ဆီဘောက်ဆာယာဉ် မီးလောင်မှုကြောင့် နစ်နာသူများကို ကုမ္ပဏီက လတ်တလောထောက်ပံ့ငွေများ ပေးအပ်

မီးလောင်ပျက်စီးခဲ့သည့် ဆီဘောက်ဆာယာဉ်နှင့် နေအိမ်အဆောက်အအုံများကို တွေ့ရစဉ်(ဓာတ်ပုံ−စိုင်းဇော်)

ဆီဘောက်ဆာယာဉ် မီး လောင်မှုကြောင့် နစ်နာသူများကို လျော်ကြေးမပေးမီ လတ်တလော စားဝတ်နေရေးပြေလည်စေရန်  ရေတိုထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း ထောက်ပံ့ကြေးရရှိသူ ကိုနိုင်က ပြောသည်။

‘‘ကျွန်တော်တို့ကို ကရုဏာ ကြေးဆိုပြီး တစ်လတာအတွက် ပေးတာဖြစ်ပါတယ်။ နစ်နာကြေး ပေးဖို့ကိုလည်း ကုမ္ပဏီကနေ စီ စဉ်နေတယ်လို့ ပြောပါတယ်’’ဟု မီးလောင်မှုတွင် ဆိုင်ခန်းပါသွား သူက ပြောသည်။

 ဆီဘောက်ဆာယာဉ်မီး လောင်မှုကြောင့် ပျက်စီးဆုံးရှုံးနစ် နာသူများ၏ မိသားစုဝင်များနှင့် တွေ့ဆုံပြီး  တစ်မိသားစုလျှင် အနည်းဆုံးကျပ်သိန်းသုံးဆယ် ကျော်မှ အများဆုံးသိန်းတစ်ရာ ကျော်အထိ ပေးအပ်ခဲ့သည်ဟု ဒဂုံတောင်မြို့နယ် တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောသည်။


မီးလောင်မှုကြောင့် နစ်နာ ဆုံးရှုံးသွားသူများ တွက်ချက် တင်ပြထားသည့် နစ်နာကြေးကျပ်  ၇,၈၄၃ သိန်း တင်ပြထားမှုကို ကုမ္ပဏီကမြေပြင်ကွင်းဆင်းလေ့ လာပြီး တင်ပြချက်နှင့် ကိုက်ညီမှု ရှိ၊ မရှိ စိစစ်မည်ဖြစ်ကြောင်း ကိုနိုင်က ပြောသည်။

‘‘ကျွန်တော်တို့ရဲ့ ဆုံးရှုံးတဲ့ ပစ္စည်းတွေကို နယ်မြေဆင်းပြီး တော့ စစ်နေတယ်။ ကျွန်တော်တို့ ဆုံးရှုံးမှုတင်ပြထားတဲ့ငွေနဲ့ ညီမျှ မှုရှိ၊ မရှိ ညှိမယ်။ ညှိပြီးလို့ရှိရင် ၁၀ လပိုင်း နှစ်ရက်နေ့ (သို့မ ဟုတ်) ၆ ရက်မှာ လျော်မယ်။ အဲ ဒီရက်မှာ လျော်ကြေးပေးမယ်လို့ ကုမ္ပဏီကပြောပါတယ်’’ဟု ၎င်း ကပြောသည်။

ယခုထောက်ပံ့ကြေးကို နစ် နာသူများ၏ မိသားစုဝင်အနည်း အများပေါ် မူတည်၍တွက်ချက် ပေးအပ်ခြင်းဖြစ်ပြီး ကိုနိုင်ကကျပ် သိန်းသုံးဆယ်ကျော်ရရှိခဲ့သည်။

သြဂုတ် ၂၂ ရက်ညက ဒဂုံ တောင်မြို့နယ် (၂၆)ရပ်ကွက် အုပ် ချုပ်ရေးမှူးရုံးအနီး ပြည်ထောင်စု လမ်းသွယ်ပေါ်တွင် စက်မှုဇုန်မှ တောင်၊ မြောက်လမ်းဆုံဘက်သို့ မောင်းနှင်လာသည့် ဆီဘောက် ဆာယာဉ်ကို နောက်မှမောင်းနှင် လာသော ကွန်တိန်နာတွဲကားက၀င်ရောက်တိုက်မိရာ မီးလောင်ခဲ့ခြင်းကြောင့် နေအိမ်ခြောက်လုံး၊ ဆိုင်ခန်းလေးခန်း ပျက်စီးဆုံးရှုံး ခဲ့သည်။

 ဆီဘောက်ဆာယာဉ်မီး လောင်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဘောက်ဆာယာဉ်မောင်းကလာရောက် အဖမ်းခံခဲ့သော်လည်း ကွန်တိန်နာယာဉ်မောင်းသည်ထွက်ပြေးတိမ်းရှောင် လျက်ရှိသည်။

 ‘‘အခုထိ မမိသေးဘူး။ ဒီ ကိစ္စကိုတော့ ဒီအတိုင်းလွှတ်ထား လို့ မဖြစ်ဘူး။ ကျွန်တော်တို့တွန်း အားပေးဆောင်ရွက်သွားမယ်’’ ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီကပြော ကြားသည်။

Top News