မြန်မာနိုင်ငံသည် လုံခြုံရေးကောင်စီ အချိန်ပိုင်းအဖွဲ့ဝင် ဖြစ်လာမည်လား

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် မြန်မာနိုင်ငံနှင့် သိပ်စိမ်းသည့် အဖွဲ့အစည်းမဟုတ် ပေ။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံ ရေးကို အဓိကထိန်းကျောင်း မောင်းနှင်နေရသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာ နိုင်ငံအနေဖြင့် ထိထိရောက် ရောက် ပါဝင်နိုင်ရေး စီမံချက် ချမှတ် လမ်းဖောက်နိုင်ရေး နည်း လမ်းရှာသင့်သည်။ အမှတ်စဉ် (၅၈)ဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ် ခဲ့သော မြန်မာနိုင်ငံသည် ကုလ သမဂ္ဂအဖွဲ့ကြီး၏ သမိုင်းဂုဏ်ကို ထွန်းပြောင်စေခဲ့သည့် မှတ်တမ်း အစိတ်အပိုင်းများ၏ မြစ်ဖျားခံရာ နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ မြန်မာနိုင်ငံသည် ကုလသမဂ္ဂလုံ ခြုံရေးကောင်စီတွင် အချိန်ပိုင်းအ ဖွဲ့ဝင်နိုင်ငံဖြစ်လာမည်လား ရုပ် ရှင်ပိတ်ကားပေါ်တွင် ဆက်ကြည့် ရဦးမည်ဖြစ်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင် စီတွင် မြန်မာနိုင်ငံကဲ့သို့ စိန်ခေါ်မှု နှင့် အကျပ်အတည်းမြင့်မားသော နိုင်ငံများသည် အချိန်ပိုင်းအဖွဲ့ဝင် အဖြစ် ပါဝင်လာနိုင်မည်ဆိုလျှင် လုံခြုံရေးကောင်စီအစည်းအဝေး များကို ပိုမိုအသက်ဝင်စေနိုင်ဖွယ် ရှိသည်။ မြန်မာနိုင်ငံနှင့် ကုလ သမဂ္ဂလုံခြုံရေးကောင်စီတို့အ ကြား ရှိရင်းစွဲဆက်ဆံရေးသည် အကောင်း၊ အဆိုး၊ အကျိုး၊ အ ပြစ်တို့နှင့် ပြည့်နှက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် လွတ်လပ်ပြီးစ ကတည်းက ကုလသမဂ္ဂ၊ ဆက် စပ်အဖွဲ့အစည်းများနှင့် နီးနီးကပ် ကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိ ပြီး အကျပ်အတည်းကာလများရှိ ခဲ့လင့်ကစား နယူးယောက်နှင့် နေပြည်တော်ဆက်ဆံရေးသည် ယေ ဘုယျအားဖြင့် အကောင်းဘက် သာလွန်နေသည်ဟု သုံးသပ်ရ မည်ဖြစ်သည်။


ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် အချိန်ပိုင်းအဖွဲ့ဝင် နိုင်ငံအဖြစ် ရွေးချယ်ခြင်းမခံရ သေးသော အဖွဲ့ဝင် ၆၆ နိုင်ငံစာ ရင်းတွင် အရှေ့တောင်အာရှ ဒေသမှ ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီး ယားနိုင်ငံ၊ လာအိုနိုင်ငံတို့နှင့်အ တူ ပါဝင်လျက်ရှိသည်။ မြန်မာ နိုင်ငံသည် လုံခြုံရေးကောင်စီတွင် အချိန်ပိုင်းအဖွဲ့ဝင်နိုင်ငံဖြစ်လာ မည်ဆိုပါက နိုင်ငံတကာသံခင်း တမန်ခင်းတွင် မြန်မာနိုင်ငံကို မြှင့် တင်နိုင်မည့်၊ လော်ဘီလုပ်နိုင် မည့် အခွင့်ကောင်းများ လမ်းပွင့် လာနိုင်သကဲ့သို့ တစ်ဖက်တွင် စိန် ခေါ်မှုများ၊ အကျပ်အတည်းများ လည်း ရှိနေသည်ကို မျက်ခြည် မပြတ်သင့်ပေ။ အာဆီယံအဖွဲ့ဝင် နိုင်ငံများအနက် ကုလသမဂ္ဂလုံခြုံ ရေးကောင်စီ အချိန်ပိုင်းအဖွဲ့ဝင် နိုင်ငံများအဖြစ် မလေးရှားနိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် လေး ကြိမ်၊ အင်ဒိုနီးရှားနိုင်ငံသည် သုံး ကြိမ်၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့သည် တစ် ကြိမ်စီ အသီးသီးရွေးချယ်ခံထား ရသည်။ အစိုးရ၊ လွှတ်တော်တို့ သည် မြန်မာနိုင်ငံအနေဖြင့် လုံခြုံ ရေးကောင်စီအချိန်ပိုင်းအဖွဲ့ဝင် နိုင်ငံမဖြစ်ရသည့် အကြောင်းများ ကို ပြန်လည်ဆန်းစစ် သုံးသပ်ပြီး လုံခြုံရေးကောင်စီ အချိန်ပိုင်းအဖွဲ့ဝင်ဖြစ်ရေး မည်သို့မည်ပုံ ပြင်ဆင် ချဉ်းကပ်ဆောင်ရွက်မည်ကို ဆန်း စစ် သုံးသပ်သင့်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင် စီသည် ကုလသမဂ္ဂ၏ အဓိက ယန္တရားကြီးခြောက်ခုအနက် တစ် ခုဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်း သိမ်းခြင်း၊ ကုလသမဂ္ဂပဋိညာဉ် ပြင်ဆင်မှုကို အတည်ပြုခြင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံသစ်များ လက်ခံခြင်းတို့တွင် တာဝန်ရှိ သည်။ ကောင်စီသည် ငြိမ်းချမ်း ရေးထိန်းသိမ်းမှု စစ်ဆင်ရေးများ ကို ဖော်ဆောင်နိုင်ပြီး နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုများကို ချမှတ် နိုင်သည့်အပြင် ကောင်စီ၏ ဆုံး ဖြတ်ချက်အရ စစ်ရေးအရ အရေး ယူမှုများကို ဆောင်ရွက်နိုင်သည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မဖြစ် မနေလိုက်နာရမည့် ဆုံးဖြတ်ချက် များကို ထုတ်ပြန်နိုင်ရန် လုပ်ပိုင်ခွင့်ရရှိထားသော ကုလသမဂ္ဂ၏တစ်ခုတည်းသော ယန္တရားလည်းဖြစ်သည်။ မြန်မာနိုင်ငံသည် လုံခြုံရေးကောင်စီတွင် အချိန်ပိုင်းအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက် လာနိုင်မည်ဆိုပါက နိုင်ငံတကာ သံခင်းတမန်ခင်းဆိုင်ရာ အတွေ့အကြုံနှင့် အသိပညာပိုမိုချဲ့ထွင် လာနိုင်မည်ဖြစ်သည်။

၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် အင်္ဂလန်နိုင်ငံ လန် ဒန်မြို့ ဝက်စ်မင်စတာ၌ ကုလ သမဂ္ဂလုံခြုံရေးကောင်စီ၏ ပထမ ဆုံးအစည်းအဝေးကို ကျင်းပခဲ့ပြီး အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံနှင့် အ ချိန်ပိုင်းအဖွဲ့ဝင် ခြောက်နိုင်ငံတို့ တက်ရောက်ခဲ့သည်။ ပထမဆုံး သက်တမ်းတွင် အချိန်ပိုင်းအဖွဲ့ ဝင် ခြောက်နိုင်ငံမှာ ဩစတြေး လျ၊ ဘရာဇီး၊ အီဂျစ်၊ မက္ကဆီကို၊ နယ်သာလန်နှင့် ပိုလန်တို့ဖြစ် သည်။ ၁၉၆၅ ခုနှစ်တွင် အချိန် ပိုင်းအဖွဲ့ဝင်နိုင်ငံဦးရေကို ၁၀ နိုင်ငံသို့ တိုးချဲ့ခဲ့သည်။ ကုလ သမဂ္ဂအထွေထွေညီလာခံတွင် အချိန်ပိုင်းအဖွဲ့ဝင်နိုင်ငံများကို ၂ နှစ်သက်တမ်းအတွက် ဒေသအ လိုက် ရွေးချယ်ပြီး အဖွဲ့ဝင်နိုင်ငံ သုံးပုံနှစ်ပုံက ထောက်ခံရန် လို အပ်သည်။ လက်ရှိအခြေအနေ တွင် အာဖရိကဒေသက သုံးနိုင်ငံ၊ အာရှနှင့် ပစိဖိတ်ဒေသက နှစ် နိုင်ငံ၊ လက်တင်အမေရိကနှင့် ကာရစ်ဘီယံဒေသက နှစ်နိုင်ငံ၊ အနောက်ဥရောပနှင့် အခြားဒေသက နှစ်နိုင်ငံ၊ အရှေ့ဥရောပဒေသ က တစ်နိုင်ငံဟု ဒေသအလိုက် ခွဲတမ်းချ ရွေးချယ်သည်။ လုံခြုံ ရေးကောင်စီဥက္ကဋ္ဌအဖြစ် အမြဲ တမ်းအဖွဲ့ဝင်နိုင်ငံများနှင့် အချိန် ပိုင်းအဖွဲ့ဝင်နိုင်ငံများအကြား နိုင်ငံအမည် အင်္ဂလိပ်အက္ခရာစဉ် အတိုင်း တစ်လတစ်ကြိမ် အလှည့်ကျတာဝန်ယူရသည်။

