လေပိုင်နက်ကို မြန်မာဘက်မှ သုံးကြိမ်ဝင်ရောက်ခဲ့ဟု ဘင်္ဂလားဒေ့ရှ်က ထပ်မံစွပ်စွဲ

 မြန်မာနိုင်ငံသည် မိမိတို့ ၏ လေပိုင်နက်ထဲသို့ အကြိမ် ကြိမ်ဝင်ရောက်ခဲ့သည်ဟု ဘင်္ဂ လားဒေ့ရှ်က စွပ်စွဲပြီး ရန်စသော လုပ်ရပ်မှန်သမျှသည် မလိုလား အပ်သောအကျိုးဆက်များ ဖြစ် ပေါ်လာနိုင်ကြောင်း သတိပေးခဲ့ ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

မြန်မာနိုင်ငံမှ မောင်းသူမဲ့ လေယာဉ်များနှင့် ရဟတ်ယာဉ် များသည် စက်တင်ဘာ ၁၀ ရက်၊  ၁၂ ရက်နှင့် ၁၄ ရက်တို့တွင် ဘင်္ဂ လားဒေ့ရှ်လေပိုင်နက်ထဲသို့ သုံး ကြိမ် ဖြတ်ကျော်ဝင်ရောက်ပြီး ဒါကာမြို့ရှိ မြန်မာသံရုံးထိပ်တန်းအရာရှိကို ခေါ်ယူသတိပေးခဲ့ ကြောင်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ဆို သည်။

ယင်းကဲ့သို့ ရန်စသော လုပ် ရပ်များအထပ်ထပ်ပြုလုပ်နေခြင်း အပေါ် ဘင်္ဂလားဒေ့ရှ်က များစွာ စိုးရိမ်ကြောင်း ဖော်ပြခဲ့ပြီး ယင်း ကဲ့သို့ အချုပ်အခြာအာဏာကို ချိုးဖောက်သောလုပ်ရပ်များ ထပ်မဖြစ်ပေါ်စေရေး မြန်မာအစိုးရကချက်ချင်းအရေးယူဆောင်ရွက် ရန် တောင်းဆိုကြောင်း ယင်းဝန် ကြီးဌာန၏ သောကြာနေ့ ထုတ် ပြန်သော ကြေညာချက်တစ်ရပ် တွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်က ယင်းကဲ့သို့ တိုင်ကြားထားသည်ဆိုသော ဖြစ် ရပ်နှင့် ပတ်သက်၍ သတင်းမရ သေးကြောင်း မြန်မာအစိုးရပြော ရေးဆိုခွင့်ရှိသူတစ်ဦးက ပြော ကြားသော်လည်း ယခင်က စွပ်စွဲမှုများကို မြန်မာက ငြင်းဆိုခဲ့သည်။

‘‘အခုအချိန်မှာ ကျွန်တော် တို့ နှစ်နိုင်ငံဟာ ဒုက္ခသည်ပြဿ  နာနဲ့ ရင်ဆိုင်နေရပါတယ်။ ကျွန် တော်တို့ဟာ နားလည်မှုကောင်း ကောင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်’’ဟု ပြောရေးဆိုခွင့်ရှိ သူ ဦးဇော်ဌေးက ရိုက်တာသတင်း ဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၇၊ ၂၈ နှင့် စက်တင်ဘာ ၁ ရက်တို့တွင် မြန်မာရဟတ်ယာဉ်များသည် ဘင်္ဂလားဒေ့ရှ် ဝေဟင်ပိုင်နက်ထဲ သို့ ကျော်လွန်ပျံသန်းခဲ့ခြင်းကြောင့် မြန်မာသံအမတ်ကြီးအား ခေါ်ယူအသိပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းစာများ၌ စက်တင်ဘာ ၁ ရက်က ဖော်ပြသော်လည်း မြန်မာအစိုးရနှင့် တပ်မတော်က ငြင်းဆိုခဲ့သည်။

ဩဂုတ် ၂၇ နှင့် ၂၈ ရက် တွင် MI 17 ရဟတ်ယာဉ်ဖြင့် မောင်တောခရိုင်ရှိ တောင်ပြို လက်ဝဲဘက်သို့ပတ်၍ အစာရေ စာပြတ်လပ်သူများအား ရိက္ခာပေးဝေခြင်း၊ ဒဏ်ရာရရှိသည့် အရေးပေါ်လူနာများကို ကူညီသယ် ဆောင်ပေးခြင်းများ ပြုလုပ်ခဲ့ ကြောင်း တပ်မတော်က အ ကြောင်းပြန်ကြောင်း သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဆိုသည်။ထို့အတူ စက်တင်ဘာ ၁ ရက်တွင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ဦးဆောင်သည့် ခရီးစဉ်၌ မြန်မာပိုင်နက်အတွင်းမှသာ မြေပြင် အခြေအနေကြည့်ရှုခြင်း၊ ရိက္ခာ ပံ့ပိုးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဆိုသည်။

ထို့အပြင် အသုံးပြုသည့် ရဟတ်ယာဉ်များသည် တိုက်ခိုက် ရေးယာဉ်မဟုတ်ကြောင်းနှင့် အ ရေးပေါ်ကူညီကယ်ဆယ်ရေး ရဟတ်ယာဉ်ဖြစ်ကြောင်း ဦးဇော် ဌေးက ရှင်းပြသည်။

ယခုတစ်ကြိမ် ဘင်္ဂလားဒေ့ရှ် ဘက်မှ ထပ်မံစွပ်စွဲမှုနှင့်ပတ်သက်၍ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်နှင့် တပ်မတော်သတင်းအမှန် ပြန်ကြားရေးပုဂ္ဂိုလ်တို့ထံ ကြိုးစားဆက်သွယ်သော်လည်း မရရှိခဲ့ပေ။        —Ref:Reuters

More in News Section