အမျိုးသမီးတစ်ဦးကို လူသတ်ပစ္စည်းလုသူ ထောင် ၁၇ နှစ်ကျ

အမျိုးသမီးတစ်ဦးကို သတ်ကာ ရွှေထည်ပစ္စည်းများယူ ဆောင်ခဲ့သည့် ဆယ်ကျော်သက် တစ်ဦးကို အလုပ်နှင့်ထောင်ဒဏ် ၁၇ နှစ်ကျခံစေရန် မြောက်ပိုင်း ခရိုင်တရားရုံးကစက်တင်ဘာ ၁၂ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။

အင်းစိန်မြို့နယ်တွင် နေ ထိုင်သည့် အမျိုးသမီးကိုသတ်ကာ ရွှေဆွဲကြိုး၊ လက်ကောက်၊ လက် စွပ်နှင့် စိန်နားကပ်တစ်ရန်တို့ကို ယူဆောင်သည့် တရားခံချစ်ကို အား လူသတ်မှုပုဒ်မ ၃၀၂(၂) အရ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်၊ လုယက်မှုပုဒ်မ ၃၉၂ အရ အ လုပ်နှင့်ထောင်ဒဏ် ခုနစ်နှစ်ကျခံ စေရန် အမိန့်ချမှတ်ပြီး ပြစ်ဒဏ် နှစ်ခုကို သီးခြားစီကျခံစေရန် အမိန့်ချမှတ်သည်။

ပြီးခဲ့သည့် ၂၀၁၅ ဇူလိုင် ၇ ရက်နံနက်အစောက တရားလို အမျိုးသားသည် ကြည့်မြင်တိုင် မြို့နယ်ရှိ ဗဟိုစံပြငါးဈေးသို့သွား ၍ ဈေးရောင်းချပြီး နေ့လယ် ၁၂ နာရီတွင် နေအိမ်သို့ပြန်လာရာ ၎င်း၏ ဇနီးသည်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး အမျိုးသမီးဝတ်ဆင်ထားသည့်ရွှေ ထည်ပစ္စည်းများနှင့် စိန်နားကပ် တစ်ရန်ပျောက်ဆုံးနေကြောင်း သိရှိသဖြင့် အင်းစိန်မြို့မရဲစခန်း သို့ တိုင်ကြားခဲ့သည်။

လူသတ်မှုကျူးလွန်သည့် အမျိုးသားသည် လှိုင်သာယာမြို့နယ် ဒိုင်စုကျေးရွာတွင် နေထိုင် သည့် အသက် (၁၉)နှစ်အရွယ်ချစ်ကိုဖြစ်ပြီး ၎င်းကို အင်းစိန်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ ဖြင့် တရားစွဲဆိုခဲ့သည်။

Top News