ရုပ်ရှင် အကြိုခံစားခြင်း

HOSPITAL SHIP

ဒီနေ့ ရုပ်ရှင်အကြိုကဏ္ဍမှာတော့ တောင်ကိုရီးယားဒရာမာဇာတ် လမ်းတွဲလေးအကြောင်း ပရိသတ်တွေအတွက် ဖော်ပြလိုက်ပါတယ်။


သင်္ဘောကြီးနဲ့ဆေးကုသတဲ့ အကြောင်း ဇာတ်လမ်းစုံတင်ဆက်ထားတာမို့ ဆရာဝန်ဇာတ်လမ်းလေးတွေကြိုက်တဲ့ ပရိသတ်တော့ သဘောကျမှာသေချာပါ တယ်။ ဆောင်အွန်ဂျယ်ဟာ အင် မတန်သွေးအေးသူတစ်ယောက် ဖြစ်ပေမယ့် ခွဲစိတ်ရာမှာ အရမ်းတော်တဲ့ ဆရာဝန်တစ်ယောက် ပါ။ ဒါကြောင့်မို့လည်း ဆိုးလ်မြို့ က ဆေးရုံကြီးတစ်ခုမှာ အကြီးအ ကဲနေရာအတွက် အခွင့်အရေး များနေသူဆိုရင်လည်း မမှားပါ ဘူး။ 

ကော်ယွန်ကတော့ နာမည် ကြီးဆရာဝန်တစ်ယောက်ရဲ့သား ဖြစ်ပြီး သူ့အဖေကြောင့် ဆရာဝန် ဖြစ်လာပေမယ့် လူမှုရေးလုပ်ငန်း တွေလုပ်ရတာဝါသနာပါသလို လူနာတွေအပေါ် ကြင်နာသလို စိတ်ရှည်ရှည်နဲ့ ဂရုစိုက်သူမို့ သူ့ကိုတော့ လူနာကို ဆေးနဲ့ ကုသ တာထက် အပြုံးနဲ့ကုသသူဆိုရင်ပိုမှန်ပါလိမ့်မယ်။ 

ကင်ဂျယ်ယူကတော့ စစ် တပ်က ဆရာဝန်ဖြစ်ပြီး အရှေ့တိုင်းဆေးပညာကိုသာ ယုံကြည်သူဖြစ်ကာ အနောက်တိုင်းဆေး ပညာနဲ့ ကုသသူတွေကို ကြည့်မရ သူလည်း ဖြစ်ပါတယ်။

တောင်ကိုရီးယားမှာရှိတဲ့ ကျွန်းတွေက လူသူမနီးတဲ့နေရာ တွေကို ဆေးသင်္ဘောကြီးက လိုက် လံဆေးကုသပေးနေတာဖြစ်ပြီး အဲဒီဆေးသင်္ဘောပေါ်ကို ဆောင်အွန်ဂျယ်၊ ကော်ယွန်နဲ့ ကင်ဂျယ်ယူတို့တစ်တွေ အတူတူဆေးကုသဖို့ဖြစ်လာတဲ့အခါမှာ ကြုံတွေ့ရတဲ့ ဆရာဝန်ဇာတ်လမ်းစုံလေးဖြစ်ပါတယ်။

လူငယ်ဆရာဝန်တွေချည်းပဲမို့ ခွဲစိတ်ရာ၊ ဆေးကုသရာမှာခံယူချက်အမျိုးမျိုး၊ ဆုံးဖြတ်ချက်အမျိုးမျိုးနဲ့ ငြင်းရင်းခုန်ရင်းဆေးကုသကြတဲ့ ဇာတ်ကွက်လေးတွေကလည်း စိတ်ဝင်စားစရာပါ။ ပတ်ဝန်းကျင်အသီးသီးကနေ အကျင့်စရိုက်မျိုးစုံနဲ့ရောက်လာကြတဲ့ လူငယ်ဆရာဝန်လေးတွေ ဆေးသင်္ဘောကြီးပေါ်မှာ လုပ်ဖော်ကိုင်ဖက်အသစ်၊ စွန့်စားမှုအသစ်တွေနဲ့ ဘယ်လိုလေ့လာသင်ယူကုသ ကြမလဲဆိုတာကို ရှုစားဖို့ MBC ရုပ်သံလိုင်းကနေ ဗုဒ္ဓဟူးနဲ့ ကြာသပတေး ည ၁၀ နာရီမှာ ပြသနေပါတယ်။

အပိုင်း (၄၀) ရှုစားရမယ့် ဒီဇာတ်လမ်းတွဲလေးမှာ ဟာဂျီဝန်၊ ကန်မင်ယော့၊ လီဆိုဝန်၊ ကင်အင်စစ်၊ မင်အေး၊ ကင်ကွမ်ကျူ စတဲ့သရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။ 

Top News