■ အားကစား သတင်းတိုများ

စက်တင်ဘာ ၁၂ ရက်က ကွန်ကျိုးအဲဗားဂရန့်အသင်းကို ရှန်ဟိုင်းအက်စ်အိုင်ပီဂျီက ပင်နယ်တီအဆုံးအဖြတ် ၅-၄ ဂိုးဖြင့်နိုင်ပြီး အေအက်ဖ်စီ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီး ကွာတားဖိုင်နယ်တွင်နှစ်ကျော့ပေါင်း၅-၅ဂိုးရလဒ်ထွက်ပေါ်ခဲ့သည်။

ပရိသတ်တစ်ဦး ကွင်းထဲဝင်လာပြီး ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဘီကို ကန်ကျောက်ရန်ကြိုးစား ခဲ့ပြီးနောက် ဆဲလ်တစ်အသင်းကို ယူအီးအက်ဖ်အေက စွဲချင်တင်ကာ ပီအက်စ်ဂျီသည်လည်း ထိုင်ခုံများပျက်စီးမှုကြောင့် စွဲချင်တင်ခံရသည်။ ယင်းပွဲတွင်ပီအက်စ်ဂျီက ၅-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။

အိုးထရက်ဖို့ဒ်ကွင်းတွင် မန်ယူကို ၃-၀ ဂိုးဖြင့် ရှုံးခဲ့သည့် ချန်ပီယံလိဂ်ပွဲအတွင်း ပရိသတ်များက မီးရှူးမီးပန်းဖောက်ခဲ့သဖြင့် ဘေဆယ်လ်အသင်းကို ယူအီးအက်ဖ်အေက စွဲချင်တင်ထားသည်။

ခရစ္စတယ်ပဲလေ့စ်အသင်းက ငါးပွဲတာဝန်ယူပြီးထုတ်ပယ်လိုက်သော နည်းပြ ဖရန့်ဒီဘိုးဝါးနေရာ တွင် အင်္ဂလန်နည်းပြဟောင်း ရွိုင်းဟော့ဆန်ကို ၂ နှစ်စာချုပ်ဖြင့် အစားထိုးခန့်အပ်သည်။

လီဗန်တေးနှင့် တစ်ဂိုးစီသရေကျသောပွဲတွင် အနီကတ်ပြ ထုတ်ပယ်ခံရသော ရီးရဲလ်နောက်ခံလူ မာဆယ်လိုကို လာလီဂါနှစ်ပွဲပယ်ကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုသည်။

မိမိတို့ ပီအက်စ်ဂျီ၏ MCN တိုက်စစ်အတွဲမက်ဘီ၊ ကာဗာနီနှင့် နေမာတို့သည် အကြည့်တစ်ချက်ဖြင့် အချင်းချင်းနားလည်နိုင်အောင် အချိန်အကြာကြီးယူရလိမ့်မည်ဟု ကမ္ဘာ့စံချိန်တင်ကြေးဖြင့်ဘာကာမှ ပီအက်စ်ဂျီသို့ပြောင်းလာသူ နေမာကပြောကြားသည်။

အာဂျင်တီးနားတိုက်စစ်မှူး တိဗက်ဇ် (၃၃)နှစ်သည် ကိုယ်အလေးချိန်လျှော့ချခြင်းမရှိပါက ထည့်သွင်းကစားမည်မဟုတ်ဟု ရှန်ဟိုင်းရှန်ဟွာအသင်းနည်းပြ ဝူဂျင်းဂူကသတိပေးသည်။