ကျိုက်ထီးရိုးဘုရားဈေးဆိုင်များတွင် ဘုရားပုံတော်ပါအ၀တ်အထည်များ ရောင်းချပါက ဆိုင်ပိတ်သိမ်းအရေးယူမည်

 ကျိုက်ထီးရိုးဘုရား တွင် ဘုရားပုံတော် ရိုက်နှိပ်ထား သော အ၀တ်အထည်များ ရောင်း ချပါက ဂေါပကအဖွဲ့က လုပ်ငန်း ပိတ်သိမ်းသည်အထိ အရေးယူ မည်ဖြစ်သည်။

ယခုနှစ် ကျိုက်ထီးရိုးဘုရား ပွဲရာသီအတွင်း အ၀တ်အထည် များ ရောင်းချသည့် လက်ဆောင် ပစ္စည်းဆိုင်များတွင် ဘုရားပုံ တော်ပါ အ၀တ်အထည်များကို မရောင်းချရန် ဈေးသူ၊ ဈေးသား များသို့ ဂေါပကအဖွဲ့ကစည်းကမ်း ချက်ထုတ်ပြန်ထားသည်။


‘‘မနှစ်ကတော့ ရောင်းတဲ့ ဆိုင်တွေကို ကြည့်နေပါတယ်။ ဒီနှစ်ကတော့ ခွင့်ပြုမှာမဟုတ်ပါ ဘူး။ ကျိုက်ထီးရိုးဘုရားက အင် မတန် တန်ခိုးကြီးတဲ့ဘုရားပါ။ အင်္ကျီတွေကို  ကောင်းတဲ့အချိန် ဆို ၀တ်မယ်။  မကောင်းတဲ့အချိန်တွေဆိုရင် လက်သုတ်ခြေသုတ်ကြတော့ ဘုရားပုံတော်တွေပါ တော့ မသင့်တော်ပါဘူး’’ဟု ဂေါပကအဖွဲ့ဝင် ဒေါက်တာခင်ဆောင် က ပြောသည်။

 ဂေါပကအဖွဲ့က ထုတ်ပြန် သည့် စည်းကမ်းများကို ယခုဘုရားပွဲရာသီတွင် လိုက်နာမှုမရှိပါက သတိပေးခြင်းမရှိဘဲ ဆိုင်ကို ချက် ချင်းပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူးဦးစိုးလှက ဆို သည်။

 ကျိုက်ထီးရိုးဘုရားတွင် ဈေးရောင်းချသူများသည် ဂေါပ ကအဖွဲ့က သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်း ရောင်းချရမည် ဖြစ်ပြီး ဈေးတင်ရောင်းချပါက ထိထိရောက်ရောက် အရေးယူမည်ဟု ဦးစိုးလှကဆိုသည်။

‘‘ဘုရားပုံတော်ရိုက်ထားတဲ့ အထည်တွေတော့ ရောင်းလို့မရ ဘူးလို့ ဂေါပကအဖွဲ့က စည်း ကမ်းထုတ်ပြန်ထားတယ်။ ဒါပေ မဲ့ ဘုရားနာမည်ကိုတော့ အထည် မှာ ရိုက်လို့ရတယ်။ မနှစ်ကတော့ ရောင်းတဲ့ဆိုင်တွေ ရှိတယ်။ ဒါ ပေမဲ့ ဒီနှစ်မှာ ပေးမရောင်းတော့ ဘူးလို့ ပြောတာပဲ။ တကယ်အ ရေးယူ၊ မယူတော့ မသိဘူး’’ဟု ရင်

ပြင်တော်တွင် လက်ဆောင်ပစ္စည်း ရောင်းသည့် ဈေးဆိုင်ရှင်တစ် ဦးက ပြောသည်။

More in Regional Section

Top News