ယောက်ျားတစ်ယောက်ရဲ့ နတ်ကိုးကွယ်မှုပုံစံ တွေ့ရမယ့် မိရိုးဖလာရုပ်ရှင်ကား

‘မိရိုးဖလာ’ရုပ်ရှင်ဇာတ် ကားကို မြန်မာနိုင်ငံ၏ နတ်ကိုး ကွယ်သည့် အစဉ်အလာကိုမှတ် တမ်းတင်သည့် သဘောဖြင့် ရိုက်ကူးခြင်းဖြစ်သည်ဟု ဒါရိုက်တာသီတာလင်းက ပြောသည်။

‘‘မိရိုးဖလာဆိုတဲ့အတိုင်း နတ်ကိုးကွယ်မှုက ဆင်းသက်လာ တဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ နတ်ကိုးကွယ်တဲ့မိသားစုနဲ့ မင်း မျိုးနွယ်မိသားစုရဲ့ အားပြိုင်မှုတွေ ကို ဒရာမာလေးနဲ့တောင်ပြုံးနဲ့ မန္တလေးကအလှကို ရိုက်ကူးသွား မယ်’’ ဟု ယင်းဇာတ်ကားနှင့်ပတ် သက်၍ ၎င်းကပြောသည်။

ဇာတ်ကားရိုက်ကူးမှုတွင် သရုပ်ဆောင်ရန်အောင်၊ ရဲ အောင်၊ ကျော်ရဲအောင်၊ မေသန်း နု၊ စိုးမြတ်သူဇာတို့နှင့်အတူ Laurel Art အနုပညာသင်တန်း ကျောင်းမှ ကျောင်းသားများပါဝင် မည်ဖြစ်ပြီး ဇာတ်လမ်း၊ဇာတ်ညွှန်း ဒါရိုက်တာသီတာလင်းက ရိုက် ကူးမည်ဖြစ်သည်။

ယင်းဇာတ်ကားတွင် သရုပ် ဆောင်ရန်အောင်က ဗောင်း ဆောင်းနတ်ဆရာအဖြစ် သရုပ် ဆောင်မည်ဖြစ်ပြီး နတ်ကိုးကွယ် သူဖြစ်သော်လည်း မိန်းမလျာပုံစံ မဟုတ်ဘဲ မြန်မာယောက်ျားတစ် ဦး၏ နတ်ကိုးကွယ်မှုပုံစံ တွေ့မြင်ရမည်ဟု ဒါရိုက်တာသီတာလင်းက ဆိုသည်။

‘‘ကိုရန်လေးနဲ့မဆင့်တို့ရဲ့ အချစ်က တက္ကသိုလ်မှာပေါက် ဖွားလာတာပေါ့။ အဲဒီအချစ်က နေ အားပြိုင်မှုတွေဖြစ်လာတာပါ’’ ဟု ယင်းဇာတ်လမ်းအကြောင်း နှင့်ပတ်သက်၍ ပြောသည်။

ဇာတ်ကားကန်တော့ပွဲပေး အခမ်းအနားကို စက်တင်ဘာ ၁၆ ရက်ကရွှေတိဂုံစေတီအောင်မြေ ၌ပြုလုပ်ပြီး ဇာတ်ဝင်ခန်းအချို့ကို ရန်ကုန်မြို့၌ ဆက်တင်များဖြင့် ရိုက်ကူးမည်ဟု ဒါရိုက်တာသီတာ လင်းက ပြောသည်။

‘‘မန္တလေးတက္ကသိုလ်ရဲ့ အ လှအပတွေ၊ မန္တလေးမြို့ရဲ့အလှ အပတွေကို တွေ့ရမယ်။ တောင် ပြုံးက မင်းကြီးမင်းလေးအရှင်နှစ် ပါးရဲ့ နန်းမှာကိုရိုက်ကူးမယ်’’ ဟု ဇာတ်ကားရိုက်ကူးမှုနှင့်ပတ်သက်၍၎င်းကရှင်းပြသည်။

ယင်းဇာတ်ကားသည် Lauerl ရုပ်ရှင်ထုတ်လုပ်ရေး၏ တတိယ မြောက် ဇာတ်ကားဖြစ်ပြီး ဒုတိယမြောက် ‘ဘာတဲ့လဲဟေ့ လာ’ ရုပ်ရှင်ဇာတ်ကားကို မကြာမီရုံတင်ပြသမည်ဖြစ်ကြောင်း ဒါရိုက်တာသီတာလင်းက ပြောသည်။