သုခမြို့တော်ထဲရောက် လူသားတစ်ယောက်

Dominique Lapierre ရေးတဲ့ The City of Joy ကို စာရေးဆရာ ကြီးမြသန်းတင့်ဘာသာပြန်ခဲ့တဲ့သုခမြို့တော် ၀တ္ထုကို မြန်မာစာချစ်သူများ ဖတ်ဖူးကြမှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံကာလ ကတ္တားမြို့ကို အခြေခံထားတဲ့ ၀တ္ထုဖြစ်ပြီး အဓိက ဇာတ်ဆောင်ကတော့ လန်ချားဆွဲစားရတဲ့ ဟာရီစပါးဆို တဲ့ ဆင်းရဲသားဒုက္ခသည်ပဲ ဖြစ် ပါတယ်။ တီဘီနဲ့ အနာကြီးရော ဂါသည်တွေ၊ ဒုစရိုက်မှုတွေ၊ နိုင် လိုမင်းထက် ဗျူရိုကရေစီ ယန္တရား တွေနဲ့ ထုံမွမ်းနေတဲ့မြို့မှာ ဟာရီ စပါးလိုဆင်းရဲသားတွေရဲ့ သေအံ့ မူးမူးအချိန်မှာတောင် သေသူရဲ့ အရိုးကိုဝယ်ပြီး နိုင်ငံခြားတင်ပို့ ရောင်းချမယ့် ၀ယ်လက်တွေက သုခမြို့တော်မှာ အများအပြားပဲ ရှိနေပါတယ်။

ဒီလိုမသတီစရာ အပြည့်ရှိ တဲ့ မြို့အကြောင်းရေးထားတဲ့ ၀တ္ထုကို စာရေးသူငယ်စဉ်က တည်းက အကြိမ်ကြိမ်အခါခါ ဖတ်ခဲ့ဖူးပါတယ်။ ဒီလိုမြို့မျိုးမှာ လည်း နေချင်စိတ်၊ ကြုံချင်စိတ်မ ရှိပါဘူး။ ဒါပေမဲ့ လူ့ဘ၀ဆိုတာ ပျော်ရာမှာ မနေရတော်ရာမှာနေ ရဆိုတဲ့ ဆိုရိုးစကားရှိလေတော့ စာရေးသူဟာ သင့်တော်ရာဖြစ် တဲ့ မြို့တစ်မြို့မှာ နေထိုင်ဖို့ အ ကြောင်းဖန်လာပါတယ်။ စတင် နေထိုင်ခါစကတော့ ကိုယ့်အ လုပ်နဲ့ကိုယ်မို့ ပတ်ဝန်းကျင်ကို မေ့မေ့လျော့လျော့ နေမိတာလည်း ပါပါတယ်။ နှစ်ပေါင်းများ စွာကြာလာတဲ့အခါမှာတော့ စာ ရေးသူဟာ သုခမြို့တော်ထဲရောက်နေသလို ခံစားနေမိပါတော့တယ်။

သုခမြို့တော်ဟာ မြစ်တစ် စင်းရဲ့ အနောက်ဘက်ကမ်းမှာ တည်ရှိပါတယ်။ ဒီမြို့ကိုစတင် တည်ထောင်စဉ်က ကျူးကျော် တွေကို နေရာချထားပေးဖို့ စီစဉ် ခဲ့တာ ဖြစ်ပါတယ်။ ယခုအခါမှာ တော့ နောက်ထပ်ကျူးကျော်သူ တွေကို နေရာချထားပေးဖို့ အ ခက်အခဲရှိနေတဲ့ မြို့တော်ဖြစ် နေပါပြီ။

သုခမြို့တော်ရဲ့ လူစည်ကားရာလမ်းမတိုင်းမှာ ဈေးဆိုင်ခန်း တွေနဲ့ ပြည့်သိပ်လျက်ရှိပါတယ်။ ဈေးဆိုင်တွေဟာ လမ်းပခုံးသား ပေါ်အထိ တက်ရောင်းနေကြတဲ့ အတွက် လူတွေဟာလမ်းပေါ်မှာ ကားတွေနဲ့အတူ တိုးဝှေ့နေကြ လေ့ရှိပါတယ်။ ဝေါခနဲဖြတ်သွား တဲ့ ဆိုင်ကယ်တစ်စီးက လမ်းသွား ရင်းဖုန်းပြောနေတဲ့ မိန်းကလေး တစ်ဦးရဲ့ လည်ပင်းကဆွဲကြိုးကို ဆွဲပြေးသွားပါတယ်။ မိန်းကလေး က အလန့်တကြားအော်ဟစ်ကာ အကူအညီတောင်းပေမယ့် လု ယက်သူကို ဖမ်းမိဖို့အချိန်မရ လိုက်ကြပါဘူး။

