ပင်နယ်တီကန်သွင်းမှုတာဝန်ကို သတ်မှတ်ရမည်ဟု ပီအက်စ်ဂျီနည်းပြပြောကြား

ပင်နယ်တီကန်သွင်းသည့် တာဝန်ယူခြင်းနှင့်ပတ်သက်၍ နေမာနှင့် ကာဗာနီအနေဖြင့် မတူ ခြားနားမှုများကို မခွဲခြားနိုင်လျှင် ၎င်းအနေဖြင့် သတ်မှတ်ပေးရလိမ့် မည်ဟု ပီအက်စ်ဂျီနည်းပြ အမ်မ ရီက ပြောသည်။


လိုင်ယွန်ကို ၂-၀ ဂိုးဖြင့် အ နိုင်ရသောပွဲတွင် ပင်နယ်တီကန် သွင်းသည့် တာဝန်နှင့်ပတ်သက်၍ အဆိုပါ ပီအက်စ်ဂျီတိုက်စစ်မှူး နှစ်ဦးကြား အချင်းများမလိုဖြစ်ခဲ့ ပြီး ယင်းပင်နယ်တီကို ကာဗာနီ ကန်သွင်းရာ ဂိုးသမားလိုပက်စ် ကာကွယ်နိုင်ခဲ့သည်။

‘‘အချင်းချင်းကြား ဘယ်သူ က ဘယ်တာဝန်ယူမယ်ဆိုတာ ခွဲ ခြားဖို့ သူတို့ကို ပြောခဲ့ပါတယ်။ နှစ်ဦးစလုံးက ပင်နယ်တီကန် သွင်းနိုင်စွမ်းရှိသူတွေပါ။ နှစ်ဦး ကြား သဘောတူညီမှုမရဘူးဆို ရင် သူတို့အတွက် ကျွန်တော် ဆုံး ဖြတ်ပေးရလိမ့်မယ်။ ပင်နယ်တီ ကန်တဲ့တာဝန်နဲ့ပတ်သက်ပြီး ကျွန်တော်တို့အတွက် ပြဿနာ ဖြစ်လာမှာ မလိုချင်ဘူး’’ဟု အမ်မ ရီက ပြောသည်။

ယခုနိုင်ပွဲကြောင့် ပီအက်စ် ဂျီသည် ခြောက်ပွဲကစား ရာနှုန်း ပြည့်အနိုင်ဖြင့် ပြင်သစ်လီဂူးဝမ်း အမှတ်ပေးဇယားကို ဦးဆောင်နေ ပြီး လက်ရှိချန်ပီယံ မိုနာကိုကို သုံးမှတ်ဖြတ်ထားသည်။ လိုင်ယွန်က ၁၁ မှတ်ဖြင့် အဆင့် (၅) တွင်ရှိနေသည်။

ထိုအတောအတွင်း စီးရီး အေတွင် ဂျူဗင်တပ်နှင့် နာပိုလီ တို့ နိုင်ပွဲကိုယ်စီရရှိပြီး ဒိုင်ဘာလာနှင့် ဒရစ်မာတင်တို့ ဟက်ထရစ်ကိုယ်စီရခဲ့သည်။

ဆတ်ဆူလိုကို ၃-၁ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ဂျူဗင်တပ်အ တွက် ရာပြည့်ပွဲ ၀င်ကစားခဲ့သော အာဂျင်တီးနားလက်ရွေးစင် ဒိုင် ဘာလာသည် ယခုနှစ်ရာသီ ဒုတိယမြောက်ဟက်ထရစ်ရခဲ့ ခြင်းဖြစ်သည်။

‘‘ကျွန်တော့်ကို မက်ဆီနဲ့ နှိုင်း နေတာတွေရပ်ပါတော့၊ ကျွန် တော်က ဒိုင်ဘာလာပါ။ မက်ဆီနဲ့ နှိုင်းနေတာကို မကြိုက်လို့မဟုတ် ပါဘူး။ ဒါပေမဲ့ မက်ဆီက ကမ္ဘာ့ အကောင်းဆုံးဘောလုံးသမားဆု ကို ငါးကြိမ်ရထားသူပါ’’ဟု ဒိုင် ဘာလာက ပြောသည်။

ဒိုင်ဘာလာသည် ယခုအခါ စီးရီးအေအဖွင့်ပွဲ လေးပွဲတွင် ဂျူဗင်တပ်အတွက် ရှစ်ဂိုးသွင်းထားသည်။

ပင်နယ်တီ နှစ်လုံးအပါအ၀င် ဒရစ်မာတင်၏ ဟက်ထရစ်ဖြင့် နာပိုလီက ဘီနီဗန်တိုကို ခြောက်ဂိုးပြတ်အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်အရှုံးမှ ပြန်နာလန်ထလာသည်။

‘‘ဘောလုံးရာသီက ရှည်လျားပါတယ်။ ဂျူဗင်တပ်နဲ့ အင်တာမီလန်တို့လည်း ကောင်းကောင်းခြေစွမ်းပြနေပြီး ဘာဖြစ်မယ်ဆိုတာ ကြည့်ကြတာပေါ့’’ဟု မာတင်က ပြော သည်။

အေစီမီလန်က အူဒီးနီးစ်ကို  ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ သလို ရိုးမားကလည်း ဗီရိုနာကို သုံးဂိုးပြတ်အနိုင်ရခဲ့သည်။

-Ref:bbc/ap