မငြိမ်းချမ်းသောဒေသမှ ပညာသင်ကြားရေး လိုအပ်ချက်တွေကို ကြည့်ခွင့်ရမယ့် သရာစောထိဇာတ်ကား

ဓာတ်ပုံ-ကျော်ဇင်သန်း

မြန်မာ့ဒီမိုကရေစီ ရက်သတ္တပတ် ရုပ်ရှင်ပွဲတော်တွင် ပြသမည့် ‘သရာ စောထိ’ ရုပ်ရှင်ဇာတ်ကားတွင် မငြိမ်းချမ်းသေးသည့် ဒေသများ မှ ကလေးငယ်များ၏ ပညာသင် ကြားရေး လိုအပ်ချက်များကို ထောက်ပြထားကြောင်း သရုပ် ဆောင်ထွန်းထွန်းက ပြောသည်။ 


‘‘ရန်ကုန်တို့၊ မန္တလေးတို့ မြို့ ပြတွေရဲ့ပညာရေးစနစ်တွေက တော့ ကျောင်းသွားတယ်၊ ကျူရှင် တက်တယ်။ ကျောင်းကားလေး တွေနဲ့ အကြိုအပို့လုပ်တော့ ကလေးတွေအတွက် လွယ်ကူ တယ်။ ဟိုမှာကျ အဲဒီလိုမဟုတ် ဘူး။ လမ်းလျှောက်ရတာကို မိုင်နဲ့ ချီတယ်။ အရင် မငြိမ်းချမ်းသေးတဲ့ကာလမှာဆိုရင် တော်တော်အ ခက်အခဲရှိမယ်ထင်တယ်’’ဟု ၎င်း က ပြောသည်။ 

ယင်းဇာတ်ကားကို ကရင် ပြည်နယ် သံတောင်၊ လိပ်သို စသည့် ဒေသများတွင် သွားရောက် ရိုက်ကူးခဲ့ပြီး ယင်းဇာတ်ကား ရိုက်ကူးချိန်တွင် ရာသီဥတုဆိုးရွား နေသောကြောင့် သတ်မှတ်ထား သည့် ရိုက်ကူးရက်ထက် ပိုမိုကြာမြင့်ခဲ့ကြောင်း ၎င်းက ဆိုသည်။ 

ယင်းဇာတ်ကားတွင် ထွန်း ထွန်းက တက္ကသိုလ်ဝင်တန်းမ အောင်သော်လည်း ၎င်း၏ဒေသမှ ဆရာလိုအပ်ချက်ရှိနေသည့် ကလေးများအတွက် စေတနာ့ဝန် ထမ်းအဖြစ် ကူညီဆောင်ရွက် ပေးသူတစ်ဦးအဖြစ် ပါဝင်သရုပ် ဆောင်ထားသည်။ 

‘‘ကလေးတွေနဲ့ ရိုက်ခဲ့ရတာ က အမှတ်တရပါပဲ။ ကလေးတွေ ကို စာသင်နေတဲ့ ဆရာတွေဆိုရင် ကလေးတွေနဲ့ တာဝန်အရ ခွဲခွာ တဲ့အချိန်မှာ ဘယ်လောက်တောင် သံယောဇဉ်ဖြစ်ကြမလဲမသိဘူး။ ကျွန်တော်တို့တောင် ဆရာမဟုတ် ဘဲ သံယောဇဉ်ဖြစ်မိတယ်’’ဟု ကလေးများနှင့် ရိုက်ကူးခဲ့ရသည့် ခံစားချက်ကို ပြောသည်။ 

သရာစောထိရုပ်ရှင်ဇာတ် ကားသည် မောင်သူရ(ဇာဂနာ) ၏ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက် တာ စံရွှေမောင်(အောင်လွင်)က ရိုက်ကူးပုံဖော်ထားပြီး ထွန်းထွန်း၊ ယုသန္တာတင်၊ ယဉ်လတ်နှင့် ကိုပြည့်တို့က အဓိကပါဝင်သရုပ် ဆောင်ထားသည်။ 

အဆိုပါရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာ ၁၅ ရက်မှ ၂၁ ရက် အထိ ပြုလုပ်မည့် မြန်မာ့ဒီမိုကရေ စီရက်သတ္တပတ်ရုပ်ရှင်ပွဲတော် တွင် ပြသမည်ဖြစ်ပြီး ၎င်းရိုက်ကူး ခဲ့သည့် ရုပ်ရှင်ဇာတ်ကားများ၌ ရိုက်ကူးချိန်နှင့် ရုံတင်ချိန်အမြန် ဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်သည်ဟု ထွန်းထွန်းက ဆိုသည်။ 

Top News