အခွေသစ်အတွက် အချိန်လုဖန်တီးခဲ့ရလို့ ပေါင် ၂၀ ကျသွားတဲ့ပိုင်တံခွန်

ဓာတ်ပုံ−စိုင်းဇော်

 စက်တင်ဘာ ၁၆ ရက် တွင် ထွက်ရှိမည့် ‘ချစ်သူ’ဟု အမည်ရသော Mini Album ကို မွေးနေ့အမီ ထွက်နိုင်အောင် တစ်လအတွင်း ဖန်တီးရသောကြောင့် ကိုယ်အလေးချိန် ပေါင် ၂၀ ကျခဲ့ ကြောင်း မော်ဒယ်ပိုင်တံခွန်က ပြောသည်။

‘‘အရင်က ပေါင် ၁၅၀ ဝန်း ကျင်ပါ။ အခု ၁၃၂ ပဲ ကျန်ပါတော့တယ်။ အရင်ကဆို အိပ်ရေးအရမ်းဝတယ်။ စားလည်း စားတယ်။ Gym လည်း ဆော့တယ်။ ဒါ ကြောင့် ကျွန်တော်က အရမ်းထွား တယ်။ နောက်ပိုင်း ပွဲတွေက လည်း အရမ်းများလာတယ်။ အ ခွေကလည်း တစ်လနဲ့ အပြီးလုပ်ရ တဲ့အခါကျတော့ တစ်နေ့မှာ နှစ် နာရီလောက်ပဲ အိပ်ရေးကောင်း ကောင်းဝတယ်။ အဲဒီမှာ တော် တော်လေး ကိုယ်ခံအားကျသွား တယ်။ အစားကလည်း မမှန်ဘူး။ တစ်နေ့လုံးမှ ညစာမဟုတ်ရင် မနက်စာစားဖြစ်တယ်။ နေ့လယ် စာလည်း ကျွန်တော်မစားဖြစ်ဘူး’’ ဟု ၎င်းက ပြောသည်။

အခွေထွက်ပြီးနောက်ပိုင်း တွင် ယခင် ပိုင်တံခွန်ပုံစံအတိုင်း ပြန်ဖြစ်အောင် ကြိုးစားမည်ဟု ဆိုသည်။

ချစ်သူဟု အမည်ရသော သီချင်းငါးပုဒ်ပါသည့် Mini Albumကို စက်တင်ဘာ ၁၆ ရက် ညနေ ၃ နာရီတွင် လှည်းတန်းစင်တာပရိုမိုးရှင်းဧရိယာ၌ လက်မှတ်ထိုး ရောင်းချမည်ဖြစ်သည်။ စက်တင် ဘာ ၁၇ ရက်တွင် ကျရောက်သော၎င်း၏ (၂၁)နှစ်ပြည့်မွေးနေ့၌ အနန္တမေတ္တာ မိဘမဲ့ကျောင်းမှ ကလေးများကို မုန့်ကျွေးပြီး အခွေရောင်းရငွေအားလုံးကို မိဘမဲ့ ကလေးများအတွက် ရည်ရွယ်ကာ လှူဒါန်းမည်ဟု ပိုင်တံခွန်က ပြောသည်။အချစ်ရေးနှင့်ပတ်သက်၍ ယခင်က ကောလာဟလများစွာ ထွက်ခဲ့ဖူးပြီး လက်ရှိ၌ ချစ်သူမရှိ ဘဲ စိတ်ဝင်စားနေသော မိန်းက လေးသာရှိကာ အလုပ်ကို ဦးစား ပေးနေ၍ အချစ်ရေးကို အချိန်မ ပေးထားဟုဆိုသည်။

Top News