ပြင်သစ်လီဂူးဝမ်းတွင် လိုင်ယွန်အနိုင်ရပြီး မာဆေးရှုံး

အိမ်ကွင်း၌ ဂူအင်ဂမ့်ကို ၂-၁ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် လိုင်ယွန်တိုက်စစ်မှူး နာဘီလ်ဖီ ကာက ငါးပွဲ၌ လေးဂိုးမြောက် အဖြစ် ၇၂ မိနစ်တွင် အနိုင်ဂိုးသွင်း ခဲ့သည်။


ရန်းနက်စ်က မာဆေးကို ၃-၁ ဂိုးဖြင့် အနိုင်ရပြီးနောက် ယခုနှစ်ရာသီ ၎င်းတို့အတွက် ပထမဆုံးနိုင်ပွဲရှာတွေ့ခဲ့သည်။

၁၉ မိနစ်တွင် မာရီယာနိုဒီ ယာ့ဇ် သွင်းသောဂိုးကို ပြင်သစ်လက်ရွေးစင်ဟောင်း လီလီသူရမ်၏သား မားကပ်သူရမ်(၂၀) နှစ်က ၇၁ မိနစ်၌ ဂူအင်ဂမ့်ပ်အတွက် ပြန်လည်ချေပခဲ့ပြီး ချက်ချင်းဆိုသလို နာဘီလ်ဖီကာက အနိုင်ဂိုးသွင်းယူခဲ့သည်။

‘‘ဒီနေ့မှာ ကျွန်တော်တို့ အ များကြီးခြိမ်းခြောက်ခံရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စုစည်းညီ ညွတ်ခဲ့ပါတယ်’’ဟု လိုင်ယွန် နည်းပြ ဘရူနိုဂျီနီဆီယိုက ပွဲအပြီး တွင် ပြောသည်။

ယခုရလဒ်ကြောင့် လိုင်ယွန် သည် ယခုနှစ်ရာသီတွင် ရှုံးပွဲမရှိ စံချိန်ကိုဆက်ထိန်းထားပြီး ဇယား ထိပ်ဆုံးရှိ ပီအက်စ်ဂျီ၏နောက် လေးမှတ်အကွာ ၁၁ မှတ်ဖြင့် တတိယနေရာ ရပ်တည်နေသည်။

အိမ်ကွင်းတွင် ရန်းနက်စ်ကို ရှုံးပြီးနောက် မာဆေးသည် နှစ်ပွဲဆက်တိုက်ရှုံးပွဲကြုံတွေ့ခဲ့သည်။

‘‘ကျွန်တော် ၀မ်းနည်းပါ တယ်။ ပထမပိုင်း ကစားပုံလိုမျိုး မာဆေး ကစားသမားတွေကစား တာကို မမြင်ချင်ပါဘူး။ ရှုံးနိမ့်တာ ကို မကြိုက်ဘူး။ လုပ်ဖို့ အလုပ် တွေနဲ့ သွားဖို့ ခရီးအရှည်ကြီးဆို တာ သိပ်ဟုတ်တာပေါ့။ ဒါပေမဲ့ ဒီညမှာ ပြသခဲ့တာထက် အသင်း အနေနဲ့ ပိုကောင်းရလိမ့်မယ်’’ဟု မာဆေးနည်းပြ ရူဒီဂါစီယာက ပြောသည်။

အခြားပွဲစဉ်များတွင် ကိန်း က ဒီဂျွန်ကို ၂-၁ ဂိုး၊ နန်တက်စ်က မောင့်ပယ်လီယာကို ၁-၀ ဂိုး၊ အေမီယန်က စထရာစဘာ့ဂ်ကို ၁-၀ ဂိုး၊ ထရိုယက်စ်နှင့် တူး လော့စ်တို့ ဂိုးမရှိသရေနှင့် စိန့်အီ တီယန်နှင့် အန်ဂျာတို့ တစ်ဂိုးစီ သရေကျခဲ့သည်။

ထိုအတောအတွင်း ဂျာမန် ဘွန်ဒက်စ်လီဂါတွင် ဟာသာဘာ လင်နှင့် ၀ါဒါဘရီမင်တို့ တစ်ဂိုးစီ သရေကျသောပွဲ၌ တာဝန်ထမ်း ဆောင်ခဲ့သော ဘီဘီယာနာစ တိန်းဟော့စ်သည် ဘွန်ဒက်စ်လီဂါပွဲစဉ်ကို ကိုင်တွယ်ကြီးကြပ်သည့် ပထမဆုံးအမျိုးသမီးဒိုင်လူကြီးဖြစ်လာသည်။

ရဲအရာရှိဟောင်း စတိန်း ဟော့စ် (၃၈)နှစ်သည် ၁၉၉၉ က တည်းက ဂျာမနီဘောလုံးအဖွဲ့ ချုပ် အသိအမှတ်ပြု ဒိုင်လူကြီး ဖြစ်ပြီး ၂၀၀၇ နောက်ပိုင်း ဒုတိယ တန်းပြိုင်ပွဲ ၈၀ ကြီးကြပ်ခဲ့သည်။

အခြားပွဲစဉ်တွင် ရှော်လ် ကေးက စတုဂတ်ကို ၃-၁ ဂိုးဖြင့် အနိုင်ရပြီး ခြောက်မှတ်ရရှိကာ အဆင့် (၅) နေရာ ရပ်တည်နေ သည်။  -Ref:afp/Reuters

Top News