နိုင်ငံရေးအမြတ်မထုတ်ကြပါနဲ့

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော ဒေသ တွေမှာ ARSA အစွန်းရောက် ဘင်္ဂါလီတွေရဲ့ အကြမ်းဖက်မှု ကြောင့် ဒေသတွင်း မတည်မငြိမ် ဖြစ်နေတာကို အကြောင်းပြုပြီး အတိုက်အခံအဖွဲ့အစည်းအချို့ နဲ့ လူပုဂ္ဂိုလ်အချို့တို့က တည်ဆဲ အစိုးရအပေါ်မှာ နိုင်ငံရေးအမြတ် ထုတ်ဖို့ကြိုးပမ်းလာတာကို တွေ့ ရပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေ အနေတွေကို ခဏထားပြီး လွတ် လပ်ရေးမရမီက ရခိုင်ပြည်နယ် အကြောင်းကို သမိုင်းထဲ တစေ့ တစောင်းပြန်ကြည့်ရအောင်ပါ။ မြန်မာနိုင်ငံ ဖက်ဆစ်ဂျပန် အောက်ရောက်ရှိပြီး ပြည်သူတွေ နှိပ်စက်၊ ညှဉ်းပန်းခံနေရစဉ်မှာ တစ်ပြည်လုံးက ဂျပန်ကို တွန်း လှန်လိုစိတ်တွေ တဖွားဖွားပေါ် ပေါက်လာခဲ့ပါတယ်။ ဂျပန်ကို တော်လှန်ဖို့ အကူအညီကိုလည်း မဟာမိတ်တပ်တွေဆီက ရယူခဲ့ ရတာပါ။ မဟာမိတ်တပ်တွေက အိန္ဒိယမှာတပ်စွဲထားတဲ့အတွက် မြန်မာနိုင်ငံဝင်ပေါက်ဟာ ရခိုင်ကမ်းမြောင်ဒေသ ဖြစ်လာပါတယ်။

၁၉၄၄ ဒီဇင်ဘာထဲမှာ ဂျပန် ကို ဆန့်ကျင်တိုက်ခိုက်တဲ့တိုက်ပွဲ တွေ ရခိုင်ပြည်နယ်မှာ စတင်ဖြစ် ပွားခဲ့ပါတယ်။ ရခိုင်ပြည်နယ်က စတင်ဖို့အတွက် ၁၉၄၂ လောက် ကတည်းက သခင်စိုး၊ သခင်တင် မြတို့ မင်းပြားဘက်ရောက်လာ ရင်း အစောဆုံးစည်းရုံးပြင်ဆင်ခဲ့ တာပါ။ နောက်ဗိုလ်ရန်အောင် ရောက်လာတဲ့အခါမှာ စည်းရုံး ရေးလုပ်ခဲ့ရုံမက လက်နက်တချို့ နဲ့ ရန်ပုံငွေတွေပါ ပေးခဲ့ပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ အဆက်အသွယ် ရယူထားတဲ့ ရခိုင်တို့ဗမာဆင်းရဲသားအစည်း အရုံးခေါင်းဆောင်တွေ၊ ပြည်သူ့ အရေးတော်ပုံပါတီနဲ့ဆက်သွယ် ထားတဲ့ ဗုံပေါက်သာကျော်၊ ကို လှကျော်တို့ တွေ၊ ရခိုင်တော်လှန် ရေးခေါင်းဆောင်တွေဖြစ်တဲ့ဦး ညိုထွန်း၊ ဦးကျော်မြ၊ ဦးဘစံ၊ ဦး စိန္တာ၊ ဦးပညာသီဟ၊ ဦးအောင် သာဦး၊ ဦးကျော်ရင်တို့က ဖက် ဆစ်ဂျပန်တော်လှန်ရေးအတွက် ပူးပေါင်းပါဝင်ခဲ့ကြတဲ့ ရခိုင်တိုင်း ရင်းသားများဖြစ်ပါတယ်။

