နိုင်ငံခြားသားနှစ်ဦး ဘားတွင် ရန်ဖြစ်ပြီး အထိုးခံရသူက အမှုဖွင့်

ရန်ကုန်မြိုရှိ လမ်း ၅၀ ဘားတွင် နိုင်ငံခြားသားချင်း ရန်ဖြစ်ရာ အထိုးခံရသော ပြင်သစ် နိုင်ငံသားက ပုဇွန်တောင်ရဲစခန်း ၌ စက်တင်ဘာ ၁၂ ရက်တွင် လာရောက်အမှုဖွင့်ခဲ့သည်။ 

မင်္ဂလာဒုံမြို့နယ်ရှိ မြန်မာ လိုက်ဖ်ဟိုတယ်တွင် တည်းခိုနေ ထိုင်သည့် အသက်(၅၅)နှစ်အ ရွယ် ပြင်သစ်နိုင်ငံသား Mr.Denis Scheffer သည် စက်တင်ဘာ ၈ ရက်တွင် 50 STREET BAR ၌ ထိုင်နေစဉ် အခြားနိုင်ငံခြားသူ အမျိုးသမီးရောက်ရှိလာရာက စတင်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။ 

အဆိုပါနိုင်ငံခြားသူ အမျိုး သမီးက Mr.Denis Scheffer ကို ညစ်ညမ်းစွာဆဲဆို၍ သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ ခြေထောက် ဖြင့် ကန်ရန်ပြုလုပ်နေသဖြင့် ၎င်း နှင့်ဝေးသည့်နေရာသို့ သွားကာ အရက်သောက်နေခဲ့ကြောင်း ၎င်း က ဆက်လက်ပြောကြားသည်။ 

ထို့နောက် Mr.Denis Scheffer သည် ပြန်ရန် ဆိုင်မှ ထွက်လာကာ ဆိုင်ရှေ့လမ်းမပေါ် သို့ အရောက်တွင် အဆိုပါအမျိုး သမီး၏ခင်ပွန်းက နောက်မှ လိုက်လာပြီး လက်သီးဖြင့် ထိုးကာ ညစ်ညမ်းစွာဆဲဆို၍ သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ Mr.Denis Scheffer သည် မျက်နှာတွင် ဒဏ်ရာရရှိခဲ့ကြောင်း ပုဇွန်တောင်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။ 

ဆဲဆိုကာ လက်သီးဖြင့် ထိုးခဲ့သည့် နိုင်ငံခြားသားလင်မယားကို ပုဇွန်တောင်မြို့မရဲစခန်းက ဆဲဆိုမှုပုဒ်မ ၂၉၄၊ နာကျင်စေမှုပုဒ်မ ၃၂၃၊ ခြိမ်းခြောက်ပြောဆိုမှုပုဒ်မ ၅၀၆ အပြင် အားပေးကူညီမှုပုဒ်မ ၁၁၄ ဖြင့် အမှုဖွင့်စုံစမ်းနေသည်။ 

Top News