မန်ယူကစားသမားများ ဂိုးများများ သွင်းယူနေကြ၍ မော်ရင်ဟို ၀မ်းမြောက်

ပရီးမီးယားလိဂ်အ သင်းများသည် ခံစစ်ကို အသား ပေး၍ ပိုမိုကစားလာကြောင်းနှင့် ယခုနှစ်ရာသီတွင် အသင်းအနေ ဖြင့် ဂိုးများစိတ်ကြိုက်သွင်းယူနိုင် ၍ ၀မ်းမြောက်ကြောင်း မန်ယူနည်းပြမော်ရင်ဟိုကပြောသည်။


ယခုနှစ်ရာသီတွင် မန်ယူနိုင်ပွဲများရရှိရန် ဆာလောင်မှုနှင့် ကစားပုံသိသာခြား နားစွာပြောင်းလဲလာ၍ မော်ရင်ဟိုက ကျေနပ်နေသည်။

‘‘ပရီးမီးယားလိဂ်က ခံစစ် အသားပေးပိုကစားလာတယ်လို့ ကျွန်တော်ထင်ပါတယ်။ အသင်း တွေဟာ နောက်တန်းမှာ ငါး ယောက်နဲ့ အလယ်တန်းမှာ နှစ် ယောက်၊ ဒါမှမဟုတ် သုံးယောက် ထားပြီး ကစားဖို့ စမ်းသပ်လာပါ တယ်’’ဟု မော်ရင်ဟိုက ပြော သည်။

လိဂ်ပွဲငါးပွဲ ကစားပြီးချိန် တွင် မန်ယူသည် ၁၆ ဂိုးသွင်းယူ ထားပြီး နှစ်ဂိုးသာ ပြန်လည်ခွင့်ပြု ခဲ့ရသည်။

မန်ယူသည် စက်တင်ဘာ ၂၀ ရက်တွင် လိဂ်ဖလားတတိယ အဆင့်အဖြစ် ဘာတွန်အယ်လ်ဘီ ယွန်နှင့် ကစားရမည်ဖြစ်၍ လက်ရှိအချိန်၌ ယင်းပွဲအတွက် အာရုံစိုက်ရမည်ဟု မော်ရင်ဟိုက ပြော သည်။

ထိုအတောအတွင်း စပိန် လာလီဂါတွင် ရီးရဲလ်မက်ဒရစ်က ရီးရဲလ်ဆိုစီဒက်ကို ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး လိဂ်ပွဲ နှစ်ပွဲဆက် သရေကျမှုကို ချိုးဖျက်နိုင်ခဲ့ပြီး ရီးရဲလ်ဆိုစီဒက်သည် ယခုနှစ်ရာသီတွင် ပထမဆုံးရှုံးပွဲ ကြုံတွေ့ ခြင်းဖြစ်သည်။

သရေကျသည့် ပွဲစဉ်များ တွင် ဂိုးမသွင်းနိုင်သဖြင့် ဝေဖန်ခံ နေရသော ဂါရတ်ဘေးလ်က ယခုပွဲ၌ တတိယမြောက်ဂိုးကို ၎င်း၏ ပုံစံအတိုင်း ပြေးအားကောင်းကောင်းဖြင့် သွင်းယူခဲ့သည်။

‘‘ဒီဂိုးက တကယ့်ဂိုးတစ်ဂိုး ပါ။ ဒါပေမဲ့အရေးအကြီးဆုံးက လမ်းကြောင်းမှန်ပေါ် အသင်းပြန် ရောက်ဖို့ပါပဲ’’ဟု ဘေးလ်က ပြော သည်။

‘‘ဘေးလ်အတွက် ပျော်မိပါ တယ်။ သူ့ကို ကျွန်တော်တို့ စိတ် ရှည်ဖို့ လိုအပ်ပါတယ်’’ဟု ရီးရဲလ် မက်ဒရစ်နည်းပြ ဇီဒန်းက ပြော သည်။

လာလီဂါတွင် လေးပွဲကစား ပြီးအချိန်အထိ အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ဘာစီလိုနာက ၁၂ မှတ်ဖြင့် သိမ်းပိုက်ထားပြီး ဒုတိယနေရာရှိ ဆီဗီလာကို နှစ် မှတ်ဖြတ်ထားသည်။ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်သည် ရမှတ်ရှစ်မှတ်ဖြင့် အဆင့် (၄) တွင် ရပ်တည်နေသည်။

-Ref:Reuters/ap