ပျံကျဈေးသည်များအတွက် မန္တလေးတွင် ပန်းဈေးအသစ်တစ်ခု တည်ဆောက်မည်

 ပျံကျရောင်းချနေရ သည့် ဈေးသည်များအဆင်ပြေ စေရန် မန္တလေးမြို့ ပုသိမ်ကြီးမြို့ နယ် သန့်စင်ကုန်းရွာတွင် ပန်း ဈေးအသစ်တစ်ခု တည်ဆောက် ပေးရန် စီစဉ်နေကြောင်း မန္တလေး မြို့တော်  စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့် က ပြောသည်။

‘‘လမ်းပေါ်မှာ ပျံကျရောင်း နေတာတွေက ရောင်းတဲ့သူ အတွက်ရော လမ်းသွားလမ်းလာ ယာဉ်တွေအတွက်ပါ အန္တရာယ် များတယ်။  ဒါကြောင့် နေရာတစ် ခု သတ်သတ်မှတ်မှတ်ဖြစ်သွား အောင် စည်ပင်က မြေနေရာဝယ် ပြီး ပန်းပဲသီးသန့်ရောင်းတဲ့ ဈေး ဆောက်ပေးမယ်။ ရောင်းတဲ့သူ တွေအတွက်ရော ဝယ်မယ့်သူ တွေအတွက်ပါ ပိုပြီး အဆင်ပြေ သွားမယ်’’ဟု ဦးကျော်ဆန်းမြင့် က ပြောသည်။

မြေ ၂ ဒသမ ၁၉ ဧက ကို စည်ပင်သာယာက ဝယ်ယူပြီး ပန်းဈေး တည်ဆောက်ပေးမည် ဖြစ်ကာ ယခုဘဏ္ဍာနှစ်အတွင်း မြေဖို့  ခြံခတ်ပြီး လာမည့်ဘဏ္ဍာ နှစ်တွင် အဆောက်အအုံ စတင် ဆောက်လုပ်မည်ဟု ၎င်းကပြော သည်။မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီသည် ယခု ဘဏ္ဍာနှစ်အတွင်း ကျပ်သိန်း ၈၀၀ ကျော် အကုန်အကျခံကာ ပြည်ကြီးတံခွန်မြို့နယ် (ဆ) ရပ် ကွက်အတွင်း ဈေးအသစ်တစ်ခု တည်ဆောက်နေသည်။

လက်ရှိတွင် မန္တလေးမြို့၌ ပန်းရောင်းချသည့် ဈေးသည် များအနေဖြင့် ၂၆ လမ်း၊ ကမ်းနား လမ်းရှိ သီရိမာလာဈေးတွင် ရောင်းချနေသည်။

More in Regional Section

Top News