ဒေါ်အောင်ဆန်းစုကြည် ကုလညီလာခံတက်၊ မတက် သမ္မတရုံး အဖြေမပေး

ဒေါ်အောင်ဆန်းစုကြည် အခမ်းအနားတစ်ခုတွင် မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ-စိုင်းဇော်)

(၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖြစ်၊ မဖြစ် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ထုတ်ပြန်ကြေညာမည်ဟု သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက 7Day News ၏စုံစမ်းမေး မြန်းချက်အရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂအထွေ ထွေညီလာခံသို့တက်ရောက်မည်ဟု သိရသော်လည်း ယမန်နေ့က BBC မြန်မာပိုင်းသတင်းဌာနက ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်မဟုတ်ဟု ဖော်ပြခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ထံ 7Day News က ဆက်သွယ်မေးမြန်းရာ ‘‘ပြောလို့မရဘူး။ နီးရင်သတင်းစာမှာ ထည့်မယ်လေ’’ဟု ဖြေကြားသည်။

(၇၂)ကြိမ်မြောက် ကုလ သမဂ္ဂအထွေထွေညီလာခံကို စက်တင်ဘာ ၁၂ ရက်မှ ၂၅ ရက်အထိ အမေရိကန် နယူးယောက်ရှိဌာနချုပ်၌ ပြုလုပ်မည်ဖြစ်သည်။

BBC မြန်မာပိုင်းသတင်း ဌာန၏ ဖော်ပြချက်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်ဖြစ်၍ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက မကြာမီရက်ပိုင်းအတွင်း ညီလာခံသို့ တက်ရောက်မည်ဟု သတင်းရင်းမြစ်မဖော်ပြဘဲ ရေးသားထားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည်ယခင်နှစ်က ပြုလုပ်သော ကုလသမဂ္ဂအထွေထွေညီလာခံ သို့တက်ရောက်ကာ အထွေထွေမူ ၀ါဒရေးရာမိန့်ခွန်း ပြောကြားခဲ့ သည်။

More in Politics Section

Top News