ချန်ဂီလေဆိပ်တွင် အိမ်မွေးခွေးတစ်ကောင် သေဆုံးမှု စင်ကာပူလေကြောင်းလိုင်း စုံစမ်းစစ်ဆေးနေ

စင်ကာပူနိုင်ငံ ချန်ဂီ လေဆိပ်၌ စက်တင်ဘာ ၂ ရက်ကစင်ကာပူလေကြောင်းလိုင်း (SIA)ခရီးစဉ်တစ်ခုတွင် ခရီးသည်က ခေါ်ဆောင်လာသည့် အိမ်မွေးခွေးတစ်ကောင် သေဆုံးခဲ့ခြင်းနှင့်ပတ်သက်၍ SIA က စုံစမ်းစစ်ဆေးနေသည်။

ထိုခွေးပိုင်ရှင် ရှာဘာနာမာ ရီကူရူဗီလာက ၎င်း၏ခွေးလေး သေဆုံးခဲ့ရခြင်းနှင့် ပတ်သက်၍  ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်၌ ရေး သားဖော်ပြခဲ့ရာ အင်တာနက်သုံး စွဲသူများအကြား အလျင်အမြန် ပျံ့နှံ့ခဲ့သည်။


စင်ကာပူမှ ဟိုချီမင်းမြို့သို့ ထွက်ခွာမည့် SQ184 လေယာဉ် ပေါ်တွင် လိုက်ပါစီးနင်းလာသော ခရီးသည် မာရီကူရူဗီလာ ခေါ် ဆောင်လာသော (၄)နှစ်နှင့် (၇) လအရွယ် ချာလီအမည်ရ အမေ ရိကန်မျိုးနွယ် ခွေးကလေး သေဆုံးခဲ့ကြောင်း SIA လေကြောင်းလိုင်းက အတည်ပြုခဲ့သည်။

‘‘ဒီခွေးလေးသေဆုံးမှုနဲ့ ပတ် သက်ပြီး ကျွန်တော်တို့ စုံစမ်းစစ် ဆေးနေပါတယ်။ ဒီထက်တော့ ပို ပြီး ပြောလို့မရသေးပါဘူး။ သေ ဆုံးသွားတဲ့ ခွေးလေးရဲ့ ပိုင်ရှင် တွေနဲ့ထပ်တူ ကျွန်တော်တို့လည်း စိတ်မကောင်းပါဘူး’’ဟု SIA လေ ကြောင်းလိုင်းက ပြောသည်။

ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် မာရီကူရူဗီလာ၏ ဖော်ပြချက်အရ ဗီယက်နမ်သို့ သွားရောက်မည့် ၎င်းတို့မိသားစုနှင့်အတူ ခွေးလေး

ချာလီကို ခေါ်ဆောင်ခဲ့ကြောင်း၊ သို့သော် ချန်ဂီလေဆိပ်သို့ ရောက်သောအခါ SIA လေကြောင်းလိုင်း ၏ တိရစ္ဆာန်ထိန်းသိမ်းရေးဝန် ထမ်းက ချာလီ၏ ခွေးလှောင်အိမ်ကို ထိန်းသိမ်းခဲ့ကြောင်း သိရ သည်။

စင်ကာပူမှ ထွက်ခွာပြီး ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့သို့ လေယာဉ်ဆိုက်ရောက်သောအခါ ခွေးလေး ချာလီသည် ထိုလေယာဉ်ပေါ်သို့ ပါလာခြင်းမရှိဘဲ စင်ကာပူတွင် ကျန်ရစ်ခဲ့ကာ သေဆုံးသွားပြီဖြစ်ကြောင်း SIA လေကြောင်းလိုင်း ဝန်ထမ်းတစ်ဦးက မာရီကူရူဗီလာအား အသိပေးခဲ့သည်။

 ထိုအခါ မာရီကူရူဗီလာ သည် ချာလီ၏အလောင်းကို ပြန်ယူရန် လေကြောင်းခရီးစဉ်တစ်ခု ဖြင့် စင်ကာပူသို့ ပြန်လာသည်။

အဆိုပါဖြစ်ရပ်နှင့် ပတ် သက်၍ မာရီကူရူဗီလာက SIA လေကြောင်း ဝန်ထမ်းများ၏ ဝန် ဆောင်မှုညံ့ဖျင်းကြောင်း ပြစ်တင် ဝေဖန်ခဲ့ပြီး ထိုလေကြောင်းလိုင်း ကို တရားစွဲဆိုသွားမည်ဟု  ပြော ကြားသည်။         

—Ref: CNA

Top News