ဆဲဆိုလှုံ့ဆော်သူအား ထောင်ဒဏ်ရှစ်ရက်သာ ချမှတ်ခဲ့မှု ဝေဖန်မှုများ ထွက်ပေါ်

စမ်းချောင်းမြို့နယ်တွင် ဘာသာခြားများကို စိန်ခေါ်၍ တစ်လမ်းဝင် တစ်လမ်းထွက် အော် ဟစ်ဆဲဆိုကာ လှုံ့ဆော်သူကို စမ်းချောင်းမြို့နယ် တရားရုံးက မူး ယစ်ရမ်းကားမှုဖြင့် ထောင်ဒဏ် ရှစ်ရက်သာ ချမှတ်ခဲ့မှုအပေါ် ဝေဖန် မှုများ ထွက်ပေါ်နေသည်။

‘‘ကုလားတွေဒီလမ်းထဲမှာရှိ ရင် ထွက်ခဲ့။ ကုးလားဆိုဘယ်ကု လားမှ ဂရုမစိုက်ဘူး။ ဒါငါတို့အမိ မြေမြန်မာနိုင်ငံကွ’’ ဟူသော စကားလုံးများအပြင် ဆဲရေးတိုင်းထွာသော စကားများကို သိန်းထွေး(ခ) အောင်သိန်းထွေးက စမ်းချောင်းမြို့နယ်တွင် စက်တင်ဘာ ၁၂ ရက် ည ၈ နာရီခန့်ကပြုလုပ်ခဲ့သည်။

‘‘တကယ်ပြောရင်တော့ အဲ ဒါကမှ ၅၀၅ (ခ) ဗျ။ ဒီပုဂ္ဂိုလ်ရဲ့ ဆောင်ရွက်ချက်သည် တကယ် ပြောရင်တော့ တည်ငြိမ်အေးချမ်း မှုကို ပျက်ပြားအောင်လို့ လှုံ့ဆော် တာပဲလေ။ လှုံ့ဆော်တော့ တ ကယ်ဆို ရာဇသတ်ကြီးဥပဒေ ပုဒ် မ ၅၀၅ (ခ) နဲ့ တိုက်ရိုက်သက်ဆိုင် ပါတယ်။ ဒါမျိုးကို  ပြင်းပြင်းထန် ထန်၊ ထိထိရောက်ရောက် အရေး ယူဖို့ လိုတာပေါ့နော်’’ ဟု ဥပဒေ အကြံပေးဦးခင်မောင်မြင့်က ပြော သည်။

အများပြည်သူအကျိုးပျက် စီးမှုကို ဖြစ်စေသော ရာဇသတ် ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) သည် ထောင်ဒဏ်၂ နှစ်အထိ ချမှတ်နိုင် သော ပုဒ်မဖြစ်သည်။ ‘‘ဒီနိုင်ငံမှာ က ရခိုင်အရေးကိစ္စနဲ့ လူ့အဖွဲ့အ စည်းနှစ်ခု မငြိမ်မသက်ဖြစ်နေတဲ့ အနေအထားမှာ ပြည်တွင်းတည် ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြဖို့။ အကယ်၍အဲဒါ ကို ချိုးဖောက်ခဲ့ရင် ပြင်းပြင်းထန် ထန် အရေးယူမယ်လို့လည်း နိုင်ငံ တော်သမ္မတက ကြေညာထားတယ်’’ဟု ဦးခင်မောင်မြင့်က ဆက်လက်ပြောကြားသည်။

အရက်မူးနေသူ သိန်းထွေး (ခ) အောင်သိန်းထွေးသည် စမ်း ချောင်းမြို့နယ် ရွှေလောင်းလမ်း နှင့် ဝါးခယ်မလမ်းတစ်လျှောက် ထိုသို့ အော်ဟစ်လာရာမှ ကျိုက် လတ်လမ်း အရောက်တွင် ရပ် ကွက်အတွင်း နေထိုင်သူများက ဝိုင်းဝန်းဖမ်းဆီးကာ ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့သည်။

