ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း တိုကျိုမြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် မြန်မာနိုင်ငံသား ၆၀၀ ကျော်ဆန္ဒထုတ်ဖော်

တိုကျိုမြို့ ကုလသမဂ္ဂရုံးရှေ့တွင် ဆန္ဒထုတ်ဖော်နေသူများနှင့် ကြည့်ရှုနေသူအချို့ကို တွေ့ရစဉ်(ဓာတ်ပုံ− အောင်ထွန်းလင်း)

 ရခိုင်ပြည်နယ်အရေး နှင့်ပတ်သက်ပြီး နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်သော အစိုးရအဖွဲ့ လုပ်ဆောင်နေမှုများအား ထောက်ခံသည့်ဆန္ဒပြပွဲကို ဂျပန် နိုင်ငံတွင်ရောက်ရှိနေသော မြန် မာနိုင်ငံသား ၆၀၀ ကျော်ကတို ကျိုမြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။

‘အစွန်းရောက်အကြမ်းဖက် သမားများ အလိုမရှိ’၊ ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်သော နိုင်ငံ တော်အစိုးရအား ထောက်ခံပါ သည်’၊ ‘ရိုဟင်ဂျာဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံ၏ တိုင်း ရင်းသားလူမျိုးမဟုတ်’ စသည့် ကြွေးကြော်သံများဖြင့် အော်ဟစ် ဆန္ဒပြခဲ့ကြောင်း ဆန္ဒပြရာတွင် ပါဝင်သူကိုအောင်ထွန်းလင်းက ပြောသည်။


‘‘ပြောချင်တာက အကြမ်း ဖက်မှုတွေကို မလိုလားတာပဲ။ နောက်ပြီး ဒေါ်အောင်ဆန်းစု ကြည်လုပ်ဆောင်နေတာတွေဟာ အမှန်တွေဖြစ်တယ်ဆိုတာ သိစေ ချင်တာပါ’’ ဟု ကိုအောင်ထွန်း လင်းက ပြောသည်။

ဆန္ဒပြသူများသည် ‘‘We Stand With Daw Aung San Su Kyi’၊ ‘No Rohingya In Burma’၊ ‘No Terrorism’၊ ‘Rohingya are not Ethnic from Myanmar’၊ ‘အကြမ်းဖက်မှုအလိုမရှိ၊ ဒေါ် အောင်ဆန်းစုကြည် ဦးဆောင် သော နိုင်ငံတော်အစိုးရအား ထောက်ခံပါကြောင်း’၊ ‘ဘင်္ဂါလီ (ရိုဟင်ဂျာ)သည် မြန်မာတိုင်းရင်း သားမျိုးနွယ်စုတွင် မပါဝင်’ စ သည့် စာသားများပါ ဗီနိုင်းများကို ကိုင်ဆောင်၍ ဆန္ဒပြခဲ့သည်။

ဂျပန်ရောက် မြန်မာနိုင်ငံ သားများ၏ သဘောထားကြေညာ ချက်တစ်စောင်ကိုလည်း ဂျပန်၊ မြန်မာနှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် ရေးသား၍ ဂျပန်နိုင်ငံရှိ ကုလသမဂ္ဂရုံးနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန သို့ပေးပို့ခဲ့ကြောင်း ဆန္ဒပြရာတွင်ပါဝင်သူ ကိုသန့်ဇင်ထက်က ပြောသည်။

‘‘ရခိုင်အရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်   လုပ် ဆောင်နေတာကို  အကြွင်းမဲ့ယုံ ကြည်တယ်။ အဲဒီဖြစ်စဉ်ကလည်း ပြည်တွင်းမှာ နိုင်ငံရေးဖြစ်စဉ်ဖြစ် နေတယ်။ ဒါကို တခြားနိုင်ငံက ခေါင်းဆောင်တွေ သိစေချင် တယ်’’ ဟု ဆန္ဒပြရာတွင် ပါဝင်သူ ကိုမြင့်သန်းကပြောသည်။

စက်တင်ဘာ ၈ ရက်က ရခိုင်ပြည်နယ်အရေးနှင့် ပတ် သက်ပြီး ဂျပန်နိုင်ငံတိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် အပြန်အ လှန်ဆန္ဒပြသဖြင့် ရုန်းရင်းဆန် ခတ်ဖြစ်ပွားခဲ့သည်။ ဂျပန်နိုင်ငံရှိ မွတ်စလင် ၃၀၀ ကျော်သည် ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသော အရေးနှင့်ပတ်သက်ပြီး မြန်မာ သံရုံးကို ဆန္ဒပြကန့်ကွက်ခဲ့ခြင်း အပေါ် ဂျပန်ရောက်မြန်မာနိုင်ငံ သား ၂၀ ခန့်က ရခိုင်ပြည်နယ်၌ လူမျိုးတုံးသတ်ဖြတ်မှုများမရှိ ကြောင်း၊ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး အစိုးရက လိမ်ညာ ပြောဆိုမှုများမရှိကြောင်း တန်ပြန်ဆန္ဒပြခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွား နေသော အရေးနှင့်ပတ်သက်ပြီး ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးအ ချို့ကို မွတ်စလင်များက ဆန္ဒပြ ကန့်ကွက်နေသဖြင့် သံရုံးများ၏ လုံခြုံရေးသတိပြုရန် မြန်မာအစိုး ရက ညွှန်ကြားထားသည်။

More in News Section

Top News