ကိုယ့်အမှတ်တံဆိပ် ကိုယ့်လက္ခဏာနဲ့ကမ္ဘာ

(တစ်)

နှစ်ဆယ်ရာစုအထွက် နှစ်ဆယ့်တစ်ရာစုအဝင် နှစ်ကာလများ၌ Non-fiction ခေါ် ဝတ္ထုမဟုတ် သည့်စာများကို ရေးသားသည့် မြန်မာစာရေးဆရာအချို့၏ကျေး ဇူးဖြင့် သဘောတရားအသစ်များ နှင့်အတူ ဝေါဟာရအသစ်များ လည်း မြန်မာ့လူမှုဘဝထဲသို့ ဝင် ရောက်လာခဲ့ပါသည်။ ဤ၌ လူသိအများဆုံး၊ လူသုံးအများဆုံးဝေါ ဟာရက ဂလိုဘယ်လိုက်ဇေးရှင်း (Globalization)ပဲ ဖြစ်ပါသည်။

မည်သည့်ဆရာ၏ဘာသာ ပြန်ချက်က တိကျ၊ ထိမိ၊ ကျစ် လျစ်၊ လှပသလဲဆိုသည်ကို ကျွန် တော်အကဲဖြတ်နိုင်စွမ်းမရှိပါ။ ဝေါဟာရ၏ အနက်အဓိပ္ပာယ်က မူ တော်တော့ကို နက်ရှိုင်းပါသည်။ကမ္ဘာပြုမှု၊ ကမ္ဘာနှင့်လွှမ်းခြုံကာ စဉ်းစားရှင်သန်နေထိုင်တတ်မှု။ လူသည် ကိုယ့်အမျိုးသားလက္ခ ဏာအမှတ်အသားပေါ်၌ အသေ ရပ်ကာ မနေဘဲ ကမ္ဘာသူကမ္ဘာ သားလိပ်ပြာဖြင့် ကျယ်ပြန့်သော သဘောထားနှင့် ရှင်သန်နိုင်စွမ်း ရှိမှုသို့ ဦးတည်သည့် ဝေါဟာရပင် ဖြစ်ပါသည်။ ငါ့အယူအဆ၊ ငါ့ ယုံကြည်ကိုးကွယ်ရာ၊ ငါ့ဓလေ့ ထုံးစံ၊ ငါ့ယဉ်ကျေးမှု စသည့် အခု အခံ အစွဲအလမ်းတို့ကို ပါးလျစေ ကာ ကမ္ဘာသူ၊ ကမ္ဘာသားဟူသည့် အသိဖြင့် ကိုယ်မှတစ်ပါး အခြား သော အရာများကိုလည်း နား လည်ပေးနိုင်ရေးပင်ဖြစ်ပါသည်။

ဤ၌အချို့က ဂလိုဘယ်လိုက်ဇေးရှင်းဆိုသည်မှာ Ame-ricanization လုပ်ခြင်းအဖြစ် မြင်သူများရှိပါသည်။ အမေရိကန်ပြု မှုဟုဆိုကြပါစို့။ Westernization အဖြစ် မြင်သူတို့ကလည်း မြင်ကြ ပြန်ပါသည်။ အနောက်တိုင်းဆန် အောင် ပြုမူ၊ အနောက်တိုင်းပုံစံ သွတ်သွင်းမှုဟုဆိုကြပါစို့။

ကျွန်တော်တို့သည် ကိုယ်မှ တစ်ပါး အခြားသောအရာများကို နားလည်လက်ခံပေးရန် လိုအပ်သည်မှာ ငြင်းမရသည့်သဘော ထားဖြစ်သော်လည်း မိမိ၏ထင် ရှားသည့် အမျိုးသားအမှတ်လက္ခ ဏာများကို ဖျောက်ဖျက်ပစ်ရန် မှာကား ဖြစ်နိုင်ကောင်း၏ဟု မထင်ပါ။

