ပဲစိုက်ပျိုးသင့်၊ မသင့် တောင်သူများက ဝန်ကြီးဌာနထံ အကြံဉာဏ်တောင်းခံမည်

ပဲဈေးကွက် မတည်မ ငြိမ်ဖြစ်ကာ ဈေးနှုန်း ကျဆင်း နေ၍ ပဲစိုက်ပျိုးသင့်၊ မသင့် အကြံ ဉာဏ်တောင်းစာကို သက်ဆိုင်ရာ ဝန်ကြီးဌာနများထံ ယခုလ ၂၀ ရက်တွင် ပေးပို့မည်ဖြစ်ကြောင်း ပဲစိုက်တောင်သူများက ဆိုသည်။ အကြံဉာဏ်တောင်းစာကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးနှင့် ဧရာဝတီတိုင်းဝန်ကြီးတို့ထံ လိပ်မူ၍ ပေးပို့မည် ဖြစ်ပြီး တောင်သူများ လတ်တ လောကြုံတွေ့နေရသည့် အခက် အခဲများကိုလည်း သတင်းစာရှင်း လင်းပွဲပြုလုပ်မည်ဖြစ်ကြောင်း ရေကြည်မြို့မှ တောင်သူ ဦးသိန်း ဇော်က ပြောသည်။

‘‘ကျွန်တော်တို့ အခုပဲ နောက်တစ်လဆို ပဲရာသီချိန်ရောက်ပြီ လေ။ ပဲရာသီရောက်ပြီဆိုတော့ ကျွန်တော်တို့က ဘာလုပ်ရမလဲ ဆိုတာကို သူတို့ကို ပြန်မေးရတော့ မယ်။ ပြန်မေးတော့မှ သူတို့က ဘာစိုက်ပါ၊ ဘာစိုက်ပါဆိုတဲ့ စကား များထွက်လာမလား၊ ဒါမှမဟုတ် ဒီမတ်ပဲတွေ၊ ပဲတီစိမ်းတွေ၊ ပဲစင်း ငုံတွေကို ဆက်စိုက်ပါ၊ သူတို့ ဈေးကွက်ရှာပါ့မယ်ဆိုပြီး ပြောမလား မသိဘူး’’ဟု ဦးသိန်းဇော်က ပြော သည်။ အကြံပြုတောင်းခံသည့်စာ နှင့်အတူ တောင်သူများ၏သက် သေခံလက်မှတ်ကိုလည်း တစ်ပါ တည်း ပေးပို့မည်ဖြစ်ပြီး ပြည်၊ သာယာဝတီ၊ ဇလွန်၊ ကျောင်းကုန်း၊ ကျုံပျော်၊ ဟင်္သာတ၊ ရေကြည် အစရှိသည့် ပဲစိုက်ပျိုးမှု များသည့် မြို့များရှိ တောင်သူများ၏လက်မှတ် စုဆောင်းနေ ကြောင်း ၎င်းက ဆိုသည်။

‘‘မြေအခြေအနေနဲ့ တို့စိုက် တဲ့မြေရဲ့ မြေဆီလွှာပေါ် မူတည် တဲ့ စိုက်လို့ဖြစ်မယ့် သီးနှံပေါ့။ အဲဒီလိုဟာမျိုးဆိုလို့ရှိရင်တော့လည်း ပြောင်းစိုက်ရင်လည်း စိုက်သင့် စိုက်ရတာပေါ့။ အခုက စပါးပြီးရင်မတ်ပဲ၊ မတ်ပဲပြီးရင် စပါးပြန်စိုက် နေတာဆိုတော့လေ။ လတ်တ လော ဘာလုပ်ရမယ်မသိဖြစ်နေ တယ်’’ဟု ဟင်္သာတမြို့ ဒေသခံ ပဲစိုက်တောင်သူ ဒေါ်မြမြသိန်းက ပြောသည်။

အစိုးရက စိုက်ပျိုးရမည့်အ စားထိုးသီးနှံကို ညွှန်ကြားမှုပေး ပါက ယင်းသီးနှံသည် ဒေသမြေဆီလွှာ၊ ရာသီဥတုနှင့် ကိုက်ညီမှုရှိရန် လိုအပ်ပြီး သီးနှံစိုက်ပျိုးမှု အတွေ့အကြုံမရှိသဖြင့် ဗဟုသုတလည်း လိုအပ်ကြောင်း တောင်သူများက ဆိုသည်။

‘‘မတ်ပဲနဲ့ဘာတို့နဲ့ပတ်သက် ပြီး အစားထိုးသီးနှံကလည်း လွယ်လွယ်မဖြစ်ဘူး။ ဒီပြင် နေကြာတို့၊ ဘာတို့ကလည်း ထွန်ခယက်ခ လို တယ်။ အခက်အခဲရှိတယ်။ မတ်ပဲက လွယ်တယ်။ မတ်ပဲကို သင့် တင့်မျှတတဲ့ ဈေးလေးရရင် ဘယ် နည်းနဲ့ဖြစ်ဖြစ် ဒါလေးပဲ လုပ်ဖို့ ရှိတာပဲ’’ ဟု ဇလွန်မြို့ ဒေသခံ တောင်သူ ဦးသန်းထွန်းက ပြော သည်။  မြန်မာနိုင်ငံမှ ထွက်ရှိနေ သည့် မတ်ပဲနှင့် ပဲစင်းငုံကို မူလက အိန္ဒိယနိုင်ငံက အဓိကဝယ်ယူနေ ခဲ့သည်။ သို့သော် သြဂုတ် ၅ ရက် က မတ်ပဲနှင့် ပဲစင်းငုံတင်သွင်းမှု တန်ချိန် ကန့်သတ်ချက်များကို အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံသို့ အကျိုးသက် ရောက်မှုဖြစ်ပေါ်ပြီး ပဲဈေးနှုန်းများ ကျဆင်းလာသည်။ မြန်မာနိုင်ငံ သို့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် လာ ရောက်သည့်သုံးရက်ကြာခရီးစဉ် အပြီးတွင် ပဲတင်သွင်းရောင်းချမှု ကန့်သတ်ချက်များ ဖြေလျှော့ပေး နိုင်သည်ဟု ပဲကုန်သည်များနှင့် ပဲစိုက်တောင်သူများက မျှော်လင့် ခဲ့သည်။ သို့သော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည် ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က အိန္ဒိယနိုင်ငံသို့ ပဲတင်ပို့ရောင်းချရန် မလွယ်ကူတော့ဘဲ ဆက်လက် ညှိနှိုင်းရဦးမည်ဟု စက်တင်ဘာ ၇ ရက်က မီဒီယာ များအား ပြောကြားသည်။

Top News