ပလက်ဝတွင် မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

 မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)တို့ တိုက်ပွဲဖြစ်ပွားသော ချင်းပြည် နယ် ပလက်ဝမြို့နယ်တွင် စက်တင်ဘာ ၁၁ ရက်က မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

ပလက်ဝမြို့နယ် ငန်းချောင်းဝကျေးရွာတွင် တောင်ယာလုပ် ငန်းခွင်မှ ပြန်လာသော အမျိုးသမီးသည် လမ်းခုလတ်၌ မိုင်းနင်းမိ၍ပေါက်ကွဲမှုဖြစ်ကာ သေဆုံးခဲ့ ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့၊ စည်ပင်ဝန်ကြီး ဆလိုင်း အိုက်ဇက်ခင်က ပြောသည်။

သေဆုံးသူ အမျိုးသမီးအ တွက် ထောက်ပံ့ကြေး အမြန်ပေး အပ်နိုင်ရန် ပလက်ဝမြို့နယ်နှင့် လမ်းပန်းဆက်သွယ်ရေး ပိုမို ကောင်းမွန်သော ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပေးအပ်မည်ဖြစ် ကြောင်း ချင်းပြည်နယ်ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦး က ပြောသည်။

ရခိုင်ပြည်နယ် ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ဦးစီးမှူး ဦးကျော်မင်းက ‘‘တာဝန်ရှိသူတွေဆီကနေ ဆက် သွယ်လာရင် သေဆုံးသူအတွက် ထောက်ပံ့မှုတွေ ပေးသွားမှာပါ’’ ဟု ဆိုသည်။ သေဆုံးသူအမျိုး သမီးအတွက် ထောက်ပံ့ကြေးရ ရန် ပလက်ဝဒေသတွင်း တာဝန်ရှိ သူများအနေဖြင့် ရခိုင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေး ဦးစီးဌာနသို့ ဆက် သွယ်ရန် လိုအပ်နေပြီး အဆိုပါဌာန၏ ရုံးဖုန်း ၀၄၃-၂၃၀၆၉ ဖြစ် သည်။

လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန် ကြီးဌာနသည် သဘာဝဘေးအ ပြင် မိုင်းပေါက်ကွဲမှုကဲ့သို့ လူလုပ် ဘေးကြောင့် သေဆုံးမှုများအ တွက် သေဆုံးသူတစ်ဦးလျှင် သုံး သိန်းကျပ်နှင့် ဆေးရုံတက်ရသည် အထိ ဒဏ်ရာရပါက တစ်ဦးလျှင် ငါးသောင်းကျပ်နှုန်း ထောက်ပံ့ ပေးနေသည်။

ချင်းပြည်နယ် ပလက်ဝမြို့ နယ် နေရာအချို့တွင် တစ်နိုင်ငံ လုံး အပစ်ရပ်စာချုပ်လက်မှတ်ထိုး ထားသည့် ALP နှင့် အစိုးရနှင့် အ ပစ်အခတ်ရပ်စဲထားခြင်းမရှိသည့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) လှုပ်ရှားနေပြီး ၂၀၁၆ နှင့် ၂၀၁၇ အတွင်း မြန်မာ့တပ်မတော်နှင့် AA တိုက်ပွဲဖြစ်ပွားခဲ့သည်။

Top News