ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်ရက် နီးကပ်လာသော်လည်း ဦးဆောင်မည့်သူ မရှိသေးဟုဆို

 ပြင်ဦးလွင်တန်ဆောင် တိုင်ပွဲတော် ကျင်းပရက် နီးကပ် လာသော်လည်း လက်ရှိအချိန်ထိ ဦးဆောင်ကျင်းပမည့်သူမရှိသေး ကြောင်း မဟာအံ့ထူးကံသာဘု ရားဂေါပကအဖွဲ့တာဝန်ရှိသူများ က ပြောသည်။

ပြင်ဦးလွင်တန်ဆောင်တိုင် ပွဲကျင်းပရန် အချိန်သုံးလကျော် ကြိုတင်ပြင်ဆင်ရပြီး ခရိုင်အုပ် ချုပ်ရေးပိုင်းမှ အစည်းအဝေးခေါ် ကာ ကော်မတီဖွဲ့၍ တာဝန်ခွဲဝေ ပေးလေ့ရှိသော်လည်း ယခုနှစ် တွင် ပွဲတော်ကျင်းပရန် အချိန် တစ်လခွဲခန့်အထိ ကျင်းပရေး ကော်မတီဖွဲ့စည်းခြင်းပင် မရှိ ကြောင်း မဟာအံ့ထူးကံသာဘု ရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ဌေးကိုက ပြောသည်။

‘‘မနှစ်ကတည်းက ဘုရား ဂေါပကအဖွဲ့က မသိုးသင်္ကန်း ကပ်လှူတာနဲ့ ဆီးမီးကိုးထောင် ကပ်လှူပူဇော်ပွဲကိုပဲ တာဝန်ယူ လုပ်တော့မယ်။ တခြားလုပ်ငန်း အကြီးကြီးတွေ မလုပ်တော့ဘူးဆို တာ အုပ်ချုပ်ရေးပိုင်းကို ပြောခဲ့ ပြီးသားပါ။ ဂေါပကအဖွဲ့က ဦး ဆောင်ပြီးတော့ လက်ရှိအချိန်ထိ လုပ်ဖို့မရှိသေးဘူး’’ဟု ၎င်းက ဆက်လက်ပြောသည်။

တန်ဆောင်တိုင်ပွဲကို နှစ် စဉ်မဟာအံ့ထူးကံသာဘုရားဂေါ ပက၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေး နှင့် အစိုးရဌာနများပူးပေါင်းကော် မတီဖွဲ့ကာ ကျင်းပခြင်းဖြစ်သည်။ ၂၀၁၁ မှစတင်ကာ ပွဲကျင်းပရေး ကော်မတီတွင် ခရိုင်အုပ်ချုပ်ရေး မှူးက ဥက္ကဋ္ဌနှင့် မြို့နယ်အုပ်ချုပ် ရေးမှူးက အတွင်းရေးမှူးတာဝန် ယူခဲ့သည်ဟု ဦးကျော်ဌေးကိုက ပြောသည်။

ပြင်ဦးလွင်ခရိုင်အုပ်ချုပ်ရေး မှူးက ပွဲကျင်းပရန် မြို့နယ်မှ အ ဆင့်ဆင့်တင်ပြလာမှုအပေါ် စီမံ ခန့်ခွဲပေးမည်ဖြစ်သော်လည်း ဦး ဆောင်ကျင်းပရန် အစီအစဉ်မရှိ ကြောင်း ပြောသည်။

ပြင်ဦးလွင်တန်ဆောင်တိုင် ပွဲကျင်းပရန် မသေချာသော်လည်း မဟာအံ့ထူးကံသာဘုရား၏ နှစ်  စဉ် ကျင်းပနေမြဲဖြစ်သော မသိုး သင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ဆီမီး ၉,၀၀၀ ကပ်လှူပူဇော်ပွဲကို ပုံမှန် အတိုင်း ပြုလုပ်မည်ဟု ဦးကျော် ဌေးကိုက ပြောသည်။

‘‘အရင်လလယ်လောက်က စပြီး ပွဲမဖြစ်တော့ဘူးဆိုတဲ့အသံ ကြားလို့ မီးပုံးပျံဒီဇိုင်းလုပ်ငန်းတွေ ခဏရပ်ထားရတယ်။ ခါတိုင်း ဒီ ချိန်ဆို ပွဲအစီအစဉ်တွေ လုပ်နေ ပြီ။ ဒီနှစ်တော့ ဘာမှ မလုပ်သေး ဘူး’’ဟု ပြင်ဦးလွင်မြို့ မြခွာညို  ထက်မီးပုံပျံအဖွဲ့က ကိုဇော်ရဲနိုင် က ပြောသည်။

ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံပွဲကို  တန်ဆောင်မုန်းလ ပြည့်နေ့က စတင်၍ ငါးရက်အကြာ ကျင်းပမည်ဖြစ်ပြီး ၂၀၁၆ က ပြိုင်ပွဲဝင်မီးပုံးပျံအလုံးရေ ၁၃၀ ကျော်ရှိခဲ့သည်။ မီးပုံးပျံများ ကို နေ့ရုပ်အလှ၊ ညမီးကြီး၊  စိန်နားပန်စသည်တို့ဖြင့်    အမျိုး အစားခွဲယှဉ်ပြိုင်ရပြီး   ဆုကြေး ငွေများချီးမြှင့်ခဲ့သည်။

Top News