ကုလသမဂ္ဂလုံခြုံရေးကောင် စီပြင်ဆင်တိုးချဲ့ဖွဲ့စည်းရေးတွင်အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများအ ပိုင်းနှင့် အချိန်ပိုင်းအဖွဲ့ဝင်နိုင်ငံ များအပိုင်းဟု နှစ်ပိုင်းပါဝင်သည်။ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ တိုး ချဲ့ဖွဲ့စည်းရေးသည် ဗီတိုအာဏာ နှင့်လည်း ဆက်စပ်နေရာ ပိုမိုအ ချိန်ယူရဖွယ်ရှိနေသည်။ သို့ဖြစ်၍ အချိန်ပိုင်းအဖွဲ့ဝင်နိုင်ငံများ တိုး ချဲ့ဖွဲ့စည်းရေးသည် ဦးစွာအထ မြောက်နိုင်ဖွယ်ရှိနေသည်။ ဗီတို အာဏာရရှိထားသည့် လုံခြုံရေး ကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ အားလုံးအနေဖြင့်လည်း အချိန် ပိုင်းအဖွဲ့ဝင်နိုင်ငံဦးရေ တိုးချဲ့ဖွဲ့ စည်းရေးကို မလွဲမသွေ ထောက် ခံအတည်ပြုနိုင်ဖွယ်ရှိသည်။ အ ချိန်ပိုင်းအဖွဲ့ဝင်နိုင်ငံများ တိုးချဲ့ ခြင်းဖြင့် လုံခြုံရေးကောင်စီ အ စည်းအဝေးများတွင် တတိယ ကမ္ဘာနိုင်ငံများ၏ အခန်းကဏ္ဍကို ပိုမိုနေရာ ပေးလာနိုင်မည်ဖြစ် သည့်အလျောက် ကမ္ဘာ့ငြိမ်းချမ်း ရေးနှင့် လုံခြုံရေးထိန်းသိမ်းမှုကို များစွာအထောက်အကူပြုလာနိုင် ဖွယ်ရှိသည်ဟု သုံးသပ်မှုများ လည်းရှိနေသည်။

မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအကြား ဆက် ဆံရေးတွင် ခက်ခဲကြမ်းတမ်း သော နေ့စွဲများရှိခဲ့သည်။ ၂၀၀၅ ခုနှစ် ဇွန်လ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ တံခါးပိတ်ညှိနှိုင်းဆွေးနွေးပွဲတွင် အမေရိကန်ပြည် ထောင်စုသည် မြန်မာနိုင်ငံအခြေ အနေနှင့်စပ်လျဉ်း၍ အခြားကိစ္စ ရပ်များ ခေါင်းစဉ်အောက်၌ ဆွေး နွေးခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီသည် ၂၀၁၅ ခုနှစ် ဒီဇင် ဘာလ ၁၆ ရက်နေ့တွင် မြန်မာ နိုင်ငံအခြေအနေ ဆွေးနွေးပွဲကို ပထမဆုံးအကြိမ် ကျင်းပခဲ့သည်။ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက် (၅၅၂၆)ကြိမ်မြောက် လုံခြုံ ရေးကောင်စီအစည်းအဝေးတွင် မြန်မာနိုင်ငံအခြေအနေ အမည် သတ်မှတ်၍ လုံခြုံရေးကောင်စီ၏ ဆွေးနွေးမည့်အစီအစဉ်၌ ထည့် သွင်းရန် ထောက်ခံမဲ ၁၀ မဲ၊ ကန့် ကွက်မဲ လေးမဲ၊ ကြားနေမဲတစ်မဲ ဖြင့် ဆုံးဖြတ်ခဲ့သည်။

