နယ်စပ်မြို့ကို အယ်လ်ရှာဘတ်စစ်သွေးကြွများ ဝင်ရောက်တိုက်ခိုက်သဖြင့် ဆိုမာလီယာစစ်သား ၁၀ ဦး ကျဆုံး

အသေခံကားဗုံးခွဲခဲ့ ပြီး စစ်အခြေစိုက်စခန်းတစ်ခုကို အယ်လ်ရှာဘတ် စစ်သွေးကြွအ ဖွဲ့က ဝင်ရောက်စီးနင်းပြီးနောက် ကင်ညာနိုင်ငံအနီးရှိ ဆိုမာလီယာ နယ်စပ်မြို့ ဘာလက်ဒ်ဟာဝိုတွင် ပြင်းထန်သည့် ယင်းအဖွဲ့မှ တိုက် ပွဲဖြစ်ပွားခဲ့ကြောင်း ပြောရေးဆို ခွင့်ရှိသူတစ်ဦးကပြောသည်။


ဆိုမာလီယာ၌ တင်းကျပ် သော အစ္စလာမ်မစ်ဥပဒေပြဋ္ဌာန်း လိုနေသည့် အယ်လ်ရှာဘတ်အ ဖွဲ့သည် အာဖရိကသမဂ္ဂငြိမ်းချမ်း ရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များ ကို တိုက်ထုတ်ရန်နှင့် အနောက် တိုင်း ကျောထောက်နောက်ခံပြု အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းမှု အဖြစ် မြို့တော်မိုဂါဒစ်ရှူးနှင့် အခြားနေရာများတွင် တိုက်ခိုက် မှုများကို ယခင်က မကြာခဏ လုပ်ဆောင်လေ့ရှိသည်။

‘‘ပထမဆုံး ကားဗုံးနဲ့ မူဂျာ ဟစ်တစ်ယောက်က စစ်အခြေ စိုက်စခန်းထဲ မောင်းဝင်ခဲ့ပြီး အဲဒီ နောက်မှာတော့ ကျွန်တော်တို့က ဝင်စီးခဲ့ပါတယ်’’ဟု အဆိုပါ ပြော ရေးဆိုခွင့်ရှိသူကပြောသည်။

စီးနင်းမှုအတွင်း ဆိုမာလီ ယာ စစ်သား ၂၄ ဦး သေဆုံး ကြောင်း ယင်းအဖွဲ့က ပြောကြား သော်လည်း ဆိုမာလီယာစစ်တပ် ကမူ ၁၀ ဦးဝန်းကျင်သာ သေဆုံး ခဲ့သည်ဟုဆိုသည်။

 နှစ်ဖက်စလုံး အသေအ ပျောက်စာရင်း တိုးလာနိုင် ကြောင်း အဆိုပါပြောရေးဆိုခွင့် ရှိသူက ပြောကြားပြီး တိုက်ပွဲဖြစ် ပွားနေဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။

‘‘ပထမဆုံးတော့ စစ်အခြေ စိုက်စခန်းက ကြီးမားတဲ့ ပေါက်ကွဲသံကို ကြားခဲ့ရပါတယ်။ အဲဒီ နောက်မှာတော့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်တော့တာပဲ။ အယ်လ်ရှာဘတ်က စစ်အခြေ စိုက်စခန်း၊ ရဲစခန်းနဲ့ မြို့ရဲ့အစိတ်အပိုင်း တော်တော်များများကို သိမ်းပိုက်ထားပါတယ်’’ဟု မြို့ခံ တစ်ဦးကပြောသည်။

လူမျိုးစု ခေါင်းဆောင်များက အာဏာရှင် ဆီယာဒ်ဘာရီကို ဖြုတ်ချပြီးနောက် ၁၉၉၁ ကတည်းက ဆိုမာလီယာတွင် စစ်ဖြစ်ပွား လျက်ရှိသည်။

—Ref: Reuters