ဦးအောင်ရွှေတစ်လပြည့် ဆွမ်းကပ်ပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒီချုပ်ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း ဦးအောင် ရွှေကွယ်လွန်ခြင်းတစ်လပြည့်အ ထိမ်းအမှတ်ဆွမ်းကပ်လှူဒါန်း ခြင်းအခမ်းအနားကို စက်တင်ဘာ ၁၂ ရက်က ဗဟန်းမြို့နယ်ရှိ ဒီချုပ်ဌာနချုပ်ရုံးတွင် ပြုလုပ်ခဲ့ရာ ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်ဒီချုပ်ထိပ် ပိုင်းခေါင်းဆောင်များ    တက် ရောက်ခဲ့သည်။

ဦးအောင်ရွှေ၏မိသားစုဝင် များနှင့် ဒီချုပ်ခေါင်းဆောင်များက ပဏ္ဍိတာရာမရွှေတောင်ကုန်းသာ သနာ့ရိပ်သာ မဟာနာယကဘီး လင်းဆရာတော်ကြီး အမှူးပြု သော သံဃာတော်ငါးပါးအား ဆွမ်း၊ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထု များကို ဆက်ကပ်လှူဒါန်းခဲ့ပြီး တရားတော်များနာယူခဲ့သည်။

‘‘ဒကာကြီး ဦးအောင်ရွှေ ဆောင်ရွက်ခဲ့တဲ့ ကျေးဇူးဂုဏ်တွေ ဟာ အများကြီးပဲ။ မိသားစုတွေ အတွက်ရော၊ မိမိတို့အဖွဲ့အတွက် ရော နိုင်ငံတော်အတွက်ရော အားလုံးဟာ အများကြီးကျေးဇူးပြု ခဲ့တယ်။ အဲဒီကျေးဇူးတရားတွေ ကို ပြန်ပြီး သတိရတာ။ ကျေးဇူး ပြန်ပြီးတော့ ဆပ်နိုင်တာဟာ အလွန်ကို တန်ဖိုးရှိပါတယ်’’ ဟု ဘီးလင်းဆရာတော်ကြီးက မိန့်ကြား၍ ကုသိုလ်ကောင်းမှုအစုစုအ တွက် ကွယ်လွန်သူ ဒီချုပ်ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေအား ရည်စူးကာ အမျှအတန်းပေးဝေခဲ့သည်။

ဦးအောင်ရွှေ သက်ရှိထင် ရှားရှိချိန်က ၎င်း၏နိုင်ငံရေးခံယူ ချက်နှင့်ပတ်သက်၍ ‘‘သူက ဗိုလ် ချုပ်အောင်ဆန်းတို့နဲ့ တွဲခဲ့ရတာ ကို။ ဗိုလ်ချုပ်ရဲ့သမီးကို ကျွန်တော် တို့က ဝိုင်းဝန်းကူညီပြီး စောင့်ရှောက်တာပဲတဲ့။ ကျွန်တော်တို့က ဗိုလ်ချုပ်ကို ကျေးဇူးဆပ်နေတာ တဲ့။ သူက ဒါပြောတယ်။ အဓိကတော့ သူလုပ်ခဲ့ ကိုင်ခဲ့တဲ့အခါမှာ ဒီနှစ်ချက်ကို ခံယူချက်ယူပြီး နောက်ဆုံးနားတဲ့အချိန်ထိ တာ ဝန်ထမ်းဆောင်ပေးသွားတယ်’’ ဟု ဒီချုပ်ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အမှတ်တရစကား    ပြောကြား သည်။

ဦးအောင်ရွှေသည် တပ်မ တော်တွင် ဗိုလ်မှူးချုပ်အဆင့်အ ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၈ အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ကို စတင်တည်ထောင်ရာ တွင် ပါဝင်ခဲ့ကာ ဗဟိုအလုပ်အမှု ဆောင်စည်းရုံးရေးဌာနမှူးအဖြစ် လည်းကောင်း၊ ၁၉၉၁ မတ်လ ၂၆ ရက်တွင် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ကို ပြောင်းလဲဖွဲ့စည်း ခဲ့ရာ၌ ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူခဲ့သည်။

ဦးအောင်ရွှေသည် သြဂုတ် ၁၃ ရက်ညက အသက်(၁၀၁)နှစ် အရွယ်တွင် လူကြီးရောဂါဖြင့် ရန်ကုန်မြို့ရှိ ဝိတိုရိယဆေးရုံ၌ ကွယ်လွန်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်း မြင့်အပါအဝင် ဦးဉာဏ်ဝင်း၊ ဦး အုန်းကြိုင်၊ ဒေါက်တာမေဝင်းမြင့်၊  ဦးအောင်စိုး၊ ဦးမျိုးညွန့် စသော ဒီချုပ်ဗဟိုအလုပ်အမှုဆောင်အ ဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ တိုင်း လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်အ သီးသီးမှ အဖွဲ့ချုပ်အဖွဲ့ဝင်များ၊ ဌာနချုပ်ရုံးအဖွဲ့ဝင်များ တက် ရောက်ခဲ့သည်။

More in News Section

Top News