ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးတာဝန်ထမ်းဆောင်စဉ် လက်ကိုင်ဖုန်းမသုံးရန် သတိပေး

မန္တလေးမြို့တွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ − ဖြိုးဖြိုးဇော်)

ရဲတပ်ဖွဲ့ဝင်များ တာ ၀န်လစ်ဟင်းမှုမရှိစေရန် လုံခြုံ ရေးတာဝန်ထမ်းဆောင်နေစဉ် ဆက်သွယ်ရေးကိစ္စရပ်များမှ လွဲ ၍ လက်ကိုင်ဖုန်းအသုံးမပြုရန် သတိပေးထားကြောင်း မန္တလေး တိုင်းရဲအကူတပ်ဖွဲ့ခွဲမှ ဒုရဲမှူး ကြီးဝင်းချွန်က ပြောသည်။

လုံခြုံရေး တာဝန်ထမ်း ဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် လက်ကိုင်ဖုန်းအသုံးပြု ၍ ဖေ့စ်ဘွတ်ခ်အသုံးပြုနေခြင်း၊ လက်ကိုင်ဖုန်းကို အာရုံစူးစိုက် နေခြင်းများ ပြုလုပ်နေသည်ကိုတွေ့ရှိပါက ပထမအကြိမ်နှင့်ဒုတိယအကြိမ်တွင် သတိပေးပြီး တတိယအကြိမ်မြောက် ကျူးလွန်ပါက အုပ်ချုပ်မှုနည်းလမ်းဖြင့် ပြစ် ဒဏ်ပေးမည်ဟု ၎င်းကဆိုသည်။

‘‘တချို့တာဝန်ထမ်းဆောင် ချိန်မှာ လက်ကိုင်ဖုန်းပွတ်နေရင် စစ်ဆေးရမယ့် ကိစ္စရပ်တွေ၊ မသင်္ကာတဲ့ကိစ္စရပ်တွေကို ပြည့်စုံ အောင် မလုပ်နိုင်ဘူး။ ကိုယ်ပိုင် အနားယူတဲ့အချိန်ကတော့ အသုံး ပြုလို့ရပေမယ့် တာဝန်ချိန်တွေမှာ တော့ သုံးလို့မရပါဘူး’’ ဟု ဒုရဲ မှူးကြီးဝင်းချွန်က ပြောသည်။

သတိပေးတားမြစ်ထားသည် ကို မလိုက်နာဘဲ လက်ကိုင်ဖုန်း အသုံးပြုပါက အုပ်ချုပ်မှုနည်း လမ်းဖြစ်သော အချိန်ပိုတာဝန် ထမ်းဆောင်ခိုင်းခြင်း၊ သန့်ရှင်း ရေးတာဝန်ထမ်းဆောင်ခိုင်းခြင်း များကဲ့သို့ ပြစ်ဒဏ်မျိုးဖြင့် အပြစ် ပေးမည်ဟု ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအ တွင်း အကြမ်းဖက်မှုများ၊ ဖောက် ခွဲမှုများ မဖြစ်ပွားစေရန်မြို့ဝင်မြို့ ထွက်များ၊ လူစည်ကားသည့်နေ ရာများတွင် နေ့ညလုံခြုံရေးလှည့် ကင်းဆောင်ရွက်ခြင်းများ၊ ပိတ် ဆို့ရှာဖွေစစ်ဆေးမှုများ ဆောင် ရွက်နေကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

More in News Section

Top News