အကြမ်းဖက်သမားခြောက်ဦးကို ဘင်္ဂါလီများက ဖမ်းဆီးပြီး လုံခြုံရေးတပ်ဖွဲ့ထံ အပ်နှံ

 မောင်တောတွင် ဘင်္ဂါလီ တစ်ဦးကို လာရောက်ဖမ်းဆီး သော အစွန်းရောက်အကြမ်းဖက် သမားခြောက်ဦးကို ဘင်္ဂါလီအ ချင်းချင်းက ၀ိုင်းဖမ်းပြီး လုံခြုံရေးတပ်ဖွဲ့ထံ အပ်နှံပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

မောင်တောမြို့နယ်၊ ကညင်တန်းကျေးရွာသို့ ARSA အ စွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သမား ခြောက်ဦး ၀င်ရောက်လာ ပြီး အသက် (၂၄) နှစ်အရွယ် ဘင်္ဂါလီတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်စဉ် ယင်းကျေးရွာနေ အခြားဘင်္ဂါလီများက ၀ိုင်းဝန်းဖမ်းဆီးခဲ့သည်။ စက်တင်ဘာ ၁၁ ရက် နံနက်က ဖြစ်သည့် ယင်းဖြစ်စဉ်တွင် အကြမ်းဖက်သမား ခြောက်ဦးထံမှ ဓားလေးချောင်း၊ လေးခွတစ်လက်တို့ကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ယင်းအကြမ်းဖက်သမား ခြောက်ဦးသည် ဘူးသီးတောင်မြို့ နယ်ရှိ ကျေးရွာခြောက်ရွာမှဖြစ် ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိ သည်။

ဘင်္ဂါလီများက ဖမ်းဆီးကာ လုံခြုံရေးတာဝန်ရှိသူများထံ အပ် နှံပေးသော အကြမ်းဖက်သမား ခြောက်ဦးကို ရဲတပ်ဖွဲ့က စစ်ဆေး နေကြောင်း အမှတ်(၁) နယ်ခြား စောင့်ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်က ပြောသည်။

‘‘အကြမ်းဖက်တာကို နဂိုကတည်းက လက်မခံတဲ့သူတွေရှိတယ်။ သူတို့တွေကိုလည်း သတ်မယ်ဆိုပြီး အစွန်းရောက်တွေက အွန်လိုင်း ပေါ်မှာ ပြောဆိုထားတာ ကျွန် တော်တို့စစ်ဆေးတွေ့ရှိထား တယ်။ ဒါပေမဲ့ ရေရှည်ကို စဉ်း စားမျှော်တွေးတတ်တဲ့သူတွေက နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ရမယ်ဆိုတာ သိကြ တယ်’’ဟု ရဲမှူးချုပ်သူရစန်းလွင်က ပြောသည်။

မောင်တော ဒေသတွင်း အခြေအနေများကို အစိုးရ၏ အစီအစဉ်ဖြင့် သတင်းယူခွင့်ရ စဉ်ကလည်း အကြမ်းဖက်တိုက် ခိုက်မှုများကို လက်မခံသော ဘင်္ဂါလီအချို့က သတင်းဌာန များနှင့်တွေ့ဆုံခဲ့ပြီး အစွန်း ရောက်အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်မည်ဟု သံသယရှိသူများ ကို ဖမ်းဆီး၍ လုံခြုံရေးအဖွဲ့ထံ အပ်နှံပေးနေကြောင်း ပြောသည်။ မောင်တောဒေသတွင် တစ်ကျော့ ပြန် အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်ပွားသော သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၁၁ ရက်အတွင်း အ ကြမ်းဖက်သမား ကိုးဦးကို ဖမ်းဆီး အပ်နှံပေးခဲ့ကြောင်း ဘင်္ဂါလီအချို့က ပြောကြားပြီး ရဲတပ်ဖွဲ့က အတည်ပြုသည်။

Top News