‘‘တရားရုံးက ပြစ်ဒဏ်ချမှတ် တဲ့အပေါ်မှာတော့ ဘာမှမပြော လိုပါဘူး။ ဒါတရားရုံးကိစ္စ။ ရဲက စွဲချက်တင်တဲ့အပေါ်လည်း မူ တည်တာပေါ့။ ကျွန်တော်ပြော ချင်တာကတော့ ကျွန်တော်တို့ နိုင်ငံက ပြည်သူတွေက ဒီလိုအ မုန်းတရားတွေ လှုံ့ဆော်တာကို လက်မခံဘူးဆိုတာကတော့ ပေါ် လွင်တယ်’’ ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက ပြောသည်။

အော်ဟစ်သူသည် ကြည့်မြင့်တိုင် ဘူတာဝင်းလိုင်းခန်းတွင် နေထိုင်သူဖြစ်ပြီး ၎င်း၏အစ်ကို ကိုအောင်စိုးမိုးသည် ရခိုင်ပြည် နယ် မောင်တောမြို့နယ်သို့ မိ သားစုနှင့် အတူသွားရောက်အ လုပ်လုပ်ကိုင်စဉ် အကြမ်းဖက်သ မားများ၏ သတ်ဖြတ်ခြင်းခံခဲ့ရ သဖြင့် စိတ်ခံစားချက်အရ ထိုသို့ ဆဲဆိုခြင်း စစ်ဆေးပေါ်ပေါက် ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 ‘‘မူးယစ်ရမ်းကား တစ်မျိုး သာမန်အားဖြင့် ဖြစ်ပေါ်တဲ့အနေ အထားမှာ အရေးယူတာမျိုး တ ရားစွဲတင်ပို့တဲ့ ရဲတပ်ဖွဲ့အပိုင်း လည်းအားနည်းမှုပါတယ်။ ထို့အတူပဲ ရဲကစွဲတင်လာတဲ့ တိုင် အောင် ဥပဒေအရာရှိတွေကလည်း ဒီပုဒ်မကို ပြင်ဆင်ပြောင်းလဲပြီးတော့မှ  တကယ့်ထိထိရောက်ရောက် ပုဒ်မမျိုးနဲ့ တရားစွဲသင့်တယ်။ တရားသူကြီးကလည်း ဒီအနေအထားတွေ ခြုံငုံသုံးသပ်ပြီးတော့မှ တရားဥပဒေစိုးမိုးရေးအတွက် ဒီထက်ထိရောက်တဲ့ ပြစ်ဒဏ်မျိုး ချသင့်တယ်လို့ မြင်ပါတယ်’’ ဟု ဦးခင်မောင်မြင့်ကပြောသည်။

ဖမ်းဆီးခံရသည့် သိန်းထွေး (ခ) အောင်သိန်းထွေးကို စမ်း ချောင်းရဲတပ်ဖွဲ့က ပြန်လွှတ်ခဲ့ သည်ဟု Myanmar Now သတင်းဌာနက ရေးသားသော်လည်း စမ်း ချောင်းမြို့မရဲစခန်းမှ ရဲအုပ်ဝင်း ထွန်းက လွှတ်မပေးခဲ့ဟု ဖြေကြား သည်။

 ‘‘ဒီလောက်ဖြစ်တဲ့ဟာကို ဘယ်သူကလွှတ်ပေးမှာလဲ။ ရိုးရိုး တန်းတန်း မူးယစ်ရမ်းကားတာ တောင်မှပဲ တရားစွဲဆိုပြီးမှ တရား ရုံးက ဆုံးဖြတ်ချက်အတိုင်းသွား ရတဲ့ဟာကို။ ဒီလောက်အွန်လိုင်း မှာ ဟိုလေးတကျော် ပြန့်နေတာ ကို’’ ဟု ၎င်းကပြောသည်။