ဤ၌ ဆရာ့ဆရာတို့ ယူငင် သုံးစွဲသည့် အဆိုအမိန့်ကလေး တစ်ခုကို ကျွန်တော်ကြိုက်ပါ သည်။

Sit locally,

Think Globally တဲ့။

နေတော့ ကိုယ့်ရပ်ကိုယ့်ရွာ၊ စဉ်းစားတော့ ကမ္ဘာနဲ့ချီစမ်းပါတဲ့။ လူသည် ကိုယ့်အမှတ်လက္ခဏာများကို ထိန်းသိမ်းရင်းက ကမ္ဘာ ကြည့်ကြည့်မြင်ကာ နေစွမ်းနိုင်ဖို့ ပဲဟု နားလည်ရပါသည်။

(နှစ်)

 လူငယ် စာရေးဆရာတစ် ယောက်က သူ့ခံစားချက်များကို ကျွန်တော့်ရှေ့၌ ရင်ဖွင့်ဖူးပါသည်။

ဂျပန်ဆာကေးသည် အပူအအေးနှစ်မျိုးသောက်နိုင်သည့် ဂျပန်ရိုးရာအရက်ဖြစ်သည်။ ကမ္ဘာကျော်အရက်တို့ မည်မျှပင် အရှိန်အဝါကြီးမားကာ လူကုံထံ တို့အလယ်၌ နေရာရနေစေကာမူ ဂျပန်အမျိုးသားတို့သာမက ကမ္ဘာ ကလည်း ဆာကေးကို အမြတ်တ နိုးသောက်ကြပါသည်တဲ့။ ယခုအ ခါ ရန်ကုန်လို မြို့ကြီးများရှိ ဂျပန် ရိုးရာ စားသောက်ဆိုင်များတွင် ဆာကေးကို ဈေးကြီးပေး၍ သောက်နိုင်ကြပြီမဟုတ်လား။

ထို့အတူ ကိုရီးယား ဆိုဂျူ၊   ကိုရီးယားရိုးရာအရက်။ သူတို့က သူတို့အရက်ကို အမြတ်တနိုးဖြင့် သောက်ပြပါသည်။ သို့ဖြင့် ကိုရီး ယားဆိုဂျူက ကမ္ဘာ့အပြင်သို့ ထွက်လာကာ မြန်မာနိုင်ငံအတွင်း ရှိ မြို့ကြီးကြီး ဆိုင်ကြီးကြီးများ၌ ဆိုဂျူက အမြတ်တနိုးသောက်စ ရာ ပစ္စည်းဖြစ်လာပါသည်တဲ့။

ထို့ပြင် ကိုရီးယားကင်ချီ၊ တ ကယ်က ချဉ်ဖတ်ပဲဖြစ်ပါသည်။ ခပ်ကြမ်းကြမ်းလွှမ်းခြုံ၍ ပြောရ လျှင် ရှမ်းတောင်တန်းကြီးတို့အ ပေါ်က မုန်ညင်းချဉ်ဆန်ဆန်ပဲဖြစ် ပါသည်။ သို့သော် သူတို့၏ရုပ်ရှင် များ၊ သူတို့၏စာပေများက တစ် ဆင့် ဖတ်ရ၊ ရှုရ၊ မြင်ရ၊ ကြားရနှင့်မို့ ကမ္ဘာကြီးက ကင်ချီကို စားလို စိတ်များဖြစ်ပေါ်လာသည်အထိ သူတို့၏အမျိုးသားအမှတ်လက္ခ ဏာတို့က ထိုးဖောက်ဝင်ရောက် လာပါသည်တဲ့။

ပြောကြစို့ဆိုလျှင် နိုင်ငံများ၊ လူမျိုးများက သူတို့၏အမှတ်တံ ဆိပ်လက္ခဏာများကို ကမ္ဘာက ရင်းနှီးလာစေရန်၊ ကမ္ဘာက ချစ် လာစေရန်၊ ကမ္ဘာက လက်ခံလာ စေရန်ကို ဂလိုဘယ်လိုက်ဇေးရှင်း ဆိုသည်ကြီး၏ ကြားထဲကပင် လျှင် တင်သွင်းကြရ၊ တင်ဆက် ကြရမြဲဖြစ်ပါသည်။ ကမ္ဘာမှုပြု ကာ မည်သူကမျှ ကိုယ့်အမျိုးသား လက္ခဏာများကို မှေးမှိန်သွား အောင် လုပ်လိမ့်မည်ဟု မထင် ပါ။

