ရခိုင်ဒေသတွင်း ပြဿနာများကို နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်ပူးပေါင်းဖြေရှင်းရမည်ဖြစ်ကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ထုတ်ပြန်

ဘူးသီးတောင်တွင် လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များကို စက်တင်ဘာလဆန်းက တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

ရခိုင်ဒေသ ပြဿနာ သည် နိုင်ငံတကာ ပြဿနာဖြစ်သဖြင့်  နိုင်ငံအတွင်း၌ ဖြေရှင်းနေ၍မရတော့ဘဲ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းများ၊ ပတ်ဝန်းကျင်နိုင်ငံများနှင့် ပူးပေါင်းကာ ထိထိရောက်ရောက် လုပ်ဆောင်သင့်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ က ထုတ်ပြန်သည်။ 


ရခိုင်အရေးဖြစ်စဉ်များနှင့် ပတ်သက်ပြီး လူ့ဘောင်သစ်ဒီမိုက ရက်တစ်ပါတီက စက်တင်ဘာ၁၂ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ကာ အစိုးရကို အကြံပြုတိုက် တွန်းထားသည်။ 

‘‘ကိုယ့်တိုင်းပြည်ထဲမှာ ပြော ချင်ရာပြောပြီး လုပ်နေလို့မရဘူး။ နိုင်ငံတကာအသိုင်းအဝိုင်း၊ ကုလ သမဂ္ဂ၊ ပတ်ဝန်းကျင်နိုင်ငံတို့နဲ့ ထိထိရောက်ရောက် ပူးပေါင်းလုပ်သင့်တယ်’’ဟု လူ့ဘောင်သစ်ဒီမို ကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင် မိုးဇော်က ပြောသည်။ 

ရခိုင်အရေးနှင့်ပတ်သက်ပြီး အစိုးရ၏နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ချက်များသည် ထိ ရောက်မှုမရှိသဖြင့် လက်ရှိအခြေ အနေသို့ ရောက်လာကြောင်း ၎င်း က ဆက်လက်ပြောသည်။ 

ရခိုင်ပြည်နယ် မြောက်ပိုင်း အတွင်း ဖြစ်ပွားသည့် အကြမ်း ဖက်တိုက်ခိုက်မှုများကြောင့် သိန်း နှင့်ချီသော ဒေသခံပြည်သူများ နေရပ်ကိုစွန့်ခွာတိမ်းရှောင်ခဲ့ရပြီးဒေသတွင်း လူ့အခွင့်အရေးချိုးဖောက်မှုရှိနေကြောင်း နိုင်ငံတကာတွင် သတင်းပြန့်နေကာ ကုလသမဂ္ဂကပင် ရခိုင်ပြည်နယ်၌ လူမျိုးတုံးရှင်းလင်းခြင်း ‘ethnic cleansing’များရှိနေကြောင်း မှတ်ချက်ပြုသည်။ 

ယင်းကဲ့သို့ စွပ်စွဲချက်များ သည် မြန်မာနိုင်ငံအတွက် ရှက်စ ရာကောင်းပြီး နိုင်ငံ၏ဂုဏ်သိက္ခာကျဆင်းစေကြောင်း၊ ယင်းအ တွက် နိုင်ငံတကာတွင် မြန်မာ နိုင်ငံကို ဆန္ဒထုတ်ဖော်မှုများ ဖြစ် ပေါ်နေကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ 

‘‘ကျွန်တော့်တိုင်းပြည်ရဲ့ပုံ ရိပ်ကို တော်တော်လေး ထိခိုက် တယ်။ အဲဒီအနေအထားကို ကျော်လွှားဖို့လိုတယ်’’ဟု ဦးအောင်မိုး ဇော်က ဆိုသည်။ 

ရခိုင်ဒေသတွင်း မတည်ငြိမ် မှုများသည် နိုင်ငံ့စီးပွားရေးတိုး တက်မှု၊ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဒ်ီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးတို့ အပေါ် များစွာထိခိုက်နိုင်သဖြင့် နိုင်ငံရေးအင်အားစုများ၊ သက် ဆိုင်ရာတာဝန်ရှိသူများနှင့် ပြည် သူများအနေဖြင့် ရခိုင်အရေးကို သေသေချာချာရှုမြင်ပြီး ဝိုင်းဝန်း ကာကွယ်ပေးသင့်ကြောင်း ယင်း ပါတီက အကြံပြုသည်။

ရခိုင်ဒေသတွင်း ဖြစ်ပွားနေ သည့် ပဋိပက္ခများ၊ တောင်တွင်း ကြီးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်ဖြစ်စဉ်များအပါ အဝင် လူမျိုးရေးပဋိပက္ခများ၏ နောက်ကွယ်၌ မသမာသူများက ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံ ဖန်တီးမှုများရှိနေကြောင်း ယင်းပါတီက ဆိုသည်။ 

‘‘နောက်ကွယ်မှာ ရိုးရိုးသား သားဖြစ်နေတယ်လို့ မထင်ဘူး။ မမှန်မကန်ကိစ္စတွေက ဟိုနေရာ ပေါ် ဒီနေရာပေါ် အဲဒီလိုပေါ်နေ တဲ့အခါ နောက်မှာ တစ်ခုခုရှိရ မယ်။ သွေးရိုးသားရိုးတော့ဟုတ် ရဲ့လားပေါ့။ မသမာတဲ့အုပ်စုတစ် ခုခုက လုပ်ကြံနေသလားပေါ့’’ဟု ဦးအောင်မိုးဇော်က ဆိုသည်။ 

ယင်းကဲ့သို့ နောက် ကွယ်က လုပ်ကြံနေသည့်ပုဂ္ဂိုလ်၊ အုပ်စုကို မည်သူမည်ဝါဖြစ်သည်ဟု ပြော ဆိုနိုင်ခြင်း မရှိသော်လည်း လူမျိုးရေးအခြေခံပြီး ဘာသာရေးပဋိ ပက္ခများ ဖြစ်စေရန် ကောလာ ဟလများဖြန့်နေခြင်းအပေါ် ပြည် သူများအနေဖြင့် သတိရှိရှိ ချဉ်းကပ်ကာ သတိထားရန် လိုအပ် ကြောင်း ၎င်းကထောက်ပြသည်။

စက်တင်ဘာ ၁၁ ရက်တွင် ဘင်္ဂါလီအကြမ်းဖက်သမားများ က ဂျီဟတ်လုပ်မည်ဟူသည့် စာ သားများကို ဖေ့စ်ဘွတ်ခ်လူမှုကွန် ရက်ပေါ်၌ ပျံ့နှံ့ခဲ့ပြီး မက်ဆင်ဂျာမှတစ်ဆင့် အချင်းချင်းဖြန့်ဝေခဲ့ သည်။ ယင်းအပြင် စက်တင်ဘာ ၁၀ ရက်တွင် တောင်တွင်းကြီး မြို့၌ လူတစ်စုက နေအိမ်များ၊ ဆိုင်ခန်းများကို ဖြိုဖျက်ကာ ဘာသာရေး အဓိကရုဏ်းပုံစံ လုပ်ဆောင်ကာ စက်တင်ဘာ ၂၂ ရက် ညပိုင်းက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်အတွင်း လူတစ်ဦးက မွတ်စလင်များကို သတ်ဖြတ်မည်ဟု အော်ဟစ်ခဲ့ပြီး ၎င်းကို ရပ်ကွက် နေလူထုက ဝိုင်းဝန်းဖမ်းဆီးခဲ့ကာ ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။

Top News