 ဖြစ်စဉ်နှင့် ပတ်သက်၍ Myanmar Now က စမ်းချောင်း ရဲစခန်းကို စက်တင်ဘာ ၁၃ ရက် နံနက်တွင် သွားရောက်မေးမြန်း ရာ တာဝန်ကျအရာရှိ ဒုရဲအုပ် အောင်လပြည့်က အောင်သိန်း ထွေးသည် လူမျိုးရေးဘာသာရေး လှုံ့ဆော်ခြင်း မဟုတ်ဘဲ သူ့ခံစား ချက်ပေါက်ကွဲခြင်းသာ ဖြစ်၍ ပြန်လွှတ်ပေးခဲ့ကြောင်း Myanmar Now က ဖော်ပြခဲ့သည်။

အဆိုပါပြန်လွှတ်ပေးသည့် သတင်းကို Myanmar Now က အင်တာနက်တွင် ဖြန့်ချိပြီး နာရီ ပိုင်းအတွင်း ဒုရဲအုပ်အောင်လ ပြည့်က ဖုန်းဖြင့်ပြန်လည်ဆက် သွယ်ပြီး သူပြောခြင်းသည် စခန်း ရှိ မှတ်တမ်းကိုကြည့်၍ ပြောဆိုခဲ့ ခြင်းဖြစ်ကြောင်း၊ ပြောဆိုချိန်၌ လည်း စခန်းရှိအချုပ်ကို သွားမ ကြည့်မိဘဲ ပြောဆိုခဲ့ခြင်းဖြစ်၍ အောင်သိန်းထွေးကို ပြန်လွှတ် ပေးခဲ့သည်ဟု မှားယွင်းပြောဆိုမိ ကြောင်း Myanmar Now ၏ သ တင်းဖော်ပြချက်တွင်ပါရှိသည်။

ရခိုင်ပြည်နယ် မောင်တော ဒေသတွင် အကြမ်းဖက်တိုက် ခိုက်ခံရမှုများနှင့် ပတ်သက်၍ လူ မျိုးရေး၊ ဘာသာရေးအပေါ် အခြေ ခံ၍ အဓိကရုဏ်းဖန်တီးခြင်းများ ပြုလုပ်မည်ကို အများပြည်သူ စိုး ရိမ်စိတ်မြင့်တက်နေချိန်၌ အဆို ပါ ကိစ္စဖြစ်ပေါ်ခြင်းဖြစ်သည်။

စက်တင်ဘာ ၁၀ ရက် ည ၈ နာရီက တောင်တွင်းကြီးမြို့ပေါ် ရှိ အစ္စလာမ် ဘာသာဝင်များ၏ နေအိမ်၊ ဈေးဆိုင်ခန်းများကို မျက်နှာဖုံးစွပ်လူတစ်စုက ခဲဖြင့်ပစ် ပေါက်ဖျက်ဆီးခဲ့ရာ ခုနစ်ဦးဖမ်းမိ ထားသည်။ ၎င်းတို့ကိုပုဒ်မငါးခု ဖြင့် တရားစွဲထားပြီးပုဒ်မတစ်ခု ချင်းစီကို အမြင့်ဆုံးပြစ်ဒဏ် သီး ခြားစီ ကျခံစေပါက ထောင်ဒဏ် ၁၂ နှစ် ၆ လအထိ ကျခံရနိုင် သည်။

အခင်းဖြစ်ပွားသည့် ညက ဖမ်းမိထားသည့် လူငယ်တစ် ဦးကို စစ်ဆေးရာ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ARSA အစွန်းရောက်အကြမ်း ဖက်သမားများ၏ လုပ်ဆောင်မှု နှင့် ပတ်သက်၍ ကျေနပ်မှုမရှိ သဖြင့် ပါဝင်ခြင်းဖြစ်သည်ဟု သိရ ကြောင်း အစိုးရအဖွဲ့သတင်း ထုတ်ပြန်ရေး ကော်မတီက ထုတ် ပြန်ထားသည်။

Top News