ဘင်္ဂါလီပြဿနာသည် ပြည်တွင်းရေးသာဖြစ်ပြီး နိုင်ငံတကာ ဝင်မစွက်ဖက်သင့်ဟု ရုရှားသတိပေး

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီးမာရီယာ ဇာခါရိုဗာ (ဓာတ်ပုံ − အီးပီအေ)

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ဘင်္ဂါလီအရေးကို ဖြေရှင်းရာ၌ နိုင်ငံတကာက ပါဝင် စွက်ဖက်ခြင်းမျိုးမရှိသင့်ကြောင်း ရုရှားအစိုးရက ပြောကြားသည်။

ဘင်္ဂါလီအကျပ်အတည်းသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်၍ မြန်မာအစိုးရကသာ အပြည့်အဝ ကိုင်တွယ်ဖြေရှင်းရန် အခွင့်အရေးရှိသင့် ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီးမာရီယာ ဇာခါရိုဗာက ဆိုသည်။

‘‘မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခ တွေ ဖြေရှင်းနိုင်ရေးကို ရုရှားက တတ်အားသရွေ့ ထောက်ခံနေပါတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ ပြည် တွင်းရေးကိစ္စတစ်ခုကို တခြားနိုင်ငံတွေက ဝင်စွက် ဖက်တာမျိုးမလုပ်ဖို့လည်း တောင်းဆိုပါတယ်’’ ဟု ဇာခါရိုဗာက ပြောကြားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် တပ်မတော်က နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ရာ ဘင်္ဂါလီမျိုးနွယ်စုအများအပြား ဘင်္ဂလားဒေ့ရှ်ဘက် သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ထိုကိစ္စနှင့်ပတ် သက်၍ မြန်မာအစိုးရအပေါ် ဖိအားပေးရန် နိုင်ငံတကာ၏ တောင်းဆိုမှုများထွက်ပေါ်လာသလို ဘင်္ဂါလီအရေးကို

ကုလသမဂ္ဂ လုံခြုံရေးညီလာခံ တွင် ထည့်သွင်းဆွေးနွေးရန် ဗြိတိန်နှင့် ဆွီဒင်တို့က အဆိုပြုခဲ့ သည်။

ဇာခါရိုဗာကမူ ရုရှားအနေ ဖြင့် ယခုပြဿနာသည် အချုပ် အခြာ အာဏာပိုင်နိုင်ငံတစ်ခု ရင် ဆိုင်နေရသည့် ပြည်တွင်းရေးအ ကျပ်အတည်းတစ်ခုအဖြစ် အပြည့်အဝ လက်ခံကြောင်း ဆို သည်။

‘‘အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ဝင်စွက်ဖက်တဲ့အခါ နောက်ဆက် တွဲ ရှုပ်ထွေးလွန်းတဲ့ ပဋိပက္ခတွေ ထပ်ဖြစ်အောင် လှုံ့ဆော်သလို ဖြစ်သွားတတ်ပါတယ်။ ဒါကို နား လည်ဖို့ သိပ်အရေးကြီးတယ်။ မြန်မာနိုင်ငံမှာ ကွဲပြားတဲ့ ယုံကြည် မှု အသိုက်အဝန်းတွေကြား ဘာသာရေး ခေါင်းဆောင်တွေအပါ အဝင် ဆွေးနွေးညှိနှိုင်းမှုတွေ ဖြစ်မြောက်လာဖို့ကိုတော့ ရုရှားက အလေးအနက် ကြိုဆိုထောက်ခံ ပါတယ်’’ဟု ဇာခါရိုဗာက ပြော ကြားသည်။

ဇာခါရိုဗာက မြန်မာအစိုးရ တာဝန်ရှိသူများသည် ရွှေ့ပြောင်းဘင်္ဂါလီများ အခြေတကျပြန်ဖြစ် ရေး တစ်ဆင့်ချင်းလုပ်ဆောင်နေ မှုကို ရုရှားက အသိအမှတ်ပြု ကြောင်းနှင့် လက်ရှိ ပြဿနာ၏  အလားအလာမှာ အကောင်း ဘက် ဦးတည်လာမည်ဟု မျှော် လင့်ယုံကြည်ကြောင်း ဆိုသည်။

‘‘မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်စွက်ဖက်လိုက်လို့က တော့ နောက်ဆုံးမှာ အသားတင်ကျန်ခဲ့မယ့်ရလဒ်က တစ်ခုပဲရှိ

တယ်။ လူ့အသိုက်အဝန်းတွေ ကြား အမြင်ကွဲပြားမှု၊ မယုံကြည်မှုတွေက အခုထက် ပိုနက်ရှိုင်း၊ပိုဆိုးရွားသွားမှာ သေချာတယ်’’ ဟု ၎င်းက သတိပေးပြောဆို သည်။

—Ref: Tass

More in News Section