၁၉၄၄ နှစ်အကုန်မှာ စစ် တွေခရိုင် မေယု၊ ကုလားတန်မြစ် ဖျားအနီးမှာရှိတဲ့ ဂျပန်တွေကို စ တင်ထိုးစစ်ဆင်ပါတယ်။ မဟာ မိတ်တွေ ကုလားတန်မြစ်ဖြတ် မကူးနိုင်ခင်မှာ ဗိုလ်ကြာလှ အောင်ဦးဆောင်တဲ့ ရခိုင်ကာ ကွယ်ရေးတပ်တွေက ဂျပန်ကို ဦး စွာတိုက်ခိုက်ခဲ့ပါတယ်။ ဦးစိန္တာနဲ့ ဗုံပေါက်သာကျော်တို့ကို မင်းပြား ဘက်မှာ လေထီးနဲ့ချပေးပြီး Lion အဖွဲ့နာမည်နဲ့ ဂျပန်ကိုတိုက်ခိုက် စေပါတယ်။ ကျောက်ဖြူဘက်မှာ လည်း သခင်သိန်းဖေစေလွှတ် လိုက်တဲ့ ဦးဘစောတို့အဖွဲ့ဟာ ၁၉၄၅ ဇန်န၀ါရီလမှာ လေထီးနဲ့ ဆင်းနိုင်ခဲ့ပါတယ်။ သံတွဲကို တာ ၀န်ယူရတဲ့ဦးကျော်ရင်ဟာ ရန် ကုန်ပြောင်းတာဝန်ယူရလို့ သူ့ လက်အောက်က လူများက ဆက် လက်တာဝန်ယူကြပါတယ်။ ဖေ ဖော်ဝါရီမှာ မဟာမိတ်တပ်ဖွဲ့နဲ့ ရခိုင်ကာကွယ်ရေးတပ်တွေရဲ့ ဖက်ဆစ်တော်လှန်ရေးဟာ မင်း ပြားမြေပုံဘက်မှာ တိုက်ပွဲတွေစိပ် လာခဲ့ပါတယ်။ ရခိုင်တော်လှန် ရေးသမားတွေရဲ့ စွမ်းပကားနဲ့ ၁၉၄၄ နှစ်ကုန်ပိုင်းလောက်က စတင်လိုက်တဲ့ ဖက်ဆစ်တော် လှန်ရေးအောင်ပွဲကြောင့် မဟာ မိတ်တပ်တွေ ရခိုင်ကို ဖြတ်ပြီး ဗမာပြည်တွင်း အောင်မြင်စွာ ၀င် ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ သမိုင်းထဲမှာ ရခိုင် တိုင်းရင်းသားတော်လှန်ရေးသ မားတွေနဲ့ မြန်မာတော်လှန်ရေးသ မားတွေပူးပေါင်းကာ ဖက်ဆစ်ကို တော်လှန်တိုက်ထုတ်ခဲ့ကြောင်း အထင်ကရပြယုဂ်တစ်ခုအဖြစ် တည်ရှိခဲ့တာဖြစ်ပါတယ်။ ယခု ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ဘင်္ဂါလီအရေးဟာ ယခုမှဖြစ်ပေါ် နေတာမဟုတ်ပါဘူး။ ၁၉၄၈ လွတ်လပ်ရေးမရမီကာလက တည်းက ရခိုင်မြောက်ပိုင်း ဘူး သီးတောင်၊ မောင်တောနယ်မှာ အဗ္ဗဒူကာဆင်ခေါင်းဆောင်တဲ့ မူ ဂျာဟစ်များက ပုန်ကန်ထကြွနေ တာဖြစ်ပါတယ်။ ခေတ်အဆက် ဆက်အစိုးရတွေရဲ့ ဘင်္ဂါလီခိုးဝင် အရေးကို စနစ်တကျမဖြေရှင်းနိုင် ခဲ့မှုကြောင့် ဒီနေ့ဒီမိုကရေစီအစိုး ရခေတ်မှာ လူ့အခွင့်အရေး တောင်းဆိုသယောင်နဲ့ အကြမ်း ဖက်မှုများ ပြုလုပ်ကာ နောက်ဆုံး မှာ နယ်မြေလွတ်လပ်ခွင့်ရဖို့အ ထိ ဦးတည်လာနေတာထင်ရှား နေပါတယ်။

