ထားဝယ်တွင်ပြုလုပ်သော ရခိုင်အရေးဆန္ဒဖော်ထုတ်ပွဲ၌ လူနှစ်ရာကျော်သာပါဝင်ဟုဆို

စက်တင်ဘာ ၁၇ရက်က ပြုလုပ်ခဲ့သည့် ထားဝယ်ဆန္ဒဖော်ထုတ်ပွဲသို့ တက်ရောက်လာသူများ (ဓာတ်ပုံ − Wai Phyo FB)

ထားဝယ်မြို့၌ ရခိုင်အ ခြေအနေနှင့်ပတ်သက်သော ဆန္ဒ ထုတ်ဖော်ပွဲကို လူဦးရေသုံး ထောင်ခန့်ဖြင့် ပြုလုပ်ရန် အမျိုး သားရေးလှုပ်ရှားသူဟုဆိုသူအ ချို့နှင့် ယခင် မဘသဦးဆောင် ဆရာတော်များဖြင့် ဖွဲ့စည်းထား သောပွဲဖြစ်မြောက်ရေးကော်မတီ က စီစဉ်ခဲ့သော်လည်း လူဦးရေ ၂၀၀ ကျော်သာ ပါဝင်ကြောင်း ဆန္ဒဖော်ထုတ်ပွဲကို မျက်မြင်တွေ့ ရှိသော ဒေသခံများက ပြောသည်။ယင်းဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ခဲ့သူအများစုသည် ထားဝယ် ဒေသခံများမဟုတ်ကြောင်း ၎င်းတို့က ဆိုသည်။ 

စက်တင်ဘာ ၁၇ ရက်တွင် ဘုန်းကြီးပျံကုန်းမှ တိုင်းလွှတ် တော်ရုံးအနီးရှိ ဟစ်တိုင်ကွင်းအ ထိ စီတန်းလမ်းလျှောက်၍ ရခိုင် ပြည်နယ်တွင် ဖြစ်ပေါ်နေသော အစွန်းရောက်ခိုးဝင်ဘင်္ဂါလီများ ၏အကြမ်းဖက်တိုက်ခိုက်မှုအ ပေါ် ကန့်ကွက်ရှုတ်ချခြင်းနှင့်ဒေ သတွင်းတည်ငြိမ်အေးချမ်းမှု အ မြန်ဆုံးရရှိရေး ပြည်သူ့ဆန္ဒထုတ် ဖော်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

ဆန္ဒထုတ်ဖော်ပွဲတွင် ပိုစတာများ ကိုင်ဆောင်ကာ ‘အစွန်းရောက် အကြမ်းဖက်ခိုးဝင်ဘင်္ဂါလီများအလိုမရှိ’၊ ‘၁၉၈၂ နိုင်ငံသားဥပဒေတည်တံ့ရေး တို့အရေး’၊ ‘တပ်နှင့်ပြည်သူလက်တွဲကူ အကြမ်းဖက်မှုမှန်သမျှချေမှုန်းကြ’ စသောကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါဆန္ဒထုတ်ဖော်ပွဲ တွင် သံဃာတော်အပါး ၂၀ ခန့် နှင့်ထားဝယ်မြို့ပေါ်ရှိ လူအချို့ သာပါဝင်ပြီး နယ်ဘက်ကျေးရွာများမှ ရွာသားများအပါအဝင် ဒေ သခံမဟုတ်သူများနှင့် အသက် (၁၈)နှစ်အောက် ကလေးများသာ ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ခဲ့ ကြောင်း ထားဝယ်မြို့ခံများက ပြောသည်။ 

‘‘ထားဝယ်က သူတွေအား လုံးအသိတရားရှိတယ်။ ဒီလိုဆန္ဒ ပြပွဲမျိုးကို အားမပေးဘူး၊ လုံးဝ လက်မခံဘူးဆိုတာ ဒီပွဲက သက် သေပြလိုက်တာပဲ’’ဟု ထားဝယ် မြို့ခံ ကိုဝေဖြိုးက မှတ်ချက်ပြု ပြောကြားသည်။ 

အစဉ်အလာအားဖြင့် ဘာ သာပေါင်းစုံငြိမ်းချမ်းမျှတစွာနေ ထိုင်လာသော ထားဝယ်ဒေသ အား မတည်မငြိမ်ဖြစ်စေနိုင်သော အမုန်းတရားများဟောပြောမည် ကို လုံးဝလက်မခံဘဲ ယခုဟော ပြောပွဲတွင်ပါဝင်သူများသည် မည် ကဲ့သို့ ပုဂ္ဂိုလ်များ ပါဝင်မည်ဆို  သည်နှင့် ဟောပြောမည့်အ ကြောင်းအရာများကို ထားဝယ် ဒေသခံများက သိထားပြီးသား ဖြစ်သည်ဟု ၎င်းက ပြောသည်။ 

အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒထုတ်ဖော်ပွဲတွင် ခန့်မှန်းသ လောက် ပါဝင်နိုင်ခဲ့ခြင်းမရှိသော် လည်း အောင်မြင်သည်ဟု ဆန္ဒ ထုတ်ဖော်ပွဲတွင် ဦးဆောင်ပါဝင် သူတိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တနင်္သာရီတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။ 

‘‘မိုးအရမ်းသည်းတယ်။ ကျွန်တော်တို့ အစက ရည်ရွယ်တာက သုံးထောင်လောက်ပဲ ရည်ရွယ် တာပါ။ မိုးမရွာလို့ ရှိရင် ဝိုင်းလာ ကြည့်တဲ့ပရိသတ်တွေနဲ့ဆိုရင် ငါး ထောင်၊ တစ်သောင်းလောက်ဖြစ် သွားနိုင်တယ်’’ဟု ၎င်းက ပြော သည်။ 

ရခိုင်အရေးနှင့်ပတ်သက် သော ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ရန် ပွဲဖြစ်မြောက်ရေးကော်မတီက ထားဝယ်မြို့မရဲစခန်းသို့ စက်တင် ဘာ ၁၃ ရက်က လာလျှောက်ထားရာ မြို့နယ်ရဲတပ်ဖွဲ့က ဘာသာ ရေး၊ လူမျိုးရေးကို ထိခိုက်စေ သောဟောပြောမှုများ၊ ဆိုင်းဘုတ်များနှင့် ကြွေးကြော်သံများမပြုရန်  တားမြစ်၍ ငြိမ်းစုစီဥပဒေအရ စက်တင်ဘာ ၁၄ ရက်တွင် ခွင့်ပြု ခြင်းဖြစ်သည်။ 

More in News Section