ဘင်္ဂါလီအရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ပစ်မှတ်ထားဖိအားမပေးသင့်ဟု ကန်အထက်လွှတ်တော်ကိုယ်စားလှယ်ခေါင်းဆောင်ပြောကြား

အမေရိကန် အထက်လွှတ်တော် (ဆီးနိတ်) ကိုယ်စားလှယ် ခေါင်း ဆောင်က ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ မြန်မာအစိုးရခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ပစ်မှတ်ထား ဖိအားပေးမှုမျိုး မလုပ်သင့်ကြောင်း   ပြောကြား သည်။

အမေရိကန်အနေဖြင့် ရခိုင်ပဋိပက္ခတွင် ဘင်္ဂါလီမျိုးနွယ်စုများ ဖိနှိပ်ခံနေရကြောင်း စွပ်စွဲမှုများ နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်း စုကြည်၏ ကိုင်တွယ်ဆောင်ရွက် မှုကို သင်ခန်းစာပေး အရေးယူ ချဉ်းကပ်မှုမျိုး လုပ်ဆောင်ခဲ့ပါက မှားယွင်းသည့် ရွေးချယ်မှုဖြစ် လိမ့်မည်ဟု မစ်ခ်ျမက်ကော်နဲလ် က သတိပေးခဲ့သည်။

‘‘ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဘယ်လိုပါဝင်ကိုင် တွယ်မလဲဆိုတာမျိုး ဆုံးဖြတ်ချက် တစ်ခုခုချဖို့ကို ကျွန်တော်ကတော့ မထောက်ခံချင်ဘူး’’ဟု မြန်မာ နိုင်ငံနှင့် ပတ်သက်သည့် အရေး ကိစ္စများကို ကိုင်တွယ်ဖူးသည့် မက်ကော်နဲလ်က ဆိုသည်။

‘‘မြန်မာနိုင်ငံမှာ စစ် အုပ် ချုပ်ရေးစနစ်ဟောင်းက ရုန်းထွက်ပြီး ကျွန်တော်တို့ မျှော်လင့် ထားတဲ့ အခြေအနေတစ်ခုဆီ ဦးတည် ပြောင်းလဲနိုင်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အကြီးမားဆုံး မျှော်လင့်ချက်ဖြစ်ပါတယ်’’ဟု ၎င်းကပြောကြားခဲ့သည်။

အထက်လွှတ်တော် အမတ် များဖြစ်သည့် ရီပက်ဘလေကန်ပါတီဝင် ဂျွန်မက်ကိန်းနှင့် ဒီမိုကရက် တစ်ဦးဖြစ်သော ရစ်ချတ်ဒါဘင် တို့က ရခိုင်ပြည်နယ် ပဋိပက္ခများ ကို ရှုတ်ချပြီး ဒေါ်အောင်ဆန်းစု ကြည်အနေဖြင့် ပိုမိုထိရောက်စွာ ပါဝင်ဆောင်ရွက်သင့်ကြောင်း ဖိအားပေးတောင်းဆိုမည့် အဆိုပြုမှုတစ်ရပ်အတွက် စီစဉ်ဆောင် ရွက်နေသည်။ မက်ကော်နဲလ်ကမူ ၎င်းတစ်ဦးတည်း အမြင်အရ ယင်းကိစ္စကို မထောက်ခံလိုကြောင်း မှတ်ချက်ပေးခဲ့သည်။

‘‘ကျွန်တော့်အမြင်အရတော့ အမေရိကန်ဟာ ဒီပြဿနာမျိုးမှာ ဒေါ်အောင်ဆန်းစုကြည် တစ် ယောက်တည်းကိုပဲ ဦးတည်ပြီး ကြည့်သလို ဖြစ်နေတယ်။ သူ့ကို သင်ခန်းစာပေးလိုတဲ့ သဘောမျိုး တွေ လုပ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စိန်ခေါ်မှုပေါင်းစုံ ကြုံနေတဲ့နေရာမှာ ရှိနေတာ ပါ။ ဒါမျိုးသွားလုပ်ရင် ဘယ်လို အထောက်အပံ့မှ ဖြစ်စေမှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ဒီကိစ္စမျိုးမှာ အစိတ်အပိုင်းတစ် ရပ်အနေနဲ့ ဝင်မပါချင်ဘူး’’ဟု ရီပက်ဘလေကန်ပါတီမှ အသက် (၇၅)နှစ်အရွယ် ဝါရင့် လွှတ်တော် အမတ်က ပြောကြားသည်။

မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့ထားမှုအားလုံးကို အမေရိကန်သမ္မတဟောင်း ဘားရက်အို ဘားမားလက်ထက်က ဖယ်ရှားပေးခဲ့ရာ ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ယင်းကိစ္စ အပြောင်းအလဲ ဖြစ်နိုင်၊ မဖြစ်နိုင် မေးခွန်းများကိုမူ ၎င်းက တုံ့ပြန်မှတ်ချက်ပေး ဖြေ ကြားခြင်းမရှိချေ။

ရခိုင်ပြည်နယ် မြောက်ပိုင်း တွင် ပြီးခဲ့သည့်လက လုံခြုံရေး တပ်ဖွဲ့ဝင်များကို အကြမ်းဖက် သမားများက စီးနင်းတိုက်ခိုက် သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်နောက် ပိုင်း တပ်မတော်က နယ်မြေရှင်း လင်းမှု စစ်ဆင်ရေးများ ဆောင် ရွက်ခဲ့ရာမှ ပဋိပက္ခများ တစ်ကျော့ ပြန် မြင့်တက်လာသည်။ ထိုအ ခြေအနေကြောင့် ဘင်္ဂါလီလူမျိုး အမြောက်အမြား အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်း ရှောင်ထွက်ပြေးကြရာ နိုင်ငံတကာက မြန်မာအစိုးရအနေဖြင့် ဘင်္ဂါလီများအပေါ် ဖိနှိပ်နေ ကြောင်း စွပ်စွဲခဲ့သည်။

—Ref: Reuters

Top News