ကိုယ့်တိုင်းရင်းသားမဟုတ် ဘဲ ကိုယ့်နယ်မြေထဲဝင်ရောက်နေ ထိုင်လာကြပြီး ကိုယ့်နိုင်ငံကို အ ကြမ်းဖက်တိုက်ခိုက်တာကို နိုင်ငံ သားအားလုံးရဲ့ ဘုံရန်သူအဖြစ် ၀ိုင်းဝန်းအသိအမှတ်ပြုဖို့ လိုသ လို ဒီနေရာမှာ ဘယ်သူ့ကိုမှ အချင်းချင်းလက်ညှိုးထိုးအပြစ် ရှာနေရမယ့် အချိန်မဟုတ်တာကို လည်း သိရှိဖို့လိုပါတယ်။

မကြာမီက ရန်ကုန်မြို့ ပြည် ခိုင်ဖြိုးပါတီရုံးချုပ်မှာ ကျင်းပတဲ့ ‘အမျိုးသားလုံခြုံရေးကို ခြိမ်း ခြောက်နေသော ရခိုင်ပြည်နယ် အရေး’ ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေး နွေးပွဲတစ်ခုကို ပြုလုပ်ရာမှာ ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌက ရခိုင်ပြည် နယ်မြောက်ပိုင်းဒေသအချို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရတဲ့အ ခြေအနေဟာ နိုင်ငံတော်အုပ်ချုပ် ရေးယန္တရားပျက်ယွင်းခြင်းကို ပြ သနေတဲ့၊ ငြင်းမရတဲ့သက်သေဖြစ် ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်ခုအနေနဲ့ အုပ်ချုပ်ရေးယန္တ ရားမထိန်းနိုင်၊ မလည်ပတ်နိုင် တော့ဘူးဆိုရင် သူ့ရဲ့ National Rights လက်လွတ်ဆုံးရှုံးနေပြီဆို တာ ပေါ်လွင်ပါတယ်လို့ ပြော ကြားသွားပါတယ်။

၂၀၀၈ အခြေခံဥပဒေရဲ့ သတ်မှတ်ချက်အရ နိုင်ငံတော် အုပ်ချုပ်ရေးယန္တရားဟာ ပြည်သူ က ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့အစိုးရထံမှာပဲ လုံးလုံးရှိ နေတာမဟုတ်ဘူးဆိုတာ သတိ ချပ်ဖို့ လိုပါတယ်။ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာစတဲ့ ၀န်ကြီးဌာန ယန္တရားစီမံခန့်ခွဲသူ တွေကို သမ္မတကခန့်အပ်ခွင့်မရှိ ပါဘူး။ ဒါကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်း မတည်ငြိမ်မှုတွေက ပြည်သူ့အစိုးရမှာသာ တာဝန် ရှိတယ်လို့ တစ်ဖက်သတ်မစွပ်စွဲ သင့်ဘူးထင်ပါတယ်။

