ကေတုအိုးဝေတော်လှန် သံချပ်အဖွဲ့ကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က အမှုပြန်လည်ရုပ်သိမ်း

 တောင်ပိုင်းတိုင်းစစ်ဌာန ချုပ်က နိုင်ငံတော်အကြည်ညို ပျက် စေမှုပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုထားသည့် ကေတုအိုးဝေတော်လှန်သံချပ်အဖွဲ့ကို အမှုပြန် လည်ရုပ်သိမ်းခဲ့ကြောင်း အဆိုပါ သံချပ်အဖွဲ့က သတင်းထုတ်ပြန် သည်။

တောင်ငူမြို့နယ် တရားရုံး တရားခွင်ရှေ့မှောက်တွင် စက် တင်ဘာ ၁၂ ရက် ရုံးချိန်း၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးတစ်ဦးက ထွက်ဆိုရုပ်သိမ်းခဲ့ကြောင်း တရားစွဲဆိုခံရသူ ကိုအောင်ထက်က ပြောသည်။

အမှုရုပ်သိမ်းကြောင်းစာကို  တရားလိုရှေ့နေမှ မြို့နယ်ဥပဒေ ရုံးသို့ ထပ်မံတင်ပြမည်ဖြစ်ပြီး ရုံး ချိန်းကို စက်တင်ဘာ ၁၉ ရက် သို့ ပြန်လည်ချိန်းဆိုကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် သင်္ကြန်ကာလ တွင် ဖျော်ဖြေခဲ့သော ၁၀/၁၀ မျိုး ဆက်သစ် ဗကသ ကျောင်းသား လူငယ်အင်အားစု ကေတုအိုးဝေ တော်လှန်သံချပ်အဖွဲ့မှ သံချပ်စာ သားများနှင့်ပတ်သက်၍ ဦးဆောင် သူကိုအောင်ထက်နှင့် ဝေယံသိန်း (ခ) ဗစ်တာတို့ကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီးတစ်ဦးက ဇွန်လ ၁၉ ရက်၌ တရားလိုပြုကာ တိုင်တန်းခဲ့ခြင်းဖြစ်သည်။ ဧပြီ ၁၃ ရက် သင်္ကြန်အကြို နေ့တွင် တိုင်းဒေသကြီး လွှတ် တော် ကိုယ်စားလှယ် ဦးမိုးမခ ဦးစီးသည့် တောင်ငူမြို့ (၉)ရပ် ကွက်ရှိ မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်းဦးစီးသည့် တက္က သီလာမဏ္ဍပ်၊ တောင်ငူမြို့ (၁၈) ရပ်ကွက် ကန်လမ်းဗိုလ်ချုပ်ကြေး ရုပ်တုအနီး တိုင်းဒေသကြီးလွှတ် တော်  ကိုယ်စားလှယ် ဦးအေးမင်းဝင်းဦးစီးသည့် နွေပိတောက် မဏ္ဍပ်တို့၌ ကေတုအိုးဝေတော် လှန်သံချပ်အဖွဲ့က ဖျော်ဖြေခဲ့ သော သံချပ်စာသားများနှင့်ပတ် သက်၍ တပ်မတော်က တရားစွဲ ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်  အကြည်ညိုပျက် စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲ ဆိုခံထားရသည့် ကေတုအိုးဝေ တော်လှန်သံချပ်အဖွဲ့မှ တောင်ငူ ဗကသဒုတိယဥက္ကဋ္ဌ ဝေယံသိန်း (ခ) ဗစ်တာနှင့် ကိုအောင်ထက်တို့ အား တရားစွဲဆိုထားသည့်အမှုကို ရုပ်သိမ်းပေးခဲ့ကြောင်း စက်တင် ဘာ ၁ ရက်တွင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ခဲ့သည်။

More in News Section