Nok Air လေကြောင်းလိုင်း ရန်ကုန်နှင့် မဲဆောက်ခရီးစဉ်သစ်စတင် ပျံသန်းမည်

 Nok Air လေကြောင်း လိုင်းက ရန်ကုန်နှင့် မဲဆောက်လေ ကြောင်းလိုင်းသစ်ကို ပထမဆုံး စတင်တိုးချဲ့ ပြေးဆွဲမည်ဖြစ် သည်။

ခရီးစဉ်ကို အောက်တိုဘာ တွင် စတင်မည်ဖြစ်ပြီး တစ်ပတ် လျှင် သုံးရက်ပျံသန်းပြေးဆွဲရန် Nok Air က ရည်ရွယ်ထားသည်။

ရန်ကုန်နှင့် မဲဆောက်လေ ကြောင်းလိုင်းသစ်သည် မြန်မာနိုင် ငံတွင် အခြားလေကြောင်းလိုင်း များ၌ ပြေးဆွဲခြင်း မရှိသေးသော ကြောင့် Nok Air က ပထမဆုံးစ တင်ပြေးဆွဲခြင်းဖြစ်သည်။

 ‘‘ဒီလေကြောင်းလိုင်းသစ်က စီးပွားရေးသမားတွေအတွက် ရော၊ ခရီးသွားတွေအတွက်ရော အများကြီး အကျိုးရှိအသုံးဝင်မယ့် လိုင်းတစ်ခုဖြစ်လာမှာပါ။ အထူး သဖြင့် နှစ်နိုင်ငံ ကုန်သွယ်ရေးအ တွက်လည်း အများကြီး အကျိုးရှိမှာ ဖြစ်ပါတယ်’’ ဟု Nok Air  စီအီးအိုMr.Patee Sarasin က ပြောသည်။

ရန်ကုန်-မဲဆောက်ခရီးစဉ် ကို တစ်ပတ်လျှင် အင်္ဂါ၊ သော ကြာနှင့် တနင်္ဂနွေနေ့တို့တွင် ခရီး သည် ၈၀ ကျော်တင်ဆောင်နိုင် သော ATR လေယာဉ်အမျိုးအစားဖြင့် ပျံသန်း ပြေးဆွဲမည်ဖြစ်ကြောင်း Nok Air သတင်းထုတ် ပြန်ချက်၌ ဖော်ပြထားသည်။

Nok Air လေကြောင်းလိုင်း သည် လက်ရှိတွင် ရန်ကုန်နှင့် ဘန်ကောက်၊ ရန်ကုန်နှင့်ဟနွိုင်း ခရီးစဉ်များ ပျံသန်းပြေးဆွဲနေပြီး ယခုပြေးဆွဲမည့် ခရီးစဉ်သစ်အတွက် ကုန်ကျစရိတ်ကို ထုတ်ပြန်ချက်၌ ဖော်ပြထားခြင်း မရှိပေ။

မြန်မာနိုင်ငံတွင် လက်ရှိလေ ယာဉ်ကွင်း ၆၉ ခုအနက် အပြည် ပြည်ဆိုင်ရာ လေဆိပ်အပါအဝင် ပြည်တွင်းလေဆိပ် ၃၁ ခုရှိပြီး အ ပြည်ပြည်ဆိုင်ရော လေကြောင်း လိုင်း ၂၈ လိုင်းနှင့်ပြည်တွင်းလေ ကြောင်းလိုင်း ၁၀ လိုင်းပြေးဆွဲ နေသည်။

More in News Section

Top News