ဆွေးနွေးပွဲမှာ အမျိုးသားဒီမို ကရေစီပါတီသစ်ဥက္ကဋ္ဌဦးသိန်း ညွန့်ကလည်း ‘‘အခုကျွန်တော်တို့ တိုင်းပြည်က နေ့လား၊ ညလား ဆိုတဲ့ အခြေအနေမျိုးရောက်လာ ပြီ။ အမျိုးသားကာကွယ်ရေးနဲ့ လုံ ခြုံရေးကောင်စီကို မခေါ်တဲ့အ တွက် ပြဿနာကြီးတွေနဲ့ ရင်ဆိုင် ရတဲ့အခါ ပြည်သူလူထုမျက်နှာ ကို ထောက်ပြောရရင် ဒေါ်အောင် ဆန်းစုကြည်ခမျာမှာ ကြီးမားစွာ တာဝန်ရှိနေပြီ’’ လို့ ၎င်းဆွေးနွေး ပွဲမှာ ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသအချို့ မတည်ငြိမ်မှုများမှ တစ်ဆင့် ကမ္ဘာ့အသိုင်းအ၀ိုင်းမှာ မြန်မာ့ပုံရိပ်တွေကို ကျဆင်းစေဖို့ အချို့သော နိုင်ငံတကာအဖွဲ့အ စည်းများက ကြိုးပမ်းနေချိန်မှာ ပြည်တွင်းမှာလည်း တောမီး လောင် တောကြောင်လက်ခ မောင်းခတ်ဆိုသကဲ့သို့ ဆူပူလိုသူ အချို့ကလည်း ကောလာဟလ မျိုးစုံကို ဆိုရှယ်မီဒီယာများမှတစ် ဆင့်မျှဝေလှုံ့ဆော်ကာ ဘာသာ ရေး၊ လူမျိုးရေးပဋိပက္ခအသွင် ဖန်တီးဖို့ကြိုးစားလာကြပါတယ်။

၂၀၁၂ က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးပဋိပက္ခ ကြောင့် လူ ၂၀၀ ကျော်သေဆုံးခဲ့ ပြီး အိမ်ခြေပေါင်းများစွာပျက်စီး ခဲ့ရပါတယ်။ ဒီမီးဟာ မိတ္ထီလာ၊ လားရှိုးနဲ့ ပဲခူးတိုင်းဒေသအချို့ ကို ကူးစက်ခဲ့ပြီး အသက်အိုးအိမ် စည်းစိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရ ပါတယ်။ လူမျိုး၊ ဘာသာကိုး ကွယ်သူနှစ်ခုစလုံး ဆုံးရှုံးနစ်နာခဲ့ ရပါတယ်။ အကျိုးအမြတ်ရရှိသူ တွေကတော့ နိုင်ငံရေးအမြတ် ထုတ်သူတွေသာ ဖြစ်ပါတယ်။

နိုင်ငံရေးအမြတ်ထုတ်တယ် ဆိုရာဝယ် နိုင်ငံသားတို့ရဲ့ အကျိုး စီးပွားကို ရှေးရှုပြီးမှ အမြတ်ထုတ် ခြင်းသာ သင့်လျော်ပါတယ်။ နိုင် ငံသားအကျိုးစီးပွားကို နင်းခြေပြီး ကိုယ်အပေါ်ရောက်ဖို့ လှေကား ထစ်သဖွယ်အသုံးချမယ်ဆိုရင် နိုင်ငံရေးယုတ်မာမှုသာဖြစ်ပါလိမ့် မယ်။

ယခုအချိန်မှာ အစိုးရ၊ တပ်မတော်နဲ့ နိုင်ငံရေးပါတီအ သီးသီးဟာ အတူလက်တွဲပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းရေး ကို ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ တစ်ချိန်က ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ဗမာ့တပ်မတော် နဲ့ ရခိုင်တော်လှန်ရေးခေါင်း ဆောင်များပူးပေါင်းဆောင်ရွက် မှုကြောင့် ရခိုင်မြေမှ ဖက်ဆစ် ဂျပန်ကို တွန်းလှန်နိုင်ခဲ့တဲ့ သာဓ ကရှိပါတယ်။ တိုင်းပြည်တစ်ပြည် ကို ဖွံ့ဖြိုးတိုးတက်အောင်တည် ဆောက်ရတာ ခက်ခဲသလောက် ဖျက်ဆီးရတာ ပိုမိုလွယ်ကူ ကြောင်း သမိုင်းကိုပြန်ကြည့်ရင် တွေ့နိုင်ပါတယ်။ နိုင်ငံတော် တည်ငြိမ်ရေးအတွက် အမျက်ဒေါ သကို ချွန်းအုပ်ကာ ဉာဏ်ပညာ မီးအိမ်ကို ထွန်းညှိကြပါစို့လို့ တိုက်တွန်းလိုက်ပါရစေ..။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Top News