ပြားနှင့် အစိမ်းရောင် စိတ်ကြွဆေးပြား နှစ်ပြားတွေ့ရှိပြီး မုဒိမ်းမှုဖြင့် ထောင်ဒဏ် ၁၀ နှစ်ကျခံနေရသည့် တရားခံဖိုးထောင် (ခ) စောကလိုထူး၏ အိပ်ရာကြမ်းခင်းသစ်ပြားအောက်၌ ဆေးခြောက်အလေးချိန် ၃၀ ဂရမ်ခန့် တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

‘‘ကျွန်တော်တို့ကို မွန်းတည့် ၁၂ နာရီမှာ သူတို့က အကြောင်း ကြားတယ်။ တရားခံတွေ အိပ်တဲ့ အိပ်ဆောင်ကြမ်းခင်းအောက်မှာ မိတယ်လို့ပြောတယ်။ တရားခံ တွေကတော့ သူတို့အိပ်ရာ အောက်မှာ တွေ့တဲ့ပစ္စည်းတွေက သူတို့ပစ္စည်းမဟုတ်ဘူးလို့ ငြင်း တယ်။ ကျွန်တော်တို့ ဆက်လက် စစ်ဆေးနေတုန်းဖြစ်တယ်’’ဟု စခန်းမှူး ရဲအုပ်အောင်မင်းထွန်းက ပြောသည်။

တရားခံ အိပ်ဆောင်များကို တစ်ပတ်တစ်ခါ ပုံမှန်စစ်ဆေးနေ ပြီး မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိသည့် တရားခံနှစ်ဦးစလုံးကို ပေါင်မြို့မရဲစခန်းတွင် ဖမ်းချုပ် ထားကာ ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Top News