မျိုးဆက်သစ်အနုပညာရှင်တွေကို ပရိသတ်အားပေးခဲ့တဲ့ ဂီတကုသိုလ်ပွဲတော်

 မလွန်ဆန်နိုင်သော သဘာဝအမှန်တရား ရန်ပုံငွေ ဂီတကုသိုလ်ပွဲတော် ဖျော်ဖြေပွဲ တွင် ပါဝင်သည့် မျိုးဆက်သစ် အနုပညာရှင်များကို ပရိသတ်များ က လှိုက်လှဲစွာ အားပေးခဲ့သည်။

အဆိုပါ ဖျော်ဖြေပွဲကို စက် တင်ဘာ ၁၆ ရက်ညက ရန်ကုန် မြို့ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ် ပြီး နာမည်ကြီးအနုပညာရှင်များ အပါအဝင် မျိုးဆက်သစ်အဆိုရှင် များ ပါဝင်ဖျော်ဖြေခဲ့သည်။

ဖျော်ဖြေပွဲတွင် အနုပညာ ရှင်အများစုက မိဘမေတ္တာဘွဲ့ သီချင်းများ၊ မေတ္တာတရားနှင့် ပတ်သက်သည့် သီချင်းများ အပါအ၀င် အပိုင်းနှစ်ပိုင်းခွဲ၍ ဖျော်ဖြေပေးခဲ့သည်။

လူမှုကွန်ရက်စာမျက်နှာ တွင် ကိုယ်တိုင်ဂစ်တာတီး၍ သီချင်းများ သီဆိုသည့် ဗီဒီယိုဖိုင် များ  တင်ရာမှ   နာမည်ကြီးခဲ့ သည့် မြင်းခြံမြို့နေ ဥက္ကာဦးတို့ ညီအစ်ကိုနှစ်ဦးလည်း ဖျော်ဖြေမှု အစီအစဉ်တွင် ပါဝင်ရာ ပရိသတ် အားပေးမှု အများအပြားရရှိခဲ့ သည်။

ဥက္ကာဦးက အဆိုတော် ဇော် ဝင်းထွဋ်၏ ‘ပဲရစ်မြို့ကို ပြန်ယူ သွား’သီချင်းကို ဂစ်တာကို ကိုယ် တိုင်တီး၍ သီဆိုပြီး ညီလရောင်သစ်က ဒရမ်တီးခတ် ဖျော်ဖြေခဲ့ သည်။

ထို့အပြင် မျိုးဆက်သစ်လူ ငယ်အဖွဲ့ Future Music ChildBand ၏ ဖျော်ဖြေမှုအစီအစဉ်တွင် ၎င်းတို့၏ ကိုယ်ပိုင်သီချင်းတစ်ပုဒ် နှင့် 'We Are The World' သီချင်းသီဆိုမှုကို ပရိသတ်များ အားပေးခဲ့သည်။

အဆိုပါ ဖျော်ဖြေပွဲကို ဒုတိယအကြိမ်ပြုလုပ်ပြီး အဆိုတော် ၃၀ ကျော်ပါဝင်သီဆိုကာ  အနုပညာရှင်များက အနုပညာကြေးမယူဘဲ ကုသိုလ်ဖြစ် ပါဝင်ကူညီခဲ့သည်။

ဖျော်ဖြေပွဲ ပထမပိုင်းအပြီး တွင် အနုပညာရှင်များက ပရိ သတ်များထဲ လိုက်လံအလှူခံပြီး ဝင်ပေါက်အနီးတွင် အလှူခံခဲ့ရာ လက်မှတ်ရောင်းရငွေမပါဝင် ဘဲ ပွဲနေ့တွင် လှူဒါန်းငွေ သိန်း ၁၀၀ ကျော်ရရှိကြောင်း အစီအစဉ်တင်ဆက်သူက ကြေညာသည်။

အဆိုပါဖျော်ဖြေပွဲကို သန် လျင်သဘာဝတရားရိပ်သာရှိ အဘိုးအဘွားများနှင့် ခိုကိုးရာမဲ့ လူနာများအတွက် ရန်ပုံငွေရရှိရန် ပြုလုပ်ပြီး သိန်းဝင်း၊ သန်းမြတ်စိုး၊ဇော်ဝင်းရှိန်၊ ရင်ဂို၊ မာရဇ္ဇ၊ တူးတူး၊ဂျေမောင်မောင်၊ ဂရေဟမ်၊ စည်သူလွင်၊ ဂျီလတ်၊ သအို၊ ကြက်ဖ၊ စိုင်းအောင်ထီးခမ်း  အပါအဝင် အဆိုတော်များစွာ ပါဝင်သီဆိုခဲ့ သည်။