ဒါရိုက်တာမင်းဦးရဲ့ ပွဲဦးထွက်လက်ရာ ‘ချူဆီ’ဇာတ်ကား

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီမင်းဦးက ‘ချူဆီ’ရုပ် ရှင်ဇာတ်ကားကို ဒါရိုက်တာအ ဖြစ် ပထမဆုံးအကြိမ် စတင်ရိုက် ကူးမည်ဖြစ်သည်။

အဆိုပါ ဇာတ်ကားသည် အောင်ခေတ်မင်း ရုပ်ရှင်ထုတ် လုပ်ရေး၏ ငါးကားမြောက် ဇာတ်ကားဖြစ်ပြီး မင်းဦးက ဒါရိုက်တာအဖြစ်ရိုက်ကူးသော ပွဲဦးထွက်လက်ရာဖြစ်ကာ စုမောင်မောင်၏ ဇာတ်လမ်းကို ဇာတ်ညွှန်း မိုးနီလွင်က ရေးသားထားသည်။

‘‘ဒါရိုက်တာအနေနဲ့ကတော့ ဒီကားက ပထမဦးဆုံးပေါ့။ ဒီ ကားဟာ အစ်ကို့အတွက် မှတ် တိုင်တစ်ခုဖြစ်တယ်။ ဒီကားမှာ မင်းသမီးငါးယောက်ရှိတယ်။ ရောက်လာတဲ့ဘဝတွေမတူဘူး။ ဖြစ်လာတဲ့ပုံစံတွေမတူဘူး။ နေတဲ့ထိုင်တဲ့ ပုံမတူဘူး။ နောက်ဆုံးကျ တော့ သူတို့ရဲ့ ဘဝဇာတ်သိမ်း တွေ၊ ဖြစ်လာတဲ့ Result တွေက လည်း မတူဘူး။ အဲဒါကို အစ်ကို က ပြချင်တာပါ။ ဒီလောကထဲမှာ ကိုယ်စိုက်တဲ့အပင်ရဲ့အသီးကို ကိုယ်စားရတာပဲ။ ဒါလေးကို ကိုယ်ပြချင်တာပါ’’ဟု မင်းဦးက ပြော သည်။

ချူဆီကန်တော့ပွဲတွင် မင်း ဦး၏ ဖခင်နှင့် မိခင်တို့ ထူးထူးခြားခြားတက်ရောက်၍ ဝမ်းသာကြောင်း၊ အဆိုပါဇာတ်ကားကို အကောင်းဆုံးကြိုးစား ရိုက်ကူးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘ဘဝဆိုတာ အပြောင်းအ လဲ အချိုးအကွေ့တွေရှိတယ်။ ဒီ အတိုင်းသက်သက်ကြီးပဲ မသွား ဘူးလေ။ အစ်ကို ဒီအပြောင်းအ လဲကို လက်ခံလို့ ဒါကိုရိုက်ဖြစ် သွားတာပါ။ ဒီဒါရိုက်တာဖြစ်ချင် လို့ တွေးခဲ့တာတွေလည်း အများ ကြီးရှိပါတယ်။ ဒါပေမဲ့ အခုမှရိုက် ဖြစ်သွားတဲ့သဘောပါ’’ဟု မင်းဦး က ပြောသည်။

ဒါရိုက်တာလုပ်ရန် အားလုံး က တိုက်တွန်းကြသည်မှာ ကြာပြီ ဖြစ်သော်လည်း သရုပ်ဆောင်အ နေဖြင့်သာ ရိုက်ကူးရင်း ယခုမှ သာ စတင်ရိုက်ကူးဖြစ်ကြောင်း ၎င်းက ဆိုသည်။

ချူဆီဇာတ်ကား၌ မင်းသား ကျော်ထက်အောင်၊ မင်းသမီး မယ်လိုဒီ၊ အေးမြတ်သူ၊ အိချော ပို၊ မေနှင့် နန်းဆုဦးတို့ ပါဝင် သရုပ်ဆောင်မည်ဖြစ်သည်။

အဆိုပါကားကို စက်တင် ဘာ ၂၁ ရက်တွင် ရန်ကုန်မြို့၌ စတင်ရိုက်ကူးမည်ဖြစ်ပြီး ဖျော်ဖြေရေးနှင့် ပညာပေးနှစ်မျိုးစလုံးပါဝင်မည့် ဇာတ်ကားဖြစ်သည်။