ရန်ကုန်မြို့တွင်း စာသင်ကျောင်းများတွင် ကျောင်းသားများပုံမှန်တက်ရောက်မှုရှိဟုဆို

မူလတန်းကျောင်းသားထက်ဝက်ခန့် တက်ရောက်မှုမရှိဟု ကျောင်းအချို့ပြော

 မြို့ကြီးများတွင်အကြမ်း ဖက်တိုက်ခိုက်မှုများပြုလုပ်ရန် စီ စဉ်နေသည်ဆိုသည့် သတင်းများ ကြောင့် လုံခြုံရေးအထူးသတိရှိ ရန် အခြေခံပညာကျောင်းများကို အဆင့်ဆင့်ညွှန်ကြားထားပြီးပြည် သူများစိုးရိမ်ပူပန်မှုရှိသော်လည်း စာသင်ကျောင်းများ၌ ကျောင်း သားများ ပုံမှန်လာရောက် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန် ကြားရေးမှူးဒေါ်ဆွေဆွေလဲ့က ပြောသည်။

‘‘ကလေးတွေ ကျောင်းတက် တာတော့တွေ့ရတာပုံမှန်ပဲ။ ၀န် ထမ်းတွေ၊ ဆရာမတွေဂျူတီ စောင့်တာတော့ ပုံမှန်ရှိပြီးသား။ ကျောင်းတက်ချိန်၊ ကျောင်းဆင်း ချိန်၊ စာသင်ချိန်တွေမှာပေါ့။ ကျောင်းသားတွေကတော့ခါတိုင်း ရက်တွေနဲ့အတူတူပါပဲ’’ ဟု ၎င်း ကပြောသည်။

စက်တင်ဘာ ၁၁ ရက်တွင် နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေး မြို့တို့အပါအ၀င် မြို့ကြီးများ၌ အကြမ်းဖက်တိုက်ခိုက်မှုများပြု လုပ်ရန် စီစဉ်နေသည်ဆိုသည့် သတင်းများကြောင့် ကျောင်းသား မိဘများအနေဖြင့် ကလေးများကို ကျောင်သို့လွှတ်ရန် စိုးရိမ်ပူပန်မှု များရှိခဲ့သည်။

‘‘ကလေးတွေ ကျောင်းပျက် တာတော့မရှိဘူး။ ပုံမှန်ပဲတက်နေ ကြတယ်။ ကျောင်းမှာက လုံခြုံပြီး သတိရှိဖို့က ပုံမှန်အချိန်မှာလည်း သတိရှိကြတယ်။ ကျောင်းတိုင်း ကျောင်းတိုင်းမှာလည်း ဆရာမ တွေဂျူတီရှိတယ်လေ။ အားလုံး ပုံမှန်နဲ့အေးအေးချမ်းချမ်းပါပဲ’’ ဟု မန္တလေးတိုင်းဒေသကြီးမှ မြို့ နယ်ပညာရေးမှူးတစ်ဦးက ပြော သည်။ တယ်လီဖုန်းမက်ဆေ့ခ်ျများ၊ ဖေ့စ်ဘွတ်ခ်နှင့် မက်ဆင်ဂျာများမှ တစ်ဆင့် စက်တင်ဘာ ၁၁ ရက်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန်စီစဉ်နေသည်ဆို သည့် သတင်းများကြောင့် ကျောင်းသားမိဘများအနေဖြင့် ကလေးများကို ကျောင်းသို့ လွှတ်ရန်စိုးရိမ်ပူပန်ခဲ့သော်လည်း ပုံမှန် ကျောင်းသွားစေကြောင်း ဒဂုံမြို့ သစ်မြောက်ပိုင်းနေ ကျောင်းသား မိဘတစ်ဦးက ပြောသည်။

‘‘ရပ်ကွက်ထဲက လူတွေက ဖေ့စ်ဘွတ်ခ်သုံးပြီး လန့်နေကြ တာ။ မနက်ကအခြေအနေ ကောင်းတာနဲ့တခြားကလေးတွေ လည်း သွားတာနဲ့ကျောင်းလွှတ် လိုက်တယ်။ ဆရာမတွေလည်း ကျောင်းရှေ့က ထွက်စောင့်ပေး တယ်’’ ဟု ဗဟန်းမြို့နယ်နေ အိမ် ရှင်မတစ်ဦးက ပြောသည်။

သို့သော်ရန်ကုန်မြို့တွင်း နာ မည်ကြီးအစိုးရကျောင်းအချို့ရှိ မူလတန်းကျောင်းသားကလေး ငယ်များသည် အတန်းတစ်တန်း လျှင် ထက်ဝက်ခန့်တက်ရောက် ခြင်းမရှိခဲ့သည်ကိုတွေ့ရသည်။ ‘‘တရားဝင်ညွှန်ကြားထားတာ ကျောင်းပိတ်ပေးတာမျိုးမရှိပေ မယ့် KG ကလေးတွေ တော်တော် များများ မတက်ကြဘူး။ မနက် ဖြန်တော့ တက်၊ မတက်စောင့် ကြည့်ရမယ်’’ ဟု ဗိုလ်တထောင် မြို့နယ်ရှိ အထက်တန်းကျောင်း တစ်ကျောင်းမှ KG အတန်းပိုင် ဆရာမတစ်ဦးက ပြောသည်။

‘‘ဆရာမအတန်းမှာကျောင်း သား ၇၀ ရှိတာ၊ ၂၇ ယောက်ပျက် တယ်။ မူလတန်းက အတန်းတိုင်း မှာ ကျောင်းသား ၂၀ ကျော် လောက်ပျက်တယ်။ ကျန်တဲ့ အ လယ်တန်းနဲ့အထက်တန်းတွေ မှာလည်း အတန်းတစ်တန်းကို ကျောင်းသား ၂၀ ၀န်းကျင် လောက်မလာကြဘူး’’ ဟု လှိုင် သာယာမြို့နယ် အထကကျောင်း မှ မူလတန်းပြဆရာမတစ်ဦးက ပြောသည်။

‘‘ဒီညနေ မြောင်းမြမြို့ကွယ် လွယ်ကျေးရွာက မူလတန်း ကျောင်းမှာတော့ သူငယ်တန်းအ ယောက်တစ်ရာကျော်ရှိတာ တစ် ယောက်ပဲလာတယ်လို့ အဲဒီ ကျောင်းကဆရာကြီးဆီဖုန်းဆက် လို့ သိရတယ်။ အခုရွာက ကျောင်းမှာလည်း ကလေးတွေ မလာကြဘူး။ မူလတန်းအတန်း တစ်တန်းမှာ ၄၀ ကျော်လောက် ရှိတာ ၂၀ လောက်ပဲဒီနေ့ကျောင်း လာတက်ကြတယ်’’ ဟု မြောင်းမြ မြို့နယ်အမက(၂)ဆားမလောက် မှ မူလတန်းပြဆရာမတစ်ဦးက ပြောသည်။

ဘူးသီးတောင်၊ မောင်တောဒေသများကို နိုင်ငံတကာကပိုမိုအာရုံစိုက်လာစေရန်နှင့်  ARSA အစွန်းရောက်အကြမ်းဖက်သမားများအပေါ် ထောက်ခံမှုများတိုး မြှင့်ရရှိလာစေရန် ရည်ရွယ်၍ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှုများလုပ်ဆောင်ရန် ပြင်ဆင်ဆောင်ရွက်နေသည့် သတင်းများရရှိထားခြင်းကြောင့် လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ကြရန် နေပြည်တော်ကောင်စီနှင့်တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအား သတိပေး ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်။