ဒါဟာ ထူးဆန်းတဲ့အဖြစ်အ ပျက် မဟုတ်ဘူးဆိုတာ သုခမြို့  တော်သားတွေ သိကြပါတယ်။ ညဘက်လူစည်ကားတဲ့ ကားမှတ် တိုင်အချို့မှာ ဆိုင်ကယ်ကယ်ရီ ဆွဲစားတဲ့သူတွေကို တွေ့ရပါ လိမ့်မယ်။ တချို့က ဟာရီစပါးလို ကောင်းရောင်း ကောင်းဝယ်လန် ချားဆွဲစားသူမျိုးဖြစ်ပေမယ့် တချို့ကတော့ ‘‘ဘာအလိုရှိပါသလဲ’’ဆိုတဲ့စကားနဲ့ ညဥ့်ငှက်တွေဆီရောက်အောင် သွေးဆောင်ကြ ပါလိမ့်မယ်။ သူတို့ထဲကတချို့ဟာ သည်အလုပ်နဲ့အသက်မွေးမြူရင်း ဆွဲကြိုးဖြတ်ဖို့၊ တယ်လီဖုန်းလုပြေးဖို့ အမြဲကြံစည်နေကြပါတယ်။

သုခမြို့တော်သား ဒုစရိုက် သမားတွေကိုတော့ လျှော့မတွက် လိုက်ပါနဲ့။ အသက်(၁၆)နှစ်၊ (၁၇) နှစ်အရွယ်ကအစ ဓားအမြဲ တမ်းဆောင်ထားလေ့ ရှိပါတယ်။ ဒါပေမဲ့ သူတို့ဟာ ယခင်ကလို မိုက်ရူးရဲဆန်တဲ့ လူသတ်မှုတွေကို အဓိပ္ပာယ်မဲ့စွာ ကျူးလွန်ဖို့မစဉ်း စားကြတော့ပါဘူး။ ကျူးကျော် ရပ်ကွက်နေသူတွေဆီက လိုင်း ကြေးတောင်းခံကာ ကျူးကျော် သူနဲ့ ဒုစရိုက်သမားတွေကို အာ ဏာပိုင်တွေက ၀င်ရောက်ဖမ်း ဆီးလို့ မရအောင်အကာအကွယ် ပေးထားပါတယ်။ မြေယာနဲ့ အိမ် ခြံမြေရောင်းဝယ်ပေါင်နှံမှု အရှုပ် အရှင်းများကိုလည်း ၎င်းတို့က အခကြေးငွေယူကာ ဖြေရှင်းပေး နေပါတယ်။ ယခုနောက်ပိုင်းမှာ အရက်ဆိုင်၊ စားသောက်ဆိုင်နဲ့ ကေတီဗီခန်းတွေကအစ ဂိုဏ်း စတားတွေကို လစဉ်ကြေးပေးပြီး သူတို့ဆိုင်တွေရဲ့ လုံခြုံရေးကို ရယူနေကြပြီ ဖြစ်ပါတယ်။ ဆိုင် ရှင်အများစုကလည်း ဆိုင်မှာပြ ဿနာတစ်စုံတစ်ရာဖြစ်ခဲ့ရင် ပုလိပ်ကိုခေါ်ကာ ဖြေရှင်းရတာ ထက် ဂိုဏ်းစတားတွေကိုခေါ်ယူ ဖြေရှင်းရတာက ပိုလွယ်ကြောင်း သိနားလည်လာကြပြီ ဖြစ်ပါ တယ်။ ဂိုဏ်းစတားဆိုတဲ့အမည် ကို ဘယ်သူကစတင် မှည့်ခေါ်ခဲ့ မှန်းမသိပေမယ့် ယခုအချိန်မှာ တော့ သုခမြို့တော်သားတွေ ပါး စပ်ဖျားမှာ ဒီနာမည်စွဲကာနေပြီ ဖြစ်ပါတယ်။ သူတို့ဟာ လူတစ်ယောက်ကိုသတ်ဖို့ထက် သေ လောက်အောင် ကြောက်ဖို့သာ ရည်ရွယ်ပါတယ်။ တစ်ချက်ချုပ်အောင် ရိုက်ရင်ဘယ်လောက် ဆိုတဲ့ ရိုက်ကြေးတွေကလည်း ကိုယ်ခန္ဓာနေရာပေါ်မှာ မူတည် ပြီး အမျိုးမျိုးရှိပါတယ်။ လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ ရပ်ကွက် လူကြီးတစ်ယောက်ကို ဂိုဏ်းစ တားအဖွဲ့ဝင်တစ်ဦးက ‘‘အဖေ ကြီး’’လို့ လှမ်းခေါ်နှုတ်ဆက်သွား ပါတယ်။ သုခမြို့တော်က ပုလိပ် တွေဟာ ဒုစရိုက်သမားတွေကို ဖမ်းပြီးရုံးတင်ပေမယ့် ရုံးမှာပဲ လွတ်လွတ်သွားကြတယ်လို့ ညည်းညူနေကြပါပြီ။