(သုံး)

ကမ္ဘာကြီးက ဂလိုဘယ် (Global) နှင့် လိုကယ်(Local) လွန်ဆွဲနေသည့် ကမ္ဘာကြီးဖြစ်ပါသည်။

ဥရောပနိုင်ငံတို့စုစည်းကာ ဥရောပသမဂ္ဂဟု လုပ်ပါ၏။ သို့ သော် အချို့အချို့သော ဥရောပ နိုင်ငံသားတို့ ဗြိတိန်၌ အခြေချနေ ထိုင်မှုများပြားလာလေသောအခါ လူထုအချို့ထံက မကျေမနပ်သံ ကလေးများ ထွက်လာပါသည်။ သို့ဖြင့် ၂၀၁၆ ဇွန်လ ၂၃ ရက်၌ ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်မလား၊ မထွက်ဘူးလားအထိ ဆန္ဒခံယူပွဲလုပ်ခဲ့ရလေရာ အများက ခွဲထွက်ရန် ဆန္ဒပြုလာကြပါသည်။

၂၀၁၆ ရွေးကောက်ပွဲ၌ ဒေါ်နယ်ထရန့်အောင်ပွဲဆင်သွားခဲ့ရ သည်မှာလည်း အမေရိကန်ကို ထိ ရင် မီးပွင့်သွားမယ်ဟူသော အမျိုး သားရေး လက္ခဏာရပ်များဖြင့် အောင်ပွဲဆင်ခဲ့ခြင်းပင် ဖြစ်ပါ သည်။

ရွေးကောက်ပွဲနှစ်ကြိမ် အနိုင်ရကာ ယခုအထိ ဂျာမနီဝန်ကြီးချုပ် လုပ်နေသည့် အန်ဂျလာမာကယ် အခုအခါ လူထုထောက်ခံမှုကျ ဆင်းနေရသည်မှာ ကမ္ဘာ့ဒုက္ခသည် များ၏လူ့အခွင့်အရေးကို ကြည့် လွန်းသဖြင့် အမျိုးသားရေးဘက် ၌ အားနည်းလာကာ ဂျာမနီလူထု က မကြိုက်တော့ခြင်းဖြစ်သည်ဟု ဆိုပါသည်။

 ဂလိုဘယ် လိုက်ဇေးရှင်း အော်ရင်းဟစ်ရင်းက ကမ္ဘာကြီး ရှေ့မတိုး နောက်မဆုတ်သာ ဖြစ် နေခြင်းဖြစ်ပုံရပါသည်။

ကျွန်တော်တို့သည် Think Globally ဆိုသည့်အတိုင်း ကမ္ဘာ နှင့်အတူ ရှိနေဖို့ တွေးနေဖို့ လိုသ လို Sit Locally ဟူသည့်အတိုင်း ဒေသန္တရအထိုင်ကနေ ရပ်တည် နေကြရခြင်းဖြစ်ပါသည်။

ကိုယ့်ဆံပင်၊ ကိုယ့်မျက်လုံး၊ ကိုယ့်အသား၊ ကိုယ့်ဘဝပုံရိပ်၊ ကိုယ့်ဓလေ့ထုံးစံများကို မေ့ ပျောက်ပစ်ရန်မှာကား မဖြစ်နိုင်ပါ။ တည်တံ့အောင်နှင့် အများက သိ လာအောင် ဆောင်ရွက်ရန်ပဲဖြစ် ပါသည်။ မြန်မာနိုင်ငံနှင့် တိုင်းရင်း သားညီနောင်မောင်နှမများ စောင့် ရှောက်ကာကွယ်နိုင်ကြပါစေ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)