နည်းပြ ဖရန့်ဒီဘိုးဝါးကို ခရစ္စတယ်ပဲလေ့စ် ထုတ်ပယ်

ခရစ္စတယ် ပဲလေ့စ်က အသင်းကို လေးပွဲသာ ကိုင်တွယ်ရသေးသောနည်းပြဖရန့်ဒီဘိုးဝါးကို ထုတ်ပယ်ခဲ့သည်။


ဇွန်လက ဆမ်အလာဒိုက်စ် နေရာအစားထိုးရန် နယ်သာလန် ကြယ်ပွင့်ဟောင်းကို ခရစ္စတယ် ပဲလေ့စ်က ခေါ်ယူခဲ့ပြီး သုံးနှစ်စာချုပ်ချုပ်ဆိုခဲ့သော်လည်း သုံးလမပြည့်မီ ၎င်းကို ထုတ်ပယ်ခြင်း ဖြစ်သည်။

ခရစ္စတယ်ပဲလေ့စ်သည် ပ ရီးမီးယားလိဂ်ရာသီ အစလေးပွဲ ဟတ်ဒါဖီးလ်၊ လီဗာပူး၊ ဆွမ်ဆီး၊ ဘန်လေနှင့် ပွဲများကို ရှုံးနိမ့်ခဲ့ပြီး ခုနစ်ဂိုးအသွင်းခံရကာ သွင်း ဂိုးတစ်ဂိုးမျှ မရှိခဲ့ပေ။

ဒီဘိုးဝါးနှင့် ပတ်သက်၍ အသင်းဥက္ကဋ္ဌ စတိဗ်ပါရစ်ရှ်က ကာကွယ်ပြောဆိုပြီး နာရီပိုင်းအတွင်း အသင်းဘုတ်အဖွဲ့က ဒီဘိုးဝါး၏ ၇၇ ရက်ကြာ ကိုင်တွယ်မှု ကို အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။

ဒီဘိုးဝါးသည် ပဲလေ့စ်ကို မကိုင်တွယ်မီ အင်တာမီလန်ကို ကိုင်တွယ်ခဲ့ပြီး ၈၄ ရက်သာကြာမြင့်ခဲ့သည်။

ယင်းမတိုင်မီက မိခင်နိုင်ငံ နယ်သာလန်တွင် အေဂျက်ဇ်အ သင်းကို ကိုင်တွယ်ခဲ့ပြီး လေးနှစ် ဆက်တိုက် နယ်သာလန်လိဂ်ချန်ပီယံဖြစ်အောင်စွမ်းဆောင်ခဲ့ သူဖြစ်သည်။

ပဲလေ့စ်၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မေးမြန်းချိန်တွင် ချယ်လ်ဆီးနည်းပြ ကွန်တီက ‘‘ကျွန်တော် သူ့အတွက် စိတ်မ ကောင်းပါဘူး။ အလုပ်အတွက် အချိန်နည်းနည်းပိုပေးဖို့ပဲ တောင်းဆိုကြတာပါ’’ဟု ပြောကြားသည်။

ဒီဘိုးဝါးသည် ပရီးမီးယားလိဂ်အသင်းတစ်သင်းကို အချိန်အတိုဆုံး ကိုင်တွယ်ခဲ့ရသော နည်းပြ အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဖရန့်ဒီဘိုးဝါး၏ နေရာတွင် အင်္ဂလန်နည်းပြဟောင်း ရွိုင်းဟော့ဆန်ဖြင့် အစားထိုးမည်ဟုသတင်းထွက်ပေါ်နေသည်။

—Ref:BBC

Top News