သုခမြို့တော်က လမ်းကြား လေးတစ်ခုမှာ ဆေးခန်းလာဖွင့် တဲ့ ဆရာဝန်လေးတစ်ဦးကတော့ သူ့နှလုံးသားကို ဒီထက်လှအောင် ထားရမယ်လို့ အကြိမ်ကြိမ်သတိ ပေးနေဟန်ရှိပါတယ်။ သုံးလသားကလေးတစ်ယောက် သွေးလွန် တုပ်ကွေးဖြစ်နေတာကို သူ့မိခင် က ဆေးခန်းပြဖို့ ပိုက်ဆံမရှိတဲ့ အတွက် သောက်ဆေးလာ တောင်းတာမျိုး သူအကြိမ်ကြိမ် ကြုံနေရပါတယ်။ သတိလစ်ပြီး အသက်မရှူနိုင်တော့တဲ့ ကလေး ကို ဆေးရုံပြဖို့ ပြောပေမယ့် ကြက်သေသေကာ ငေးငိုင်နေတဲ့ မိခင် မျိုးကိုလည်း မကြာခဏတွေ့ဖူးပါ သတဲ့။ တစ်လောက ကလေးမိခင် တစ်ဦးဟာ အရိုးကျီးပေါင်းတက် တဲ့ ရောဂါကို ဗိန္ဒောဆရာထံ သွား ပြပြီး ထိုဆရာကနားထင်ကို ဆေးထိုးပေးလိုက်တာ သုံးရက်အ ကြာမှာ ကွယ်လွန်သွားခဲ့ပါတယ်။ လူနာတွေဟာ တစ်လတစ်ကြိမ် သာ ဖွင့်နိုင်တဲ့ကုသိုလ်ဖြစ် ဆေး ခန်းတွေမှာ တန်းစီနေကြပြီဖြစ်ပါ တယ်။

ကြေကွဲဖွယ်ရာနဲ့ မသတီစ ရာ လူ့အဖွဲ့အစည်းဟာ သုခမြို့ တော်မှာ ယဉ်ကျေးမှုတစ်ခုသဖွယ် ဖြစ်နေတာကြာခဲ့ပြီ ဖြစ်ပါတယ်။  ဒီလောက ဒီနယ်ပယ်ကို မဟာသ ရေစည်သူအိုင်စီအက်စ် ဦးချမ်း သာက သဘာဝနယ်(State of Nature) လို့ အဓိပ္ပာယ်ဖွင့်ပါ တယ်။ လောဘ၊ ဒေါသ၊ မောဟ စသည့် တရားများအတားအဆီး ကင်းမဲ့စွာ သောင်းကျန်းနေကြ သော ကြီးနိုင်ငယ်ညှဉ်းဆိုသည့် (Survival of the Fittest) နိုင်ရာ စားလောကပင် ဖြစ်သည်လို့ သူ ကဆိုပါတယ်။ ယင်းနိုင်ရာ စား လောကတွင် သဘာဝလွတ်လပ် မှုမှ တစ်ပါးစည်းကမ်းဟူ၍ မရှိ။ အုပ်ချုပ်မှုဟူ၍ မရှိ။ အစိုးရဟူ၍ လည်း မရှိ။ တရားမဲ့သောလော က၊ တိရစ္ဆာန်လောက၊ အမြဲ တမ်းကျီးလန့်စာစားနေထိုင်ရ သော လောကသာဖြစ်၏ဟု အ နှစ်ချုပ်ဖွင့်ဆိုခဲ့ပါတယ်။

သူကဆက်လက်ပြီး သဘာ ၀နယ်ကို ယဉ်ကျေးသော လူ့ လောက(Civil State) ဖြစ်ဖို့အ တွက် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တူညီခြင်း တရားများအနည်း နှင့် အများရှိကြရမည့် အပြင် သဘာဝလောကအတွင်း သောင်း ကျန်းတတ်သော လောဘ၊ ဒေါသ၊ မောဟများ ထင်တိုင်း မသောင်းကျန်းနိုင်စေခြင်းငှာ တား

ဆီးခြင်း၊ ဟန့်တားခြင်းတို့အတွက် အစိုးရကိုတည်ဆောက်၍ အုပ် ချုပ်စေခြင်းဖြင့် ယဉ်ကျေးသော လူ့လောကကို ဖြစ်စေ၏လို့ ဆို ခဲ့ပါတယ်။

သုခမြို့တော်ဝတ္ထုရဲ့ ဇာတ် သိမ်းခန်းဟာ ကာလကတ္တားမြို့ ကြီးမုန်တိုင်းအောက်မှာ ကြံ့ကြံ့ ခံရင်းနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ သုခမြို့တော်ထဲကို အမှတ်မထင် ရောက်ရှိနေတဲ့ စာရေးသူဟာ လည်း မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ ခံပြီးသုခမြို့တော်ထဲက မြို့သူ မြို့ သားတွေနဲ့အတူ ရုန်းထွက်ချင်နေ တာကြာပြီ ဖြစ်ပါတယ်။ လွတ် လပ်ခြင်း၊ တူညီမျှခြင်းနှင့် တရား မျှတခြင်း (Liberty, Equality and Justice) တည်းဟူသော သဘောတရားများ ထွန်းကားပါ စေ။ လောဘ၊ ဒေါသ၊ မောဟများ ထင်တိုင်း မသောင်းကျန်းနိုင် အောင် ဟန့်တားနိုင်ကြပါစေလို့ ဆန္ဒပြုရင်းသာ... ။   ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)