  ကုလသမဂ္ဂနိုင်ငံရေးရာ လက်ထောက်အတွင်းရေးမှူးချုပ် ကမ်ဘာရီသည် ၂၀၀၆ ခုနှစ် စက် တင်ဘာလ ၂၉ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မြန်မာ နိုင်ငံအခြေအနေကို တရားဝင်အ စည်းအဝေးအစီအစဉ်အရ ပထမ ဆုံးအကြိမ်အဖြစ် အစီရင်ခံတင် ပြခဲ့သည်။ ၂၀၀၇ ခုနှစ် အောက် တိုဘာလ ၁၁ ရက်နေ့တွင် ကုလ သမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌ သည် မြန်မာနိုင်ငံဆိုင်ရာ ကြေ ညာချက်ကို ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ပြီး ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့တွင် ဒုတိယမြောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဋ္ဌ၏ ကြေညာချက်ကို ထုတ် ပြန်ခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး ဆုံးဖြတ်ချက်မူကြမ်းကို ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၁၂ ရက် နေ့တွင် ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့က ဗီတိုအာဏာအသုံးပြု၍ ပယ်ချခဲ့သည်။ သမိုင်းစာမျက်နှာ များကို ခရေစေ့တွင်းကျ လေ့လာ ဆန်းစစ်၊ သင်ခန်းစာယူလျက် ရှေ့ဆက်မည့် ခရီးရှည်တွင် ထိုက် ထိုက်တန်တန် အသုံးချနိုင်ရန် အရေးကြီးမည်ဖြစ်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံ သည် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ကုလသမဂ္ဂအဖွဲ့ ကြီးသို့ အဖွဲ့ဝင်အဖြစ် လျှောက် ထားခဲ့ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီနှင့် ကုလသမဂ္ဂအထွေ ထွေညီလာခံတို့၏ တစ်ခဲနက် ထောက်ခံမှုဖြင့် ဧပြီလ ၁၉ ရက် နေ့တွင် ၅၈ နိုင်ငံမြောက် ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ သည်။ ၁၉၄၈ ခုနှစ် ဧပြီလ ၁၀ ရက်နေ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအစည်းအဝေးတွင် ဆုံး ဖြတ်ချက် အမှတ် (၄၅) ကို ချ မှတ်ခဲ့ပြီး မြန်မာနိုင်ငံကို ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ခွင့် ပြုရန် လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ နိုင်ငံအနက် ၁၀ နိုင်ငံက ထောက်ခံမဲပေး ဆုံးဖြတ်ခဲ့သည်။ လုံခြုံရေးကောင်စီ အချိန်ပိုင်းအဖွဲ့ဝင် အာဂျင်တီးနားနိုင်ငံက မဲမပေးခဲ့ပေ။ မြန်မာနိုင်ငံ၏ အမြဲတမ်း ကိုယ်စားလှယ် ဦးသန့်သည် ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အ ဖြစ် ထမ်းဆောင်ခဲ့သည်မှာ မြန်မာ-ကုလသမဂ္ဂအခန်းကဏ္ဍတွင် အမြင့်မားဆုံး သမိုင်းမှတ်တိုင် တစ်ခုပင်ဖြစ်သည်။

 အချုပ်အားဖြင့်ဆိုသော် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အနေဖြင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် အချိန်ပိုင်းအဖွဲ့ဝင် နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်လာ နိုင်မည်ဆိုလျှင် နယူးယောက်နှင့် နေပြည်တော်ဆက်ဆံမှုကို ပိုမို အားကောင်းခိုင်မာလာစေမည့်အ ပြင် ဒေသတွင်းသာမက ကမ္ဘာ့ ရေးရာပြဿနာများ၊ အကျပ်အ တည်းများနှင့်စပ်လျဉ်း၍ ပိုမိုထိ ထိရောက်ရောက်၊ တက်တက်ကြွ ကြွ၊ လွတ်လွတ်လပ်လပ် ပါဝင် လာနိုင်မည်ဖြစ်သည့်အလျောက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင် စု တည်ဆောက်ရေးတို့အတွက် လည်း မြင့်မြင့်မားမားအထောက် အကူပြုနိုင်မည်ဖြစ်သည်။ အစိုးရ၊လွှတ်တော်တို့သည် မြန်မာနိုင်ငံ အနေဖြင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၊ အချိန်ပိုင်းအဖွဲ့ဝင်နိုင်ငံ အဖြစ် ပါဝင်နိုင်မည့် အခွင့်အ လမ်းများ၊ အလားအလာများ၊ နည်းနာများကို လေ့လာဆန်းစစ် သုံးသပ်ပြီး ကမ္ဘာ့သံခင်းတမန်ခင်း တွင် မြန်မာနိုင်ငံက ဗျူဟာ မြောက်ချဲ့ထွင်ပါဝင်နိုင်မည့် ခြေ လှမ်းများကို ဆောလျင်စွာ အစပြု နိုင်ရေး ပြင်ဆင်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